ကျွန်နော် သိသောအချစ်

in #hfsmy8 years ago

အချစ်
ကျွန်နော်သိတဲ့ အချစ်ကတယောက်နဲ့တယောက်အပြန်အလှန်
နားလည်မှူ့တွေနဲ့လို့ထင်ခဲ့မိတယ် တယောက်အဆင်မပြေတဲ့အချိန်
တယောက်ကဖေးမကူညီးအားပေးရမယ်ပေါ့ ကျွန်နော့အထင်မှား
သွားခဲ့တယ် ခုခေတ်အချစ်က အဆင်မပြေရင်တယောင်ပြောင်း
မယ်ဆိုတဲ့သဘော ခက်တာကအဲ့တာမှားလားမှန်လားတော့ ကျွန်
နော်မသိပါဘူး ကျွန်နော့ကတော့ သူစိမ်းတယောက်နဲ့တယောက်
ချစ်ကျကြိုက်ကျတယ်ဆိုတာ တဦးနဲ့တဦးအပြန်အလှန်နားလည်မှူ့
လေးတွေထားမယ် အဆိုးအကောင်းအတူတိုင်ပင်ပြီးရှေ့ဆက်မဲ့ခ
ရီးကိုဖြတ်သန်းမယ်ပေါ့ အခန့်မသင့်လို့ တယောက်နဲ့တယောက်
အဆင်မပြေတိုင်းသာပြတ်ကျမယ် အသစ်ပြောင်းမယ်ဆိုတာ သိပ်
တော့သဘာဝမကျဘူးလို့ထင်ပါတယ် ကိုယ်ချစ်တဲ့သူကို သူများ
နဲ့မနှိုင်းပါနဲ့ ကိုယ်ဘဝအတွက်လက်တွဲဖော်ဆိုတာ ကိုယ်တိုင်နား
လည်မှူ့နဲ့တည်ဆောက်ရတာပါ လူတွေပဲ အမြဲတမ်းတော့ဘယ်
ကောင်းနိုင်မလဲ အခန့်မသင့်တဲ့အခါ စကားများမယ် ရန်ဖြစ်မယ်
စကားနိုင်လုပြောမယ် လူအမျိုးမျိုးစိတ်အမျိုးမျိုးပဲလေ တဖက်
သက်ကြီးနားလည်ပေးနေလို့ ဘဝတလျှောက်လုံးအဆင်မပြေနိုင်
ပါဘူး လူဆိုတာ မျိုသိပ်တာများလာရင် ပေါက်ကွဲတတ်တဲ့အမျိုး
ဆိုတော့ ဘာကြောင့်ပဲဖြစ်ဖြစ်ပွင့်ပွင့်လင်းလင်းနဲ့ ဒေါသမပါ ချိုချို
သာသာလေးတယောက်ကိုယ်တယောက် ရင်ဖွင့်ပြောဆိုမယ်ဆို
အဆင်ပြေမယ်လို့ထင်မိပါတယ်။

Sort:  

အချစ်​ အချစ်​😃

😍😗

အချစ်​ဆိုတာ

မှန်ပါတယ် အကို

ကောင်းပါတယ်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 64978.52
ETH 1881.05
USDT 1.00
SBD 0.39