Rare Photography ရှားပါးဓါတ်ပုံ

in #history7 years ago (edited)

image
ရှာပါးဓါတ်ပုံ
ဓါတ်ပုံတိုက်မှာ ကျွန်တော် အပ်ထားတဲ့ ဓါတ်ပုံရဖို့ သုံးနာရီလောင် စောင့်ခဲ့ရတယ်။ အနယ်နယ်အရပ်ရပ်က ဓါတ်ပုံဆရာတွေလည်း ဒီဆိုင်မှာ တွေ့ရတယ်။ အပျော်တမ်းဓါတ်ပုံသမားတွေကလည်း တွေ့ရတယ်။ လူတိုင်းနီးပါးဟာ ဒစ်ဂျစ်တယ်ကင်မရာကို ကိုင်နိုင်နေကြတော့ ဓါတ်ပုံဆေးတဲ့|ကူးတဲ့လုပ်ငန်းဟာ တော်တော်ကို အလုပ်ဖြစ်နေတယ်။
အရင်တုန်းကဆို ဓါတ်ပုံတစ်ပုံရိုက်ဖို့ ဓါတ်ပုံတိုက်ကိုသွားရတယ်။ မီးထိုးရတယ်။ မှန်ထိုးရတယ်။
ဓါတ်ပုံရိုက်ပြီးပြီ ဆိုရင်လည်း နှစ်ရက်|သုံးရက် စောင့်ရတယ်။ အခုခေတ်မှာတော့ ဒီလိုမဟုတ်တော့ပါဘူး။ ဖူဂျီဖလင်တို့|ကိုနီကာလာဖလင်တို့ ဆိုရင် မသုံးသလောက်ကို ဖြစ်နေပါပြီ။ ဖလင်ထည့်ပြီး ရိုက်ရတဲ့ကင်မရာတွေ ရှေးဟောင်းပစ္စည်း ဖြစ်ကုန်ပြီ။
အဲ့သည့်နေ့က ဓါတ်ပုံတိုက်မှာထိုင်ရင်း မြင်မိ|တွေးမိတာလေးတွေကို ရေးပါရစေ။
ဓါတ်ပုံဆရာတစ်ယောက်က အလှုတစ်ခုရဲ့ ဓါတ်ပုံတွေ လာကူးတယ်။ ဓါတ်ပုံပေါင်း ၃၀၀ ကျော်လောက်ရှိမယ် ထင်တယ်။ နားဖောက်တဲ့ ဓါတ်ပုံတွေလည်း ပါတယ်။ ဆံချတဲ ဓါတ်ပံတွေလည်း ပါတယ်။ ဝင်းခင်းပြီး စီတန်းလှည့် လည်နေတဲ့ ပုံတွေလည်း ပါတယ်။ မိသားစု ဓါတ်ပုံတွေလည်း ပါတယ်။ တစ်ကယ့်ကို ထောင့်စေ့အောင် ရိုက်ထားတဲ့ ဓါတ်ပုံတွေပါ။
နောက်ထပ် ဓါတ်ပုံဆရာတစ်ယောက်က မင်္ဂလာဆောင်တစ်ခုရဲ့ ဓါတ်ပုံတွေဖြစ်မယ် ထင်တယ်။ ဧည့်ခံပွဲပုံတွေ တစ်ယေက်ကိုတစ်ယောက် မုန့်ခွံ့ကျွေးနေတဲ့ ပုံတွေ|သီချင်းဆိုနေတဲ့ပုံတွေ|လက်ချင်းချိတ်လို့ အတူတွဲပြီး လမ်းလျောက်လာသောပုံတွေ |ဟိုဘက်မိဘ|ဒီဘက်မိဘ|ဟိုဘက်ဆွေမျိုး|ဒီဘက်ဆွေမျိုးတွေနဲ့ အုပ်စုဖွဲ့ ရိုက်ထားတဲ့ပုံတွေက မနည်းလှပါဘူး။
နောက်ထပ် တစ်ယောက်ကတော့ ဓါတ်ပုံဆရာ ဖြစ်ဟန်မတူဘူး။ ခရီးသွားရင်း ပါလာတဲ့ ဒစ်ဂျစ်တယ် ကင်မရာနှင့် ရိုက်ထားတဲ့ပုံတွေ ဖြစ်မယ်ထင်တယ်။ ရှုခင်းပုံတွေ ပါတယ်။ ဘုရားပုံတွေ ပါတယ်။ စေတီပုံတွေလည်း ပါတယ်။ သူငယ်ချင်းတွေနဲ့ ပြုံးပျော်နေတဲ့ ပုံတွေလည်း ပါတယ်။ သူ့ပုံတွေကို အကဲခတ်ကြည့်ရတာ ကျိုက်ထီးရိုးက ပြန်လာတဲ့ ဓါတ်ပုံတွေဖြစ်ဖို့များတယ်။
နောက်ထပ် တစ်ယောက်ကလည်း အပျော်တမ်းလက်ဆော့ထားတဲ့ ဓါတ်ပုံတွေဖြစ်မယ် ထင်တယ်။ ဒစ်ဂျစ်တယ်ကင်မရာဆိုတော့ လက်ဆော့လို့ တော်တော်ကောင်းတယ်။ ကိုယ်မကြိုက်တဲ့ ဓါတ်ပုံတွေဆိုရင် ဒလိ(Delete) လုပ်လိုက်ရုံပဲ။ ဖလင် ဖိုးလည်း မကုန်ဘူး။ ဒစ်ဂျစ်တယ်ကင်မရာရဲ့ မြင်ကွင်းမှာကြည့်ပြီး ကိုယ်စိတ်ကြိုက် ဖျက်ပစ်နိုင်တယ်။ ပုံကို ပြုပြင်ယူလို့ရတယ်။ သူ့ပုံတွေက Shopping မှာရိုက်လာတဲ့ ဓါတ်ပုံတွေ ဖြစ်ဖို့မျာူတယ်။ သူတို့ ဓါတ်ပုံတွေ ကြည့်ရတာ ပျော်စရာကောင်းလိုက်တာ။
