Beautiful Paper Box

in MSC4 years ago

ဒီတစ်ခုကလည်းဘောက်စ်တစ်ခုပြုလုပ်ထားပြီးရောင်စုံစက္ကူအလိပ်များနှင့်ပန်းပွင့်များဖြင့်ပုံဖော်ထားတာပါ။ပြုလုပ်နည်းကိုပုံ၊စာတို့ဖြင့်ဖော်ပြထားပါတယ်။လိုအပ်တာတွေကရောင်စုံစာရွက်၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။

ဒီအဆင့်မှာတော့စာရွက်အရောင်စုံများကိုဖြတ်ပြီးစက္ကူအလိပ်များပြုလုပ်လိုက်ပါတယ်။ပြီးနောက်စက္ကူအလိပ်ရဲ့အလျားနဲ့တူတဲ့ကတ်ထူတစ်ခုဖြတ်ပြီးအစိမ်းရောင်စာရွက်ကော်ကပ်ထားပါတယ်။ပြီးနောက်ရောင်စုံစက္ကူအလိပ်လေးတွေကိုပုံအတိုင်းအဆင့်ဆင့်ကော်ကပ်လိုက်ပါတယ်။ဆက်လက်ပြီးပန်းပွင့်များပြုလုပ်မှာပါ။

ပန်းပွင့်ပြုလုပ်ရန်ပထမဆုံးစာရွက်တွေယူမယ်။အစိမ်း၊ပန်းရောင်၊အနီရောင်စာရွက်တွေကိုတူညီတဲ့စက်ဝိုင်းပုံများဖြတ်လိုက်ပါတယ်။စာရွက်ကိုအလယ်မှတစ်ဝက်တိတိခေါက်လိုက်မယ်။ပြီးနောက်စာရွက်ခေါက်ရဲ့လေးပုံတစ်ပုံခန့်ခေါက်လိုက်ပါတယ်။ထို့နောက်ပုံအတိုင်းဆက်လက်ခေါက်၍စက္ကူခေါက်များပြုလုပ်လိုက်ပါတယ်။ပန်းတစ်ပွင့်မှာစက္ကူခေါက်ရှစ်ခုလိုအပ်ပါတယ်။စက္ကူခေါက်တွေကိုတစ်ခုနဲ့တစ်ခုကော်ကပ်
ဆက်ရင်းပန်းပွင့်လေးပွင့်ပြုလုပ်ပါတယ်။ပြီးနောက်ပန်းပွင့်များကိုဘောက်စ်မှာကော်ကပ်အလှဆင်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လက်ရာတွေကတော့ စွဲဆောင်ဆဲပဲ။

ဟုတ်ကဲ့ပါ....ကျေးဇူးပါ
နောက်ကြိုးစားပါ့မယ်.....

Posted using Partiko Android

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 57485.95
ETH 2901.27
USDT 1.00
SBD 3.67