Home (Chapter 9)

in MSC4 years ago

IMG_4862-01.jpeg

တွေးရင်း တွေးရင်းနှင့်ပဲ နေ့ရက်တွေ ကုန်လွန်လာခဲ့တော့၏။ ပြောင်းဖို့ ရွှေ့ဖို့ လုပ်ရ၊ ပြုရနှင့် ကျနော်တို့် တမိသားစုလုံးလည်း အလုပ်တွေများ၊ အလုပ်တွေ ရှုပ်ရတော့၏။ အိမ်ပြောင်းခြင်းကို အမသူငယ်ချင်းတွေလည်း လာကူညီကြ၏။ သူတို့ကြောင့်ပင် အချိန်အနည်းငယ်အတွင်း ခပ်မြန်မြန်နှင့် ပြီးသွား ရခြင်း ဖြစ်၏။ အိမ် သေးသေးလေး ဆိုပေမယ့် တော်တော်လေး သိမ်းယူလိုက်ရ၏။ (၂) ရက်ခွဲပြီး ပစ္စည်းများကို သိမ်းရ ဆည်းရ၏။ (၃) ရက်လောက် ပြောင်းမှပဲ အလုံးစုံ ရွှေ့လို့ ပြောင်းလို့ ပြီးတော့၏။

ဒါတောင် အခြား တိုတိုထွာထွာတွေ သိမ်းဖို့ ကျန်သေး၏။ နောက်မှပဲ ဖြည်းဖြည်းချင်း သိမ်းယူတော့မည်။ လောလောဆယ်တော့ ဒီဖက်မှာ ရွှေ့ထားသည့် ပစ္စည်းတွေကို နေရချထားလို့ မပြီးသေးပေ။ ကျနော့်မှာလည်း ဘာကံရယ် မသိ။ လွန်ခဲ့သည့် (၁၀) နှစ် ဝန်ထမ်းအိမ်ယာသို့ ပြောင်းတော့ တက္ကသိုလ် စာမေးပွဲနှင့် တိုက်နေ၏။ ကောင်းကောင်းတောင် မကူနိုင်ပေ။ ထိုစဉ်က အမေကလည်း လုပ်နိုင်နေသေးသည့် အရွယ် ဖြစ်နေသဖြင့် သိပ်မသိသာ မခက်ခဲလိုက်ပေ။ ယခု အိမ်ပြောင်းရချိန်ကြပြန်တော့လည်း ဆယ်တန်းကလေးတွေ (ကျနော် စာသင်ပေးရသည့်) စာမေးပွဲနီးသည့် အချိန် ဖြစ်နေခဲ့၏။

IMG_20200303_235516.jpg

ဒီတခါမှာတော့ အချိန်လု၊ အချိန်ပေးပြီးတော့ကို ပြောင်းရ၊ ရွှေ့ရတော့၏။ အမေကလည်း အရင်လို မသွက်လက်တော့ဘူး မလား။ အိမ် ပြောင်းဖို့ ရွှေ့ဖို့ လုပ်နေရင်းက အဖေ့ကို သတိရမိသေး၏။ အဖေသာ ရှိရင် သူ့ သမီး ရာထူးတိုးတာကို ဘယ်လောက်များ ဝမ်းသာ နေလိမ့်မည်နည်း။ ဟိုလူကူ၊ ဒီလူကူနှင့် ပြောင်းခြင်း ရွှေ့ခြင်း ကိစ္စများ ပြီးစီးသွားခဲ့၏။ ပြန်လည် နေရာချထားရေးကတော့ ကိုယ်တွေ ကိုယ့်ကို လုပ်မှ ရမည် မဟုတ်လား။

အိမ်ပြောင်းရင်းနှင့် နားလည် လာသည့် ရရှိသည့် သင်ခန်းစာကတော့ မလိုအပ်၊ အသုံး မလိုသည့် ပစ္စည်းတွေ မစုထား၊ မသိမ်းထားဖို့ ဖြစ်၏။ ခုလို ပြောင်းရ ရွှေ့ရတော့ တော်တော်လေး သိသာ၏။ သိပ်လည်း မသုံးဖြစ်၊ တချိန်ချိန်များ အသုံး လိုလားလေမလားဆိုပြီး သိမ်းထားသည့် ပစ္စည်းတွေက ခပ်များများရယ်။ နောက်များတော့ မလိုတာတွေကို မသိမ်းဖို့ တွေးထား၏။ ထိုသို့ တွေးမိနေတာ အမှန်တော့ အတော်လေး ကြာနေခဲ့ပြီ ဖြစ်၏။

တချို့ ရုပ်ဝတ္ထု ပစ္စည်းတွေက မလိုအပ်သည့် အပိုစာသား သက်သက်တွေ မလား။ ကျနော်တို့ အများစုက တချိန်ချိန် ဆိုသည့် အတွေးနှင့် မလိုသေးသည့် အရာများကို စုဆောင်းထားမိ တတ်ကြ၏။ နို့ ထိုအကျင့်က မကောင်းလို့လား ဆိုတော့လည်း မဟုတ်ပြန်ပေ။ သူ့ဟာနှင့်သူတော့ ကောင်းနေပါ၏။ အကျိုး ရှိပါ၏။ သို့ပေမယ့် ခုလို ပြောင်းရ၊ ရွှေ့ရတော့ ထို အရာတွေက အတော်လေး တာသွား၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

စည်းကမ်းနှင့်မပစ်ရက်ခြင်းက တခါတရံ အမှိုက်ပွစေတတ်၏

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 67167.83
ETH 3499.47
USDT 1.00
SBD 2.81