ဂိမ်းကစားတာကောင်းသလား
Ror Game ကစားလာတာ လအတန်ကြာခဲ့ပြီဖြစ်ပါတယ် အခုချိန်ထိတော့ သိသာထင်ရှားတဲ့ အကျိုးအမြတ်မရရှိသေးပါဘူး ဒီအတိုင်းလေးဘဲ မျှောပြီးကစားနေတယ်ဆိုရပါမယ် ဂိမ်းထဲကနေ ဘာဆိုဘာမှ မရသေးဘူးပြောရင် ပိုမှန်ပါတယ် စတီးမစ်ပေါ်က ဂိမ်းတွေအားလုံးကောင်းကြပါတယ် သူ့နည်းသူ့ဟန်နဲ့ အကျိုးအမြတ် ရယူနိုင်တာချည့်ပါဘဲ ဘာမှမရလိုက်ဘူးဆိုရင်တော့ ဒါဟာ မကစားလို့သာဖြစ်ပါလိမ့်မယ် တစ်ချို့ဂိမ်းတွေကတော့ ဖရီးကစ်လို့ရပါတယ် အများအားဖြင့်တော့ ရင်းနှီးထည့်ဝင်ငွေကြောင့် ကြီးမားတဲ့ အကျိုးအမြတ်ရကြတာမြင်တွေ့နိုင်ပါတယ် တစ်ချို့လည်း အဲ့သလို ရလိုဇောနဲ့ ရင်းနှီးရင်း မြှုပ်သွားတာတွေ မနည်းပါဘူး အချိန်အခါလည်း ရှိပါတယ် ဂိမ်းက ကျရိပ်ပြနေတယ်လို့ မြင်တာနဲ့ လက်ထဲရှိတာတွေ အမြတ်လွှတ်ချဖို့လိုပါတယ် အဲ့သလို သတိရှိမိလို့ ဆုံးရှုံးမှုတစ်ချို့ကို ကျော်လွှားနိုင်ခဲ့သလိုဘဲ မထင်မှတ်တာတွေ ဖြစ်လာတက်ပြန်ပါသေးတယ် အဖြစ်ကတော့ ကိုယ်ကလွှတ်ချလိုက်မှဘဲ လွတ်တဲ့ငါးက ကြီးနေတက်ပြန်ပါသေးတယ် အင်မတန်မာယာများတဲ့ ဂိမ်းတွေရဲ့အကြောင်း ပြောရရင်တော့ ကုန်နိုင်ဖွယ်မရှိပါဘူး
အဆိုးအကောင်းကတော့ နေရာတိုင်းရှိမှာပါ ဂိမ်းကစားရင်တော့ စွဲပါတယ် အချိန်ကုန်ပါတယ် ဂိမ်းဆိုတာက အချိန်ပေးရတယ် တကယ်လို့ အချိန်တွေ ပိုနေရင်တော့ အခြားလည်း မည်မည်ရရ လုပ်စရာမရှိရင် ဂိမ်းကစားတာကောင်းတယ်လည်း အကြမ်းအားဖြင့် ပြောရမယ် (ကိုယ်လိုရာ စွဲပြောတာ) ဟုတ်တယ် ဂိမ်းကစားတာကောင်းတယ် အခြားဂိမ်းတွေတော့ မသိဘူး စတီးမစ်ပေါ်က ဂိမ်းတွေကတော့ အတော်ကိုကောင်းတယ် သေချာမှုရှိတယ်ဆိုတာ တစ်ခုတည်းနဲ့တင် ကစားဖို့ အတော်လေးကို ပြီးပြည့်စုံပါတယ် အကျိုါ်အမြတ်ရဖို့ သေချာတယ်ဆိုတာ စတီးမစ်ပေါ်က ဂိမ်းတွေပါဘဲ အခြားနေရာက တော့ ကိုယ်လည်း မရောက်နိုင်တော့ သေချာမသိပါ စတီးမစ်ပေါ်က ဂိမ်းတွေကတစ်ဆင့် အကျိုးအမြတ်ထုတ်ယူတာတော့ အလွန်ကို လွယ်ကူပါတယ် ဒါကြောင့် ဒီဂိမ်းကိုလည်း ဘာမှမရသေးသည့်တိုင် ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင် ဆက်လက်ကစားရပါဦးမယ် တစ်ခုတော့ ပြောစရာရှိပါတယ် ဒီဂိမ်းက သွယ်ဝိုက်သောနည်းနဲ့ အကျိုးပြုတာတွေတော့ရှိပါတယ် ဆုံးရှုံးမှု မရှိလို့ ဆက်ကစားနေတာပါဘဲ
