သိုက်ပေါင်းစုံစွာဒေးစွန်းပါ
ပဲခူးရိုးမရဲ့တောင်စွယ်တောင်တန်းတွေအနက်
ဒေးစွန်ပါတောင်တန်းဟာ လောကီခရီးလမ်းနဲ့
ဂမ္ဘီရစိတ်ဝင်စားသူများအတွက် ရတနာသိုက်
ကြီးတစ်ခုသဖွယ် အလွန်စိတ်ဝင်စားဖို့ကောင်း
လှပါတယ် ။
သိုက်ပေါင်းစုံစွာဒေးစွန်ပါဆိုတဲ့အတိုင်း မြန်မာ
ပြည်အရပ်ရပ်က သိုက်တွေနဲ့ယှက်နွယ်နေပြီး
ဘုရားပွဲတော်အပြင် သိုက်နန်းရှင်တွေလည်း
အပြင်ထွက်ခွင့်ရတဲ့ သီတင်းကျွတ်လပြည့်ကျော်
၈ ရက်နေ့ကို အမတော်ပွဲအနေနဲ့ သီးခြားကျင်း
ပပေးရာ ဘုရားလည်းဖြစ်ပါတယ်။
အမတော်ပွဲနေ့မှာ အနယ်နယ်အရပ်ရပ်က
လာကြသူတွေဟာ ပျားပန်းခပ်မျှ ကြိတ်ကြိတ်
တိုးစည်ကားနေသလို သိုက်ထဲကထွက်ခွင့်ရ
ဥစ္စာစောင့်တွေနဲ့ဆုံတွေ့ကြတဲ့ ဖြစ်ရပ်အဖုံဖုံ
ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။
ဒေးစွန်ပါစေတီတော်ရဲ့ လက်ဝဲဘက်မှာ ရွှေ
စွန်ပါ မြစွန်ပါနဲ့ တောင်တက်လမ်းက ရင်ကွဲ
ဇရပ် မျှော်တော်ယောင်စေတီ ရင်ပြင်တော်
နဲ့ တဆက်တည်းမှာရှိတဲ့ သိုက်နန်းကြီးအပြင်
နွားဝှေ့တောင်ဟာ လူအများ စိတ်အဝင်စား
ဆုံးနေရာတွေဖြစ်ပါတယ် ။
အနောက်တကြောကိုဆက်လေ့လာကြည့်ရင်
ကျိုက်စွန်ပါစေတီ ကျောက်ထီး ကျောက်ဖျာ
ရွှေစေတီ ဂမုန်းရှင် ဂမုန်းတောင် လှိုင်းခတ်
စေတီ သဗ္ဗဣစ္ဆိတံနဲ့ ကမ္ဘာ့ရောင်ခြည်စေတီ
တို့ကို ဖူးတွေ့ရမှာဖြစ်ပြီး တော်ရုံသမာဓိနဲ့
အားမထုတ်ရဲတဲ့ နေရာတွေဖြစ်ပါတယ် ။
ဒေးစွန်ပါစေတီတော်အစစ်ဟာ နိက္ခမံရွှေစင်
ပကတိနဲ့ထုလုပ်ထားတဲ့ ကိုးတောင်ပြည့်စေ
တီတစ်ဆူဖြစ်ပီး စေတီတော်နဲ့အတူ တစ်ပင်
လုံး နက်မှောင်နေတဲ့ ကင်ပလင်းနက်ပင် ။
ထူးခြားတဲ့ရေကန်ကြီးတစ်ကန်နဲ့ လူသူတော်
တစ်ပါးကို ပါရမီထူးသူများ ဘဝဆက်နီးသူ
များ တွေ့ဖူးကြတယ်လို့ဆိုပါတယ် ။
ဒေါ်မျှင်ဆိုသူဟာ အသက်၁၃ နှစ်အရွယ်မှာ
မိဘတွေနဲ့အတူ ဒေးစွန်ပါဘုရားမှာ ဥပုသ်
စောင့်ရင်း တောင်အောက်ကို ရေဆင်းခပ်