ကျွန်တော့ ပုံတွေအကြောင်း ပြောရဦးမယ်။ ဘုရားဖူးကပြန်လာတော့ ဘုရားဖူးပုံတွေချည်းပါပဲ။ ကိုယ်နဲ့အတူ ခရီးသွားခဲ့တဲ့ ခရီးသွားဖော် တွေရဲ့ပုံတွေ ။ ရှေးဟောင်း ဘုရားပုံတွေ | ရှုခင်းပုံတွေ စသည်အားဖြင့် ဓါတ်ပုံတွေကတော့ အစုံအလင်ပါပဲ ။ ဓါတ်ပုံပေါင်း ၂၀၀ ကျော်လောက် ရှိပါတယ် ။
အိမ်က ကွန်ပြူတာမှာလည်း ဓါတ်ပုံအဖြစ် မကူးဖြစ်တဲ့ ရိုက်ထားတဲ့ပုံတွေ အများကြီး သိမ်းထားပါသေးတယ် ။ ဓါတ်ပုံရိုက်တာကို ကျွန်တော်က ဝါသနာပါပါတယ် ။ ကင်မရာ သုံးလေးမျိုးလောက် ကျွန်တော် ကိုင်ဖူးတယ် ။ အိမ်မှာဆိုရင် ဓါတ်ပုံတွေ အများကြီးပါပဲ ။
ခရီးသွားတိုင်း | ခရီးထွက်တိုင်း ရိုက်ခဲ့တဲ့ မှတ်တမ်းတင်ထားတဲ့ပုံတွေ တစ်ပြုံတစ်မကြီးပါပဲ ။
ဓါတ်ပုံတိုက်မှာ ဓါတ်ပုံရဖို့ စောင့်နေရင်း ဓါတ်ပုံဆရာ တစ်ယောက်နဲ့ စကားပြောဖြစ်ကြတယ် ။ ဓါတ်ပဲအကြောင်းပေါ့ ။ သူက ဓါတ်ပုံရိုက်တဲ့သက်တမ်း နှစ် ၃၀ ကျော်ပြီတဲ့ ။ ကင်မရာမျိုးစုံ ကိုင်ဖူးတယ် ။ ခေတ်အဆက်ဆက် ကင်မရာအကြောင်း သူကျွမ်းကျင်တယ် ။
ရှားပါးတဲ့ ဓါတ်ပုံတစ်ပုံအကြောင်း သူပြောပြတယ် ။
''ဆရာ . . . . . ဆရာ့ကင်မရာနဲ့ ဓါတ်ပုံအရေအတွက် ဘယ်လောက်ရိုက်ပြီးပြီလဲ''
''မမှတ်မိတော့ပါဘူးဗျာ | တော်တော့ကိုများလှပြီ''
''ဆရာ . . . . . ဘယ်လိုပုံတွေရိုက်ဖြစ်လဲ ။
''အမျိုးမျိုးပါပဲဗျာ | ခရီးသွား ဓါတ်ပုံတွေတော့ ပိုများတယ် ။
''အဲ့ဒီလောက်များတဲ့ ဓါတ်ပုံတွေထဲမှာ ကျွန်တော် အခုပြောမဲ့ ဓါတ်ပုံ ဆရာ့မှာ မရှိလောက်ဘူး''
''ဘာပုံမို့လို့လဲဗျ''
''ကျွန်တော်လည်း ခုမှသိရတဲ့ အသိပါ | ဒါပေမဲ့ ကျွန်တော် အသိနောက်ကျသွားပါပြီ''
ဘယ်လိုဓါတ်ပုံ ဖြစ်မလဲဆိုတာကို ကျွန်တော်တွေးနေမိတယ် ။ အဲ့ဒီအချိန်မှာ သူဟာ သူ့အိတ်ထဲပါတဲ့ ဓါတ်ပုံတစ်ပုံ ထုက်ပြတယ် ။ အသက် ၇၀ ကျော်အမေအိုနဲ့ အသက် ၅၀ ကျော် သားယောင်္ကျားတစ်ယောက် တစ်ယော်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးနေကြတဲ့ ဓါတ်ပုံပါပဲ ။
''ဒါက . . . . . ဒီအမျိုးသားရဲ့အမေ | ဒီအမျိုးသားက ကျွနိတော့ သူငယ်ချင်း ။ သူက မူလတန်းကျောင်းအုပ်ဆရာကြီး ။ တစ်ရက်မှာ သူက သူ့အမေနဲ့သူ တွဲပြီး ရိုက်ခဲ့တဲ့ ငယ်ငယ်တုန်းက ပုံတွေပဲရှိတာ ။ အသက် ၅၀ ကျော်တဲ့သူနဲ့ အသက် ၇၀ ကျော်အမေနဲ့ တွဲပြီးရိုက်တဲ့ပုံ လိုချင်တယ်လို့ ပြောတယ် ။ ကျွန်တော်တို့ | ခင်ဗျားတို့မှာ ကိုယ့်ချစ်သူနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေ သူငယ်ချင်းတွေနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေ အများကြီးရှိတယ် ။ဒါပေမဲ့ အသက် ၇၀ ကျော် မိခင် | ဖခင်နဲ့ ကိုယ်နဲ့ နှစ်ယောက်တည်းတွဲရိုက်ထားတဲ့ ဓါတ်ပုံ မရှိသလောက် ရှားတယ်ဗျာ | မရှိသလောက်ပါပဲ ။
