Home (Final Chapter)

in MSC4 years ago

IMG_4862-01.jpeg

ထို့ကြောင့်ပင် ဒီဘက်အိမ်မှာ ပစ္စည်းများ သိမ်းနေရင်းနှင့် တပါတည်း မလိုအပ်သည်များကို စုထားရန် တွေးထား၏။ အဓိကက အဝတ်များ ဖြစ်၏။ အမှန်တော့ ကျနော်ကား အဝတ်အစား အသစ် ဝယ်ခဲ၏။ မှတ်မှတ် ရရ ပြောရလျှင် (၂၀၁၉) တနှစ်ပတ်လုံး အဝတ်အသစ် မဝယ်ဖြစ်၊ မဝတ်ဖြစ်ပေ။ မဝယ်နိုင်လို့ မဟုတ်၊ မဝယ်ချင်လို့ ဖြစ်၏။ တခါတလေကျ တချို့ အဝတ်တွေ ဝယ်ထားပြီး မဝတ်ဖြစ်သည်က များနေ၏။ ဝယ်ထားပြီး ဒီအတိုင်း ချောင်ထိုးထားရသည်ထက် အစကလည်း မဝယ်ထား၊ မဝယ် ဖြစ်လိုက်လျှင် ပိုပြီးတော့ ကောင်းမည်ဟု တွေးလာမိ၏။

ထို့ကြောင့်ပင် (၂၀၁၉) တနှစ်လုံး အဝတ်အစား အသစ် မဝယ် ဖြစ်ခြင်း ဖြစ်၏။ ယခင် ဝယ်ထားမိသည့် အချို့ အဝတ်များကိုတောင် ခုချိန်ထိ မဝတ်ဖြစ်သေးပေ။ ရှိသည့် အဝတ်များနှင့်ပင် လှအောင်၊ ကြည့်ကောင်းအောင် ပြင်ဆင်ဖို့ ကျနော် တွေးထားလိုက်၏။ နောက်ထပ် အိမ်ပြောင်းစရာ ကိစ္စရပ် မရှိတော့ဘူး ဆိုပေမယ့် ခုကတည်းက ထို ပစ္စည်း ပစ္စယများကို ရှင်းထားနိုင်ဖို့ လို၏။ မည်သို့ပင် ရှင်းထားသော်လည်း လွိုင်ကော် သွားမည့် မငယ်က ဟိုဟာ ယူမည်၊ ဒီဟာ ယူမည်၊ ဒါတော့ မယူတော့ဘူး အစရှိသဖြင့် သူ တယောက်ထဲ ရွေးလိုက် ထားလိုက် လုပ်လုပ် နေသဖြင့် လိုက်လုပ်ပေးရသည့် ကျနော့်မှာ စိတ်မော၊ လူမော် ဖြစ်လို့ နေတော့၏။

IMG_20200303_235516.jpg

ပစ္စည်းတွေ အားလုံးနီးပါး ရွှေ့ပြီးသွားသော်လည်း ခုချိန်ထိ အစီတကျ နေရာချထားရေးကို အကောင်အထည် မဖော်နိုင်သေးပေ။ အိမ်ပြောင်းတုန်းက မောပန်းခဲ့ရသည်များကို ခုထိ အနားယူလို့ မပြီးသေးပေ။ အမှန်တော့ ပျင်းနေခြင်း ဖြစ်၏။ သို့ပေမယ့် ဆက်ပျင်းနေလို့တော့ မဖြစ်ပေ။ ဖြည်းဖြည်းလေး ဆက်ရှင်းထားနိုင်ဖို့တော့လို၏။ အမငယ်က ပြောင်းတော့ သွားတော့မည် ဖြစ်သဖြင့် ကျနော် တယောက်ထဲ သိမ်းရ ဆည်းရတော့မည်ကိုး။ ထို့ကြောင့် ပျင်းနေလို့တော့ မဖြစ်တော့ပေ။

အခြေအနေ အချိန်အခါတို့ကြောင့် ကျနော်လည်း အထိုက်အလျောက် ပြောင်းလဲလို့ လာခဲ့ပြီ ဖြစ်၏။ ဘာပြီး ဘာလုပ်ရမည်ကို တိတိကျကျ မခန့်မှန်းနိုင်၊ မပြောနိုင်သော်လည်း ဒါတော့ ဘယ်သူ လုပ်မှ ဖြစ်မည်ကို ကောင်းကောင်းကြီး သိနားလည် လာခဲ့ပြီ ဖြစ်၏။ အမငယ်ကို အမေနှင့် မမကြီးတို့ လိုက်ပို့ ကြမည် ဖြစ်၏။ ကနဦးက ကျနော် လိုက်ပို့ဖို့ ရည်ရွယ်ထားသော်လည်း တညအိပ် ခရီးစဉ်ကြောင့် ဖြတ်လိုုက်ရ၏။ ကလေးများ စာမေးပွဲ နီးနေပြီ ဖြစ်သဖြင့် တညအိပ် ခရီးက ကျနော့် အတွက် အဆင်မပြေပေ။ ထို့ကြောင့်ပင် ကျနော့်အစား အမေနှင့် မမကြီးက လိုက်ပို့ ကြခြင်း ဖြစ်၏။ သူတို့်လည်း ဘုရား ဖူးရင်းပေါ့။

အမေတို့ သွားနေတုန်း အထိုက်အလျောက်တော့ ရှင်းလင်းထားရမည်။ ကိုယ် လုပ်နိုင် သလောက်ပေါ့။ အမေက ပစ္စည်းများ ပွနေလျှင် ရှုပ်နေလျှင် မနေတတ်ပေ။ ထို့ကြောင့် အမေ အဆင်မပြေရန်လည်း ကျနော်တို့ပါ စဉ်းစားပေးရ ပြန်၏။ မည်သို့ပင် ဆိုစေ အမေ ပြန်လာသည့် အခါ (ဒီဘက်အိမ်မှာ လာနေသည့် အခါ) မှာတော့ အလုံးစုံ မဟုတ်တောင် အားလုံး နီးပါး အဆင်ပြေနေသည်ကို မြင်လို လှ၏။ ဤနေရာမှာပဲ ကျနော်၏ အိမ်ပြောင်းခြင်း အကြောင်းအရာကို ခဏ နားပါဦးမည်။

Don Jaun

MSC 31

Sort:  

ဟုတ်ပဗျာ
မဝတ်ဖြစ်တာတွေ သိမ်းထားမိနေဆဲ

According to the Bible, Is there such a thing as untimely death in the Bible?

Watch the Video below to know the Answer...

(Sorry for sending this comment. We are not looking for our self profit, our intentions is to preach the words of God in any means possible.)


Comment what you understand of our Youtube Video to receive our full votes. We have 30,000 #SteemPower. It's our little way to Thank you, our beloved friend.
Check our Discord Chat
Join our Official Community: https://steemit.com/created/hive-182074

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.027
BTC 64912.75
ETH 3524.22
USDT 1.00
SBD 2.42