BLACK BOX OR EQUIPMENT

in #history7 years ago (edited)

Steemit.jpg
ပြီးခဲ့သော့ တွင်ျွန်သေည် ရှေးဟောင်းပစ္စည်များကိုတန်ဘိုးထားသင့်ပါကြောင်းရေးသားခဲ့သည်။ ယခုတစ်ခါ အဆိုပါ ရှေးဟောင်းပစ္စည်းများသည် Black Box နှင့်တူပါကြောင်း တင်ပြပါမည်။ ပျက်ကြသွားသော လေယာဉ်တစ်စင်းမှ သေတ္တာနက် (Black box) ကိုကြည့်၍ လေယာဉ်ပျံသန်းနေစဉ်ကာလ အဖြစ်အပျက်အလုံးစုံကို အဆိုပါသေတ္တာနက်မှ မှတ်တမ်းတင်ထားသလိုပင် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းတစ်ခု သည်လည်း သူနှင့်အတူ ခေတ်တခေတ်ကို ဖြတ်သန်းခဲ့ကြ ဖူးသည့် လူသားတို့၏ဇတ်လမ်းအချို့ကို သိုမှီးထားပါသည်။
2017-07-23 12.11.42.jpg
တကယ်တော့ ရှေးဟောင်းယဉ်ကျေးမှုနှင့်သက်ဆိုင်သမျှ အရာအားလုံးသည် သက်ဆိုင်ရာလူ့အဖွဲ့အစည်းအတွင် အရေးကြီး ပါသည်။ အိုးခြမ်းပဲ့ကလေးတစ်ခု၊ ဆေးတံအကျိုးကလေးတစ်ချောင်းကိုပင် မဆိုထားနှင့် ထိုခေတ်ထိုကာလက မီးဆွဲ လောင်းခြင်းခံခဲ့ရသော မီးသွေးခဲကလေးတစ်ခဲသည်ပင်လျှင် မည်သည့်ငွေကြေးအတိုင်းအတာနှင့်မျှ တန်ဘိုးဖြတ်၍မရနိုင် သော အရာဖြစ်နေတတ်ပါသည်။ သာမန်သဲလွန်စကလေးသည် ကြီးမားသော မှုခင်းများကို ဖော်ထုတ်ပေးနိုင်သကဲ့သို့ အမြင်အားဖြင့် သိမ်ငယ်သေးနုပ်သော ရှေးဟောင်းပစ္စည်းကလေးများကလည်း မြန်မာ့သမိုင်းကို ပြည်စုံစွာဖြည့်စွက်ပေးနိုင် သည်ပင်ဖြစ်လေသည်။
2017-07-23 12.12.15.jpg
ထို့အပြင် နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်အနေဖြင့်လည်း အဆိုပါရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာပစ္စည်းများမှာ ပြည်ပ နိုင်ငံ၊ ပြင်ပအဖွဲ့အစည်းများသို့ ရောင်းစား ရမည့် အရာများမဟုတ်ပါချေ။ ယင်းတို့သည် ပြစားနိုင် သည့် အရာများ ဖြစ်ပါသည်။
20170723_120955.jpg
ယင်းတို့ကိုပြတိုက်များတွင်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ကာ ပြသ,ခြင်းအားဖြင့် မိမိတို့နိုင်ငံနှင့် လူ့အဖွဲ့ အစည်း၏ ဂုဏ်သိက္ခာကို မြင့်မားစေသလို ၊ မယုတ်မလျော့ မပွန်းစားပဲ ဝင်ငွေတစ်လျှောက်လုံးရရှိနိုင်ပါသည်။
20170723_120947.jpg
အဆိုပါ အဆိုပါရှေးဟောင်းယဉ်ကျေးမှုလက်ရာများအား ထိန်းသိမ်းစောင့်ရှောက်ထားသည့် ပြတိုက်အပါအဝင် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတစ်ခုလုံးသည်လည်း ပြည်တွင်းပြည်ပ ခရီးသွားများအား စွဲဆောင်နိုင်ခြင်းအားဖြင့် ဝင်ငွေရရှိနိုင်သလို ၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း ဖော်ထုတ်ပေးနိုင်ပါသည်။
2017-07-23 12.12.57.jpg
ကမ္ဘာကျော် အန်ကော်ဝပ်ကျောင်းတော်ကြီး အပါအဝင် အခြားရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦများနှင့် ယဉ်ကျေးမှု လက်ရာများကို ထိန်းသိမ်းစောင့်ရှောက်ထားသော ကမ္ဘာဒီးယား နိုင်ငံသည် ၂၀၁၄-ခုနှစ် တစ်နှစ်တည်းတွင် ပြည်ပခရီးသည် လေးသန်းခွဲကျော် (၄၅၀၂၇၇၅)ကို စွဲဆောင်နိုင်ခဲ့ပြီး၊ စိုက်ပျိုးရေးနှင့် အထည်ချုပ်လုပ်ငန်းပြီးလျှင် တိုင်းပြည်၏ အကြီးမားဆုံး ဝင်ငွေကို ရှာဖွေနိုင်ခဲ့သည်။ နိုင်ငံသားများစွာအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေး နိုင်ခဲ့ သည်။
