ဂိုးလိဒ်မှာကစားနေ

in INVEN Gaming4 years ago

b.jpg
https://steemmonsters.com/

ရာသီလိဒ်ကလည်း စတင်တာ သိပ်မကြာသေးပါဘူး ငါးရက်သာရှိပါသေးတယ် အခုချိန်မှာတော့ ဂိုးလိဒ်မှာ ကစားနေပါတယ် အောက်ကိုတော့ မဆင်းရတော့ပါဘူး ရှေ့တိုးရန်အတွက်သာ အာရုံစိုက်နေပါတယ် ရှေ့တိုးရန်ဆိုပေမယ့်လည်း အခုချိန်က သိပ်တော့ မလွယ်သေးပါဘူး ရှေ့က ကစားသမားတွေက စစ်အင်အားကောင်းကြတာဖြစ်လို့ သူတို့နေရာကို တိုးပေါက်အောင် မကစားနိုင်သေးပါဘူး သူတို့က ရှေ့ကို တော်တော်လေး ရောက်သွားမှ သူတို့နေရာဟောင်းကို ၀င်ရောက်သွားနိုင်မယ့်သဘောပါဘဲ
ဒါကတော့ စတင်းမွန်းစတားရဲ့ မပြောင်းလဲတဲ့ မက်သက်တစ်ခုဖြစ်ပါတယ် စစ်အင်အားအလိုက် နေရာယူရတဲ့ သဘောပါဘဲ
ကိုယ့်ရဲ့ စုဖွဲ့ထားတဲ့ စစ်အင်အားအရဆိုရင်တော့ ရာသီလိဒ် သိမ်းချိန်မှာ ဒိုင်းမွန်းတူးကို ရောက်နိုင်မယ်လို့ မျှော်မှန်းပါတယ်
ပြီးခဲ့သော ရာသီလိဒ်မှာတော့ ဒိုင်းမွန်းတူးမှာ နေရာယူထားနိုင်ပါတယ် ရှေ့က တစ်ဆင့်နေရာဖြစ်တဲ့ ချိန်ပီယံလိဒ်ကိုတော့ ရောက်နိုင်မလားဆိုပြီး ရေကုန်ရေခမ်းကြိုးစားကြည့်ပါသေးတယ် ဖလား နှစ်ရာလောက် လိုနေတာနဲ့ ချန်ပီယံလိဒ်ကိုမရောက်နိုင်ခဲ့ပါဘူး
ချန်ပီယံရောက်ဖို့ လက်တစ်ကမ်းအလိုမှာဘဲ ကစားပွဲကို ရပ်နားလိုက်ရပါတယ်
ဒိုင်းမွန်း တူးဆိုရင်လည်း ခါးတော့မခါးပါဘူး ပြီးခဲ့တဲ့ ရာသီသိမ်းချိန်မှာတော့ တန်ဖိုးကြီးကဒ် တစ်ခုရလိုက်ပါတယ်
ဒီရာသီလိဒ်မှာလည်း ဘယ်လို ကံကောင်းခြင်းတွေ ပါလာဦးမည်လဲ စောင့်မျှော်ရပါဦးမယ်
@bobokyaw

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62863.58
ETH 2464.59
USDT 1.00
SBD 2.62