Changing

in MSC5 years ago

IMG_4862-01.jpeg

Steemit မှာ ပြောင်းလဲမှုတွေ တွေ့လာရပြီ ဖြစ်၏။ အခြားတော့ မဟုတ်၊ website ပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်၏။ ဈေးနှုန်းပိုင်းဆိုင်ရာ ပြောင်းလဲ လာမှု မဟုတ်ပေမယ့် webstie ပိုင်းဆိုင်ရာမှာ ပြောင်းလဲ လာမှုကလည်း သတိထားရမည့် အချက်၊ အသိအမှတ်ပြုရမည့် အချက်ပင် မဟုတ်လား။ HF 21 နောက်ပိုင်း အပြောင်းအလဲ တခုဟု ပင် ပြောရမည် မဟုတ်လား။ အခြား နောက်ကွယ်က အရာများတော့ မသိသေးပေမယ့် လောလောဆယ် မြင်ရသည့် အပိုင်းမှာတော့ အဆန်းလေးပင် ဖြစ်၏။

ယခင်က notification ပိုင်းများ မပြပေးခဲ့သည့် steemit မှာ ထူးထူးဆန်းဆန်း notification တွေ ပြပေးနေပြီ ဖြစ်၏။ ထု့ိပြင် မိမိမှာ ရှိသည့် power အရေအတွက်ကိုလည်း မိမိ wall မှာ တပါတည်း ပြထားပေး၏။ SP ဘယ်လောက် ရှိသည်ကို သိရ၊ မြင်ရတာပေါ့။ ယခင်လို wallet ကို နှိပ်ပြီး သွားကြည့်နေစရာ မလိုပေ။ တခါတည်း၊ တပါတည်း တန်းမြင်ရသည်ပေါ့။ အခြားသူများမှာတော့ မသိပေမယ့် ကျနော့်မှာတော့ နည်းနည်း ဆန်းတာလေး ပါနေပြန်၏။

Screenshot_2020-02-20-13-31-08-093_com.android.chrome.png

အခြားတော့ မဟုတ် reputation နံပတ်ဘေးမှာ နံပတ် အနီလေးနှင့် (1) ဆိုပြီး ပါနေခြင်း ဖြစ်၏။ ဘာများလဲပေါ့။ သိလိုသဖြင့် ထို စာလုံး အနီ လေးကို ထောက်ကြည့်လိုက်တော့ block list (black list) ဖြစ်နေ၏။ ဘယ်သူများလဲဆိုတော့ တချိန်က ကျနော်တို့၏ အသည်းကျော် မိနှောင်း (minnowbooster) ဖြစ်နေ၏။ အညှိုးကြီးချက် မိနှောင်းရယ်။ အဆိုပါ စာလုံး အနီကြီး ပျောက်သွားအောင်တော့ တခုခု လုပ်မှ ရပေလိမ့်ဦးမည်။ ဟုတ်တယ်လေ၊ ကိုယ့် reputation ဘေးမှာ စာလုံး အနီကြီးနှင့် ရုပ်ဆိုးချက်။

ထားပါ။ ဒါက လောလောဆယ် သိပ်ပြဿနာ မရှိပေ။ နောက်မှ ထို blacklisted ကိစ္စကို ရှင်းရပေမည်။ လောလောဆယ် ဘာတွေ ဆက်ပြောင်းလဲ လာမည်ကို ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်၏။ Justin လက်ထဲ ရောက်သွားပြီး မကြာမီမှာပင် website ပိုင်းဆိုင်ရာမှာ အပြောင်းအလဲ လေးတွေ မြင်လာရပြီ ဖြစ်၏။ အခြား မည်သည့် အရာများ ဘယ်လို ဆက်ဖြစ်လာမည်ကိုတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။ esteem လိုမျိုး steem app များ ထပ်ထွက်လာဦးမလားပေါ့။ steemit က ထုတ်သည့် Official app ပေါ့။ facebook လိုမျိုး အသုံးပြုရ လွယ်ကူသည့် app ပုံစံလိုမျိုးလေး ထွက်လာလျှင် ပိုပြီး ကောင်းမည်ဟု ထင်မြင်မိ၏။ main steemit, steemit messenger တို့လိုမျိုး app လေးတွေ ထွက်လာလျှင် ကောင်းပေလိမ့်မည်။

update တွေက ဆက်လာလာနေဦးမည် ထင်၏။ Justin ၏ ဦးဆောင်မှုနှင့် ပြောင်းလဲမှုတွေ၊ တိုးထက်မှုတွေ တခုပြီး တခု မြင်ရမည်လို့တော့ ထင်မိ၏။ ထို ပြောင်းလဲမှုများ နှင့်အတူ ဈေးနှုန်းပိုင်းဆိုင်ရာမှာလည်း ပြောင်းလဲလာလျှင်တော့ ပိုပြီး ကောင်းပေလိမ့်မည်။

Don Jaun

MSC 31

Sort:  

ဈေးလည်း လာမယ်လေ
Up up gradually

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 65000 upvotes. Your next target is to reach 70000 upvotes.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Vote for @Steemitboard as a witness to get one more award and increased upvotes!

အပြောင်းအလဲလေးတွေ မြင်ရတာ စိတ်ချမ်းသာတယ် ကိုဒွန်ရေ

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.032
BTC 64166.71
ETH 2765.60
USDT 1.00
SBD 2.72