ယခုကျွန်တော်တို့နိုင်ငံသည် ကံအားလျော်စွာဖြင့် သရေခေတ္တရာ၊ဟန်လင်း၊ဗိဿနိုးစသော ရှေးဟောင်းနယ်မြေတို့ အား ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းနယ်မြေများအဖြစ်အသိအမှတ်ပြုလိုက်ပြီဖြစ်၍ နိုင်ငံဂုဏ်လည်းတိုးတက် လာတော့မည်ဖြစ်သကဲ့သို့ နိုင်ငံဝင်ငွေ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာတော့မည်ဖြစ်ရာ ဆိုခဲ့ပြီးသည့် ရှေးဟောင်း ပစ္စည်းများသည် Black Box ကလေးများအား ဝိုင်းဝန်းထိန်းသိမ်းကြစေလိုပါကြောင်းတင်ပြလိုက်ပါသည်။
BLACK BOX OR ACIENT EQUIPMENT
Last Post I wrote expressed the old property values. Once the old equipment will be present in countries like the Black Box. Black box of the plane that went off (black box) to see all the events during the flight. The record from the black boxes of an ancient culture with the modern era have been through some of the human stories are in store.
Everything related to ancient culture is actually important in the respective communities. Piece of broken mud Pot, a piece of broken pottery Not according to the child models and the pipe that era who were at that time is drawing fire poured charcoal Even with a difficult child with any financial measure which can not be cut off values ​​are. The average child is a serious crime clues through the view can be identified as small children in a small antique land of the agreement, to fill time.
In addition, the country, As a society, the ancient cultural products in foreign countries, ‘Sold outside’ agencies did not get queries. These items can them. Museum, shows a systematic preservation of the dignity of their country and society Society, increase I mean no slack available throughout abrasions income.
The works of these ancient cultures, including the museum in preserving ancient culture at home and abroad to attract tourists from the whole territory of the revenue available, The number of local employment opportunities can be identified.
Famous Ann Coward other ancient cultures, including school buildings and preserving the culture works in Cambodia and the year 2014 more than four million foreign visitors were able to attract attention (4,502,775) Agriculture and managed to find the garment industry and the country's biggest income. For many citizens been able to create employment opportunities.
Now our country fortunately, with Sri Kestra , Han Lin, Vishnu the ancient territory, as has been recognized by UNESCO as a World Heritage ancient territories, prestige and revenue growth, as soon Employment opportunities have been coming in existence, the ancient Black Box has been submitted would also like to let amall acient equipments about conservation.

Sort:  

voteပေးခဲ့ပါတယ်

Upvote ကို မိနှစ် ၄၀ တစ်ခါသာ လုပ်ပေးခြင်းဖြင့် မိမိသူတပါး ၂ ဦးလုံးအတွက် $ ရပါမည်။ ဆက်တိုက်မလုပ်ရပါ၊

Follow ပြီးvoteပေးခဲ့တယ်
စလုပ်တာမို့ လက်တွဲခေါ်ပေးပါအုံး

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57451.97
ETH 3105.02
USDT 1.00
SBD 2.32