Home (Chapter 2)

in MSC5 years ago

IMG_4862-01.jpeg

ထိုသို့ အမေ (၅၀၀၀၀) သောင်းပေးပြီး ဝယ်ထားလို့်သာ ခုချိန်မှာ ကျနော်တို့ နေစရာ၊ ပြောင်းစရာ ရနေ၊ ရှိနေခြင်းဖြစ်၏။ ခုချိန် (၅၀၀၀၀) သောင်းက နည်းသည် ဆိုပေမယ့် ထိုစဉ် (၅၀၀၀၀) ကတော့ အတော်လေး များသည် ပြောလို့ ရ၏။ ဘာပဲ ဖြစ်ဖြစ် ပေးရသည့် ဈေးနှင့် တန်သည်ဟုတော့ ပြောလို့ ရ၏။ အကြမ်းအားဖြင့် မြေဈေးသည် အတက်သာ ရှိသည် မဟုတ်လား။ ထို မြေကွက်ကို ဝယ်ထားပြီး ဘာမှလည်း မလုပ်ဖြစ်ပေ။ အိမ်လည်း မဆောက် ဖြစ်။ အချိန် အနည်းငယ် ကြာသွားပြီးသည့် နောက်မှာတော့ ကျနော့် ဦးလေး မိသားစု ထို ဝိုင်းထဲမှာ နေကြ၏။

နောက်ပိုင်း သူတို့် စီးပွားရေး ကောင်းလာသည့် အခါ၌ အိမ်ဝိုင်းကို တဝက်ခွဲပြီး ရောင်းပေးလိုက်၏။ ထို့ကြောင့် အိမ်ဝိုင်း၏ အကျယ်က ယခင်လောက်တော့ မကျယ်တော့ပေ။ အမတွေ၏ ကြိုတင် တွေးဆ စီစဉ်ထားမှုနှင့် နေစရာ နေရာလေး တခု ဖြစ်အောင် ဖန်တီး ဖြစ်ခဲ့၏။ အမတွေက အစိုးရ ဝန်ထမ်း မဟုတ်လား။ တချိန်ချိန်မှာ ပြောင်းရ ပါရ အဆင်ပြေအောင် ဖန်တီး ထားနိုင်ဖို့ လိုလှ၏။ ထို့ကြောင့်ပဲ ထိုဝိုင်းထဲမှာ နေစရာ အိမ်လေးကို ကြိုတင်ပြီး ဆောက်ထားဖြစ်ခဲ့ခြင်း ဖြစ်၏။

IMG_20200301_234111.jpg

သိပ် အကောင်းကြီး မဟုတ်ပေမယ့် နေလို့တော့ ဖြစ်၏။ နေရာသစ် ဖြစ်နေလို့ သိပ် အာသားမကျ သေးသည်က လွဲလျှင် ထိုနေရာလေးကလည်း အဆင်ပြေပါ၏။ လက်ရှိနေရာမှာက (၁၀) နှစ်ကျော်လောက် နေခဲ့ရတော့သံယောဇဉ် တွဲမိသည်ကတော့ အမှန်ပင်။ မည်သို့ပင် ဆိုစေ ဝန်ထမ်း ဘဝမှာ တနေရာထဲ အတည်တကျ နေနိုင်ဖို့က တကယ် မလွယ်ပေ။ တော်တော်ကြီးကို ကံကောင်းသူမှသာ ထို အခွင့် အရေးကို ရမည် ထင်၏။ အမ၏ ရာထူးတိုး အပြောင်းအရွှေ့ကြောင့် ကျနော်တို့်မှာ ခပ်မြန်မြန်လေး အဆင်ပြေအောင် လုပ်ဆောင်ရတော့၏။

ခင်မင်ရသူ၊ နီးနီးစပ်စပ် ရှိသူတွေကို အကူအညီတောင်းရတော့၏။ သို့မှ မြန်မြန် ပြီးမည် မဟုတ်လား။ ဘာမှ သိပ်မရှိဘူး ထင်ရပေမယ့် တကယ်တမ်း သိမ်းဆည်းတော့ တော်တော်နှင့် မပြီးနိုင်ပေ။ အခြား မဟုတ် ကျနော့် စာအုပ်တွေကို ရှင်းတာနှင့်ပင် အချိန် အတော်လေး ကုန်သွားခဲ့၏။ မနေ့ညက ထိုစာအုပ်တွေကို ထိုင်ရှင်းနေတာ မနက် (၂) နာရီ ကျော်သွားခဲ့၏။ လူလည်း တော်တော်လေး အီသွား၏။ ပင်ပန်းသွား၏။ ကိုယ်ဖတ်နေသည့် စာအုပ်၊ သင်တန်းနှင့် ပတ်သည့် စာအုပ်၊ ထုတ်ရောင်းပစ်မည့် စာအုပ် စသည်ဖြင့် အမျိုးအစား ထိုင်ခွဲနေရ၏။

ပိုစ့်တောင် မအိပ်ခင်၊ မလုပ်ခင် ကြိုရေးထားလို့ တော်သေး၏။ ယခု လည်း ထိုအတိုင်းပင် ကြိုရေးနေရ၏။ နောက်နေ့အတွက် ခုကတည်းက ကြိုရေးထားရ၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

အတွေ့အကြုံတွေ တန်ဖိုးရှိလှ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 61766.31
ETH 2428.16
USDT 1.00
SBD 2.64