သူပြောမှ စဉ်းစားမိတယ် ။
''ဆရာ . . . . . ဒီဓါတ်ပုံတွေကို သေချာကြည့်ပေးပါ ။ အမေအိုရဲ့ တွန့်လိမ်နေတဲ့ ပါးရေတွေဟာ လောကဓံကို အနိုင်ယူခဲ့တဲ့ သင်္ကေတတွေပါပဲ ။ ဖြူဖွေးနေတဲ့ ဆံပင်တွေဟာ တည်ငြိမ်မှုရဲ့ အနက်အဓိပ္ပါယ်ကို ဖော်ပြတယ် ။ အမေအိုရဲ့ အပြုံးအောက်မှာ ကျိုးပဲ့နေတဲ့ သွားတွေကိုမြင်ရတယနော် ။ ဒါတွေဟာ လောကရဲ့မတည်မြဲမှုနဲ့ ဖြစ်ပျက်ပြောင်းလဲမှုကို ခံနိုင်ရည်ရှိတဲ့အပြုံးဗျ ။ သူ့သားကို ပြုံးပြီး ကြည့်နေလိုက်တာများ''
သူပြတဲ့ဓါတ်ပုံကို ကျွန်တော်သေချာကြည့်နေမိသည် ။ တော်တော့်ကို ကြည်နူးစရာကောင်းတယ် ။
''အသက် ၅၀ ကျော်သားရဲ့ ပုံကိုလည်း ကြည့်ပါဦး ။ အမေ့ကို အားကိုးတဲ့ အကြည့်နဲ့ ကြည့်နေလိုက်တာ | အမေ့ရဲ့ အနစ်နာခံမှုတွေကို အရိုအသေပေးနေတဲ့ မျက်လုံးမျိုးဗျ | ကျက်သရေရှိလိုက်တာ ။ သေချာပြင်ဆင်ပြီးရိုက်ရင် ဒီ မု(ဒ်) ကိုရမှာမဟုတ်ဘူး ။ သူတို့သားအမိ စကားပြောနေတုန်း ၄ | ၅ | ၁၀ ပုံလောက် ရိုက်တဲ့ထဲက အကောင်းဆုံးပုံပဲ ။ ဒီပုံကို ဒီဆိုင်မှာ ပုံကြီးလာချဲ့တာ''
ဟုတ်တယ်နော် | ကျွန်တော်တို့မှာ အသက်ထင်ရှား အဖေရှိတယ် | အမေရှိတယ် | ဒါပေမဲ့ ဒီအရွှယ်ရောက်မှ အဖေအိုနဲ့တွဲပြီး ရိုက်တဲ့ဓါတ်ပုံ မရှိဘူး ။ အမေအိုနဲ့ တွဲပြီး ရိုက်တဲ့ဓါတ်ပုံမရှိဘူး ။ ရိုက်ဖို့လည်း သတိမရကြဘူး ။ ကျွန်တော်တို့မှာ ကိုယ်ပိုင် ကင်မရာတွေ ရှိကြတယ် ။ အပျော်ကြည့် ဓါတ်ပုံတွေမှအများကြီးပဲ ။ အမေအို | အဖေအိုနဲ့ အသက် ၃၀ ၄၀ ကျော် သားသမီးတွေနဲ့ နှစ်ယောက်တွဲ ရိုက်တဲ့ဓါတ်ပုံ မရှိသင့်ဘူးလားဗျာ. . . . .
image
Rare Photography
Photos pick a photo I had to wait three hours to get burned. Many parts photographer can see this shop. Amateur photos are in excellent condition. Nearly everyone has a digital camera, you're no longer able to hold a photo | quite work.
In the past, go hit a photo image. FLASH. True.
If you've been photographing for two days and had to wait for three days |. This is no longer today . Fuji film | film is almost ready. The wrong type of film camera antique ended.
That day, I saw the photo, sitting devoted | Melissa Walker.
