Summer again

in MSC6 years ago (edited)

IMG_4862-01.jpeg

မကြာမီ နွေရာသီ အချိန်ကာလသို့ ရောက်လာတော့မည် ဖြစ်၏။ နွေရာသီ နှင့်အတူ ကျောင်းပိတ်ရက်ကလေးများးလည်း ရောက်လို့ လာမည် ဖြစ်၏။ ကျနော်လည်း ခဏတဖြုတ် အနားရမည် ဖြစ်၏။ တကယ်တမ်း ပြောရလျှင် အနားရ၊ အနားယူ ရခြင်းက ကောင်း၏။ သို့ပေမယ့် အလုံးစုံလည်း မကောင်းပြန်ပေ။ အဘယ်ကြောင့်ဆိုသော် ဝင်ငွေ ထိခိုက်သောကြောင့် ဖြစ်၏။ စာသင်နှစ် မပြီးခင်မှာ ပိုက်ဆံ အထိုက်အလျောက် စုမိထားလို့ သော် လည်းကောင်း၊ လက်ထဲ သုံးစရာ ပိုက်ဆံ အပိုအလျှံလေး ရှိနေလျှင် တော်သေး၏။

လက်ထဲ စုမိထားတာကလည်း မရှိ။ ထို့ပြင် နွေရာသီမှာ သင်ရမည့် အတန်းလေးများကလည်း မရှိဘူးဆိုလျှင်တော့ သွားပြီ။ ခေတ်စကားနှင့်ဆိုလျှင်တော့ ဂါပြီပေါ့။ ကျနော် ထို နွေမျိုးနှင့် ခုတလော ကြုံကြုံနေရ၏။ ယခင်ဆိုလျှင် နွေကျောင်းမပိတ်ခင်ကို နောက်နှစ်အတန်းတွေ အတွက် ကြိုပြီး ချိတ်ဆက်ထားနေကြ ဖြစ်၏။ သို့ပေမယ့် ယခု နောက်ပိုင်း နှစ်တွေမှာတော့ ထိုသို့ မဟုတ်တော့ပေ။ ကလေးတွေကိုပဲ မိဘတွေက အနားပေးကြတာလား။ ကျနော်၏ သင်ကြားပေးသည့် အရည်အချင်း ညံ့သွားလို့ပဲ စာသင်ဖို့ မခေါ်ကြတော့တာလား။ ဒါမှမဟုတ် ကျနော် စာသင်မှန်းတောင် မသိကုန်ကြတော့တာလားကတော့ စဉ်းစား စရာပင်။

IMG_1227.jpg

အခြား အပို အလုပ်ကလည်း မလုပ်ဖြစ်၊ မလုပ်သေးတော့ နွေရောက်လျှင် လူက လုပ်စရာ မရှိ ဖြစ်နေတတ်၏။ လုပ်စရာ မရှိတော့ လူက မနေတတ်၊ မထိုင်တတ်နှင့် နေလို့ မကောင်းသလိုလို ခံစားရ၏။ အခြားသူများတော့ မသိပေမယ့် ကျနော်က လက်ထဲ ငွေမရှိလျှင် သိပ်ပြီး နေလို့ ထိုင်လို့ မကောင်းပေ။ ပျော်ရွှင်ခြင်းနှင့် ဝင်ငွေက တိုက်ရိုက် အချိုးမကျပေမယ့် ငွေဝင်လျှင်တော့ ပိုပြီး ပျော်သည် မဟုတ်လား။ ငွေက အရာအားလုံးကို မဖန်တီးပေမယ့် ဒုတိယ ဘုရားသခင် မဟုတ်လား။

စာသင်စရာ မရှိလျှင်တောင်၊ အခြား အလုပ်ကလေး၊ ဘာလေး ချိတ်ထား၊ လုပ်ထားဖို့တော့ လိုနေပြီ ဖြစ်၏။ ခေတ်အခြေအနေအရ ငွေဝင်လမ်းက တလမ်းထဲ လုပ်ထားလို့ မရပေ။ အဓိက ငွေဝင်လမ်း အပြင်၊ အပို ငွေဝင်လမ်းပါ ဖောက်ထားနိုင်ဖို့ လို၏။ ငွေဝင်လမ်း တလမ်းထဲ ရှိခြင်းသည် တချိန်ချိန်မှာ အခက်တွေ့လာစေနိုင်၏။ ထို့ကြောင့် နွေမှာ အလုပ်မရှိမှာကို ကြောက်နေခြင်း ဖြစ်၏။ စာသင်နှစ် စသလို အတန်းချိန်တွေ အများကြီး ရှိနေဖို့ မမျှော်မှန်းပေမယ့် (၁) ခု၊ (၂) ခုလောက်လေး ရှိနေလျှင် မခါးဘူး မလား။ ကိုယ့်ဝမ်းစာ ကိုယ်သာသိသည်မဟုတ်လား။

မကြာမီ နွေ ကျောင်းပိတ်ရက်များ ရောက်လာတော့မည် ဖြစ်၏။ ကျနော်လည်း နွေအတန်းလေးများ ရမလားဆိုပြီး မျှော်လင့်နေမိ၏။

Don Jaun

MSC 31

Sort:  

နွေတောင်မရောက်သေးဘူး ပူနေတယ်

ပူရတယ်
ကိုယ်က လူလွတ်ကိုး

အရင်လို ေခတ်မ ေကာင်းေတာ့ဘူးေပါ့ ဆရာ ဒွန်

ဟုတ်ပဗျာ

Steem စျေး ကောင်းလာရင် MSC ကနေ ကိုယ်ပိုင်ကျောင်း ထောင်ရအောင်... ကိုဒွန် ကျောင်းအုပ်လုပ်...

ချဗျာ။ကြမ်းလိုက်ရအောင်

According to the Bible, Bro. Eli Soriano: What really happened to Joseph Smith?

Watch the Video below to know the Answer...

(Sorry for sending this comment. We are not looking for our self profit, our intentions is to preach the words of God in any means possible.)


Comment what you understand of our Youtube Video to receive our full votes. We have 30,000 #SteemPower. It's our little way to Thank you, our beloved friend.
Check our Discord Chat
Join our Official Community: https://steemit.com/created/hive-182074

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.095
BTC 62257.31
ETH 1742.66
USDT 1.00
SBD 0.39