ဒေသထွက်ကုန်များရှာဖွေရေး

in INVEN Gaming4 years ago

bb.jpg

နေရာသစ်ကို ရောက်ရှိလာပြီးတဲ့နောက်မှာ ပထမဆုံးလုပ်ရမှာက ဒီဒေသရဲ့ ထွက်ကုန်တွေကို အရင်လေ့လာရမှာဖြစ်ပါတယ် ဒေသထွက်ကုန်တွေထဲက တန်ဖိုးများတဲ့ ကုန်တွေကို ရအောင် လုပ်ရပါမယ် ဒါမှ ရွှေနဲ့ ပြန်လဲလှယ်တဲ့အခါ ပိုမို အမြတ်ရနိုင်မှာဖြစ်ပါတယ် ဒေသထွက်ကုန်အနေနဲ့တော့ အခုရောက်ရှိနေတဲ့ ဒေသမှာ ငွေဓါးတွေကို သူရဲ ဂူထဲက နေ ယူဆောင်ရမှာဖြစ်ပါတယ် သူရဲဂူထဲမှာတော့ အရိုးခြောက်သူရဲတွေရဲ့ ၇န်ပြုတိုက်ခိုက်ခြင်းခံရနိုင်ပါတယ်

မနေ့ကတော့ သူရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံရပါတယ် ဂူထဲကို စစ်သားခြောက်ယောက်လွှတ်လိုက်တယ် ဒီနေ့သူတို့ပြန်လာတော့ ဒေသထွက်ကုန် တစ်ခုမှ ပါမလာပါဘူး ငွေဓါးလည်းရမလာပါဘူး အရိုးခြောက်သူရဲတွေရဲ့ ခြောက်လှန့်ခြင်းကြောင့် သူတို့ တစ်ခုမှ ရှာမတွေ့ခဲ့တာလည်းဖြစ်နိုင်ပါတယ်

တိုက်ခိုက်မှုတွေကတော့ သိပ်မဆိုးပါဘူး စစ်သားတွေ သေဆုံးဒဏ်ရာရတာတွေမရှိတာတွေ့ရပါတယ် ဒီနေ့မှာ ထပ်ပြီး စစ်သားတွေကို သူရဲ ဂူထဲ ထပ်မံစေလွှတ်ထားလိုက်ပါတယ် ဒီတစ်ကြိမ်မှာတော့ ငွေဓါးကို ယူဆောင်လာနိုင်မည်လားဆိုတာ စောင့်ကြည့်ရပါဦးမယ်

ငွေဓါးရနိုင်တဲ့ အခွင့်အရေးက နည်းလွန်းပါတယ် ငွေဓါးကလည်း တန်ဖိုးများမယ်လို့ ထင်ပါတယ် ငွေဓါးမရမချင်းတော့ စစ်သားတွေကို သူရဲဂူထဲကို စေလွှတ်နေဦးမှာဖြစ်ပါတယ် တိုက်ခိုက်မှုတွေ ကြုံလာရင်လည်း သူတို့ကို ဆေးဝါးကုသပေးရမှာဖြစ်ပါတယ်

ဂိမ်းကစားသူနည်းနေတာတော့ တွေ့ရပါတယ် အကျိုးအမြတ် များ ရလာရင်တော့ ကစားသူ များလာမယ်ထင်ပါတယ် ဂိမ်းက စိတ်ဝင်စားသူနည်းနေတာကို သတိထားမိနေပါတယ်

ကြိုက်နှစ်သက်ရာ ဂိမ်းကို အောက်ပါ လင့်များတွင် သွားရောက် ကစားနိုင်ပါတယ်

Road of Rich: https://playror.com/
RORGAME: https://play.google.com/store/apps/details?id=com.ziplab.rorgame

@bobokyaw

Sort:  

This post has been rewarded by the Steem Community Curation Project. steemcurator02(#communitycuration02)

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62647.29
ETH 2439.61
USDT 1.00
SBD 2.66