ဒီနေ့မှာတော့ ပိုးထည်လုပ်ငန်းမှာ သုံးရက်မြောက်နေ့အဖြစ် ဆက်လက်လုပ်ကိုင်နေပါတယ် စစ်သားတွေ အားလုံး ကျန်းမာရေးကောင်းမွန်နေကြတယ် တိုက်ခိုက်မှုတွေမရှိတော့ အလုပ်ဖြစ်ပါတယ် တကယ်လို့ တိုက်ခိုက်မှုတွေ ရှိခဲ့ရင် ဒိနေရာက ဆေးရုံမရှိပါဘူး ဆေးရုံရှိတဲ့ မြို့နဲ့က အတော်ဝေးပါတယ် ထိခိုက်မှုတွေဖြစ်လာရင်တော့ ဒီနေရာကို ချက်ချင်းစွန့်ခွါရမှာပါ ပိုးထည်တွေတော့ စုဆောင်းနေတုန်းပါဘဲ မနက်ဖန်လောက်ဆိုရင်တော့ ပိုးထည်လုပ်ငန်းကို ရပ်နားပြီး မိုင်းတွင်းရှိတဲ့ နေရာကို ရွှေ့ပြောင်းမယ်လို့ စဉ်းစားထားပါတယ် မိုင်းတွင်းနေရာမှာ ငွေတုံးတွေ ရနိုင်ပါတယ် ငွေတုံးတွေက ဈေးပိုကောင်းပါတယ် ပြီးတော့ သူက အလုပ်ချိန်လည်း သက်သာပါတယ် အကြိမ်ရေများများ အလုပ်ခိုင်းနိုင်ပါတယ် ပြီးတော့ နေရာသစ်ကိုလေ့လာတဲ့သဘောလည်း ပါတာပေါ့ တစ်နေရာတည်းဆိုတော့ ငြီးငွေ့လာသလိုပါဘဲ မြင်ကွင်းလေးပြောင်းသွားအောင် မနက်ဖန်တော့ နေရာပြောင်းပါမယ်
စတီးမစ်ကြီးဆက်လက် ရှင်သန်နေတာမြင်ရတော့ စိတ်ထဲ အတော်ကို နွေးထွေးမှုရှိလှပါတယ် နှစ်ရှည်လများအနေကြာခဲ့ရာ မွေးရပ်မြေတစ်ခု ပြိုကွဲပျက်စီးသွားမယ်ဆိုတဲ့ အရိပ်ဆိုးကြီးက တဖြည်းဖြည်း ကွယ်ပျောက်သလိုရှိလာပါပြီ ပညာရှင်တွေ ထွက်ခွါသွားတဲ့နောက် အခြေအနေယိုင်နဲ့သွားတာတော့ သိသာပါတယ် ဒါပေမယ့် ထောက်ပံ့ ကျားကန်မှုတွေ အလျှင်အမြန်လုပ်ဆောင်လာကြလို့ လုံးဝပြိုလဲသွားမယ့် အခြေအနေကတော့ ကင်းလွတ်သွားပါပြီ အနာဂါတ်ဘယ်သို့ရှိမယ် မသိနိုင်သေးပေမယ့် အဆိုးဝါးဆုံးအချိန်တွေတော့ ကျော်လွန်လာပြီလို့ ယူဆပါတယ် အပြောင်းအလဲကောင်းတွေေ၇ာက်ရှိလာမယ်လို့ မြင်ပါတယ် အရင်ထက်စာရင် ပိုကောင်းလာမယ် ပိုကောင်းလာတယ်လို့တောင် ခံစားရပါတယ် ပြောင်းလဲလာတဲ့ အခြေအနေအတိုင်း အလိုက်သင့်အလျှားသင့် လိုက်ပါစီးမျှောရပါဦးမယ် ချစ်သော စတီးမစ် အသက်ရာကျော်ရှည်ပါစေ..............
This post has been rewarded by the Steem Community Curation Project. steemcurator02(#communitycuration02)