ရာက ဒေးစွန်ပါဘုရားအပြင် ကင်ပလင်းနက်
ပင်နဲ့ လူသူတော်ကြီးကိုတွေ့ခဲ့ဖူးသူပါ ။
လူသူတော်ကြီးက " ကလေးမ ရေကန်ထဲက
ခပ်သွား " လို့ ဆိုတာနဲ့ ကန်ကြီးထဲကရေခပ်
ပီး တောင်ပေါ်ရောက်တော့ အကျိုးကြောင်း
ပြောပြတဲ့အခါ နားလည်သိရှိသူတွေက
တောင်အောက်မှာ ရေကန် တစ်ကန်မှမရှိ
ကြောင်းနဲ့ မယ်မျှင်ဖူးခဲ့ရတဲ့ဘုရားကို ဖူးဖို့
ဆင်းပီးရှာကြတဲ့ခါ အစအနတောင် ရှာလို့
မတွေ့ရတော့ပါဘူး ။
လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်က အန်တိုနီ
ဆိုတဲ့ မျက်နှာဖြူတစ်ဦးဟာ တောပစ်ထွက်
ရင်း ဒေးစွန်ပါစေတီအစစ်ကို အမှတ်မထင်
မြင်ခဲ့ရပီး စေတီကိုလက်ညှိုးနဲ့ထိုးကြည့်တဲ့
အခါ ရွှေတွေဟာ အလွန်ပျော့ပျောင်းတဲ့အ
တွက် အထဲကိုအိဝင်သွားတယ်လို့ဆိုပါတယ်
စေတီအနီးမှာ အလွန်ချောမောလှပတဲ့မိန်းမ
ပျို ၈ ဦးဟာရွှေနန်းကြိုးတွေနဲ့ ရက်ကန်းခတ်
နေကြပါတယ် ။သူက " ဘယ်သူဝတ်ဖို့လည်း "
လို့ မေးကြည့်တော့ အရိမေတ္တယျဘုရားကို
လှုဖို့လို့ ဖြေပါတယ် ။
အန်တိုနီရဲ့မြစ်တော်သူဟာ သူငယ်ချင်းတွေနဲ့
အတူ ဘုရားကိုလိုက်လာရင်း အပြန်မှာ ကား
ပေါ်ကိုမတက်ခင် ရင်ကွဲဇရပ်နားမှာအပေါ့သွား
ရာက ခေါင်းကဆံပင်တွေ ( မိုးကြိုးစက်ကွင်း
မိသလို ) အပေါ်ကိုထောင်တက်နေပီး မျက်
တောင်မခပ်ပဲ ငုတ်တုတ်ကြီး သတိလစ်နေတဲ့
အတွက် ကားပေါ်ကိုမ,တင် ရန်ကုန်ကိုအမြန်
မောင်း သူတို့ဘာသာဆိုင်ရာ ဆရာတွေပင့်ပီး
ဆုတောင်းပေမယ့် သတိပြန်မရပါဘူး ။
အိမ်နီးနားချင်း ဗုဒ္ဓဘာသာဝင်တစ်ဦးပြောတဲ့
အတိုင်း သိုက်ပွဲချက်ချင်းပြင်ပီး လှမ်းတောင်း
ပန်လိုက်တော့မှ …ဟင်းးးးး ကနဲအသံနဲ့အတူ
ဆံပင်တွေ မူလအတိုင်းဖြစ်ပီး သတိပြန်ရလာ
ပါတယ်။ နောက်တော့ တစ်မိသားစုလုံး ဗုဒ္ဓ
ဘာသာအဖြစ်ကူးပြောင်းသွားပါတယ် ။
©
စိတ်ဝင်စားသူရှိရင်ဆက်တင်ပေးပါမယ့်
နမောဗုဒ္ဓဿ
Cd , Mya Kyar Phyu