The pictures of a rocking of a photographer. I think more than 300 billion photos. Pictures of the ground. Many hair tents Portland. Lined courtyard paved wander from the right. Family photos. One end of the actual angle pictures taken.
Further, a photographer, maybe pictures of a wedding. Reception pictures of bread from one of the guards a song of bread to feed images | pictures | Walk hooks paired images | The other parent | This parent group | Be | This way relatives and relatives taken no less photogenic.
Another one is a photographer seems to be different. Maybe traveling the accompanying pictures taken with digital cameras. Landscape pictures. Buddha images. Are also invited. Many friends and smiling. Watching the pictures, looks like u pictures likely returned.
The latter one, maybe, amateur photographs Tampering. Digital camera tampering getting free. If I did not like pictures of just (Delete). Not the end of the film worth. See the digital camera's screen, you can delete custom. The image can be modified. Images also be pictures from Shopping. Their looks at good fun pictures.
I'll have to speak about. When I returned from the pilgrimage pilgrimage alone. I was traveling with an image of a traveling companion. Antique pictures | The landscape images, complete with pictures. There are more than 200 photos.
The home computer as a photo of the store a lot of pictures taken. Pictures as a hobby. I've been holding the camera for about three or four. House, a lot of pictures.
Travel | The traveling photos images recorded in a huddle.
Photos are talking while waiting to pick photo photographer started. Sketchy. Shoot for more than 30 years older than he. I've been holding a variety of camera. Ages camera skills.
He explained about rare photo.
''teacher . . . . . You've taken on how many camera photos to the teacher '
'' I recognize | Pretty '
''teacher . . . . . What kind of images.
'' Qualities | Travel and more pictures.
'' I got pictures of the teacher in this photo is not enough '
'' Q '' candy
'' I know the sense of | But the late 'notified'
