အိပ်မက်ထဲတောင်မှ မမက်အားဘူး

in MSC4 years ago (edited)

image

ကျွန်တော်တို့ ဝန်ထမ်းများအတွက် အစိုးရမှ
လုပ်သက်ဆုငွေနှင့် ကားပါမစ်များ လျှောက်
ယူခွင့်ကို စာဖြင့်အကြောင်းကြားခဲ့ပါသည်။
ထိုလုပ်သက်ဆုငွေနှင့် ကားပါမစ်ရရှိသူမှာ
လုပ်သက် 25နှစ်ကျော်ရမည်ဖြစ်သည်။
အဲ နောက်ပြီ ပြည့်သူ့ဝန်ထမ်းကောင်းလက်မှတ်
လည်း ရရှိထားသူဖြစ်ရမည်။

လုပ်သက်ဆုငွေ 1သိန်းငါးသောင်းကျပ်ကို
ဝန်ထမ်းအနည်းငယ်ရရှိကြသည်။ ကားပါမစ်ကိုလည်း ပြည့်သူ့ဝန်ထမ်းကောင်းလက်မှတ် တင်ပြနိုင်
သူသာ ရရှိမည်ဖြစ်သည်။ ထို့အပြင် ဝန်ထမ်း၏
Service Book တွင်လည်း မှင်နီရေးသားထားခြင်း
လုံးဝမရှိရပေ။ အပြစ်ပေးအရေးယူခြင်းများကို
မှင်နီဖြင့် ရေးသားထားခြင်းဖြစ်သည်။

FB_IMG_1573365763302.jpg

ကျွန်တော်တို့ဌာနမှ လမ်းဗိုလ်ကြီး၊ လမ်းဗိုလ်လေး
များ အားလုံးနီပါးသည် မှင်နီရေးသားခံထားရသူများ
ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရထားလမ်းပိုင်း
မတော်တဆဖြစ်သည့်အခါ အပြစ်ပေးအရေးယူ
ခံထားရခြင်းကြောင့်ဖြစ်သည်။ ရထားလမ်းပိုင်းများတွင် တစ်လအတွင်း အနည်းဆုံး သုံးလေးငါးကြိမ်
ရထားကျတတ်သည်။ ရထားလမ်းချော်တတ်သည်။

ရထားလမ်းကျခြင်း၊ လမ်းချော်ခြင်းများတွင်
ကုန်ရထား၊ ကျောက်ရထားများ အများဆုံးဖြစ်သည်။လူစီးရထားတွဲများမှာမူ ရံဖန်ရံခါမှသာ လမ်းချော်
တတ်သည်။ ရထားတွဲ‌ချော်သည့်အခါ အများအားဖြင့်
ကျွန်တော်တို့ မြို့ပြအင်ဂျင်နီယာဌာနမှ တာဝန်
ယူရသည်က များသည်။ သို့ပါ၍ တာဝန်ကျသည့်
လမ်းဗိုလ်သည် လစာတရစ် 3လ၊ 6လမှ 1နှစ်
အထိ အပြစ်ပေးအရေးယူခြင်းခံရသည်။

FB_IMG_1582276951536.jpg

တစ်ခါတစ်ရံ ရထားများဆက်တိုက် တွဲချော်ပါကအပြစ်ပေးအရေးယူမှုများသည် ဆက်တိုက်ဖြစ်
သွားတတ်သည်။ လမ်းဗိုလ်ကြီး၊ လမ်းဗိုလ်လေးများအား အပြစ်ပေးအရေးယူထားပြီးဖြစ်၍ အပြစ်ပေး
မရသည့်အခါ နောက်ထပ်အပြစ်ပေးအရေးယူမှုကို လုပ်သားခေါင်းများထံသို့ ဆက်လက် အရေးယူရသည်။

ထိုကြောင့် ကားပါမစ်နှင့် လုပ်သက်ဆုငွေသည် ကျွန်တော်တို့ဌာနနှင့် ဝေးကွာလှသည်။ ငွေနှင့်
ကားပါမစ်ရမည်ဆို၍ ချောင်ထိုးထာသည့် ပြည့်သူ့ဝန်ထမ်းကောင်းလက်မှတ်ကို မနည်းပြန်ရှာထားရသည်ဟု ပြောသူကလည်း ရှိသေးသည်။
လုပ်သားခေါင်းကြီးတစ်ဦး ပြောသည်မှာလည်း

"နင့်မေလခွား တစ်လ တစ်လ ထမင်းစာဖို့
အနိုင်နိုင်။ အကြွေးမတင်အောင် မနည်း
လုပ်နေရတာ။ ကားဝယ်စီးဖို့ အိပ်မက်တောင်
မမက်အားပါဘူး မောင်ရာ" တဲ့။

ဟုတ်ကဲ့ ကားပါမစ်သည် အသံသာကြားရပြီး
ယခုထိ မည်သည်မျှသတင်းမရရှိသေးပါ။

@htwegyi
MSC.036

Sort:  

ဖြစ်ကြုံနေရတာတွေပါပဲ

ဟုတ်တယ် ကိုဟိန်း

ESTM Boosting refund to @htwegyi!
Due to one of these reasons:
1. Not posted from eSteem apps.
2. Already curated by eSteem team.
3. Need bit more improvement on quality of post.
4. Might be too old post.
5. User already received vote in last couple hours, you can try boosting again afterwhile.
Android, iOS, Windows, Mac, Linux
Learn more: https://esteem.app
Join our discord: https://discord.me/esteem

ဟို သီချင်းထဲကလိုပေါ့ အေ
ရွေပြည်တော် ရယ် မျော်လေတိုင်း ဝေး ဆိုသလိုပေါ့
ဒါနဲ့ ညည်းအမေ နေကောင်းလား သက်သာလား

Post တေပြန်ဖတ်ရအောင်လည်း အများကြီးမို့ပါ

ဦးနှောက်အာရုံကြောအထူးကုရဲ့ဆေးတွေသောက်နေရတယ်
7လရှိပြီ တိုးလည်းမလာဘူး ‌လျော့လည်းမသွားဘူး။ လက်က
ကိုင်ပြီတော့ လမ်းနည်းနည်းလျှောက်နိုင်တယ်။ အလေး အပေါ့ကတော့
လူကူရသေးတယ်။

အေးပါအေ ပြုစုစုပါ သက်ရှိထင်ရှား ရှိနေတာကိုက ကုသိုလ်ရနေတာပါ ကိုယ်တွေလည်း အဲ့လို အိုရအုံးမှာ ပါ

အေပါညယ်

မျှော်လေတိုင်း မှိုင်းရီ ....

မီုင်းမှိုင်းမှုံဝေ

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.031
BTC 67755.59
ETH 3831.68
USDT 1.00
SBD 3.67