How Photography happens to think myself. He stays in his bag ထုကျ showed me a photo. More than 70 years old and was one of more than 50 men who live in the face of a smiling photo.
'' It is. . . . . The National | The national symbol of the friends. Elementary school. One day, he along with his mother and he were just pictures of photos younger. Over the age of 50 and over the age of 70 alongside the mother says I want a movie. | You together with your friends in pictures taken a lot of pictures taken with friends. But mothers over the age of 70 | Father and rarely have exactly two photos taken with the skull | Disclosed.
The essence of thought.
''teacher . . . . . Are you sure these pictures. Old Mother wiggle win too symbol sheets. White hair that's meant to show stability. Under Old Mother smile to see a broken love. These are world-lasting and resistant to change what happened did not smile. The son smiled and looked better ''
He showed a photo to look weaker. So much pleasure.
'' See also the children over the age of 50. Try to rely on Mother looked better | Her sacrifice and respect, while the eye here | I charm. If you are modified food (s) will not be able to. They are still talking to her 4 | 5 | About 10 out of the movie. The shop was expanded this image ''
right | We have seen my father | Mother | But along with the next naked father no movie image. There are no photos alongside the old movie. The hit did not remember. We have a self-camera video. So much fun to see pictures. O | My father, 40, 30, and two children have been no movie image I agree. . . . .
image
photos credit by google
@evernewHFS-4
MSC 116

Sort:  

Goodတယ်​ညီ​လေး​ရေ

ကျေးဇူးပါအကို e လိုကတော့မှန်မမှန်မသိဘူး app နဲ့ချထားတာ

အဖြူ အမဲ နဲ့ မိဘ၂ပါးရဲ့ ရှားပါး ဓာတ်ပုံလေးက အခုဆို ကျမအတွက်တော့ တန်ဖိုးဖြတ်မရတော့တဲ့ ရတနာပါ

ဟုတ်ကဲ့ပါအစ်မ စာကိုဖတ်ပေးတာကျေးဇူးတင်ပါတယ်

ကျေးဇူးပါညီ

တော်​ဒယ်​bro

thank ညီ

အရေးအသားသဘောကျတယ် fighting

ကျေးဇူးပါအကိုရေ

အောင်မြင်ပါစေ ညီငယ်

ဒီနေ့မှပြန်စတင်ဖြစ်တာလေ

ဟုညီ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65236.35
ETH 3483.12
USDT 1.00
SBD 2.51