တစ်ချိန်ကသူငယ်ချင်းများသို့

in #hfs6 years ago

image ဒီပုံလေးကိုမြင်တော့ကျွန်တော်တို့ကလေးဘဝကပုံရိပ်လေးတွေကိုပြေးမြင်မိတယ်ဗျာ။ကျွန်တော်တို့ရွာမှာစာသင်ကျောင်းတော့ရှိပါတယ်မူလတန်းအဆင့်ကျောင်းလေးပါ။မူလတန်းအဆင့်ကျော်လွန်လို့အလယ်တန်းအဆင့်ရောက်လာရင်တော့ရွာနဲ့တစ်မိုင်လောက်ဝေးတဲ့အခြားရွာတစ်ရွာကိုသွားရောက်ပြီးကျောင်းတက်ရတာပါ။အဲဒီရွာမှာတော့အလယ်တန်းအဆင့်ထိတက်လို့ရတဲ့အဆင့်မြင့်ကျောင်းတွေရှိနေလို့ပါ။ယခုဆိုရင်အထက်တန်းအဆင့်ပါတိုးချဲ့ဖွင့်လစ်ထားတယ်သိရလို့အရမ်းဝမ်းသာမိပါတယ်။ကျွန်တော်တို့ငယ်ငယ်ကျောင်းသားဘဝမှာဆိုင်ကယ်ဆိုတာဝေးလို့စက်ဘီးတောင်မစီးနိုင်ကြပါ။ရွာကနေကျောင်းကိုခြေကျင်သွားတော့ကျေးလက်တောလမ်းတွေဆိုတော့ဖုန်တစ်ထောင်းထောင်းနဲ့နွားအုပ်မောင်းလာသလိုဘဲအဖွဲ့လိုက်လူတွေအများကြီးဆိုတော့ပျော်စရာကြီးပါ။အခုလိုလက်ပံပွင့်ချိန်ရောက်ပြီဆိုရင်ရွာကိုအရမ်းသတိရမိတယ်။သူငယ်ချင်းတွေနဲ့လက်ပံပွင့်ကောက်လက်ပံပင်အောက်မှာဆော့ကစားပျော်ပါးရင်းကျောင်းအတူသွားခဲ့ကြတဲ့ကျောင်းနေဘက်သူငယ်ချင်းများအားလုံးလဲခုချိန်ဆိုကျွန်တော့လိုဘဲငယ်ဘဝကိုပြန်လည်လွမ်းဆွတ်တမ်းတသတိရနေကြလိမ့်မယ်လို့ထင်ပါတယ်။ခေါင်းလောင်းသံတညံညံပေး...တဲ့ ရွာကျောင်းကိုပြေးမြင်မိတယ် သတိရနေတယ်သူငယ်ချင်းရေ တို့များငယ်ငယ်တုန်းကအဲဒီသီချင်းလေးလိုပါဘဲနောက်ဆုံးတော့အသီးတစ်ရာအညှာတစ်ခုပါဘဲဗျာ အစဉ်လေးစားလျှက်.......

                       Z..K..L..ရွှေလည်
                       Fb photo credit
                       HFS: @yemon
Sort:  

Congratulations, you were selected for a random upvote! Follow @resteemy and upvote this post to increase your chance of being upvoted again!
Read more about @resteemy here.

ငယ်​ကေ​ ​ကြာင်း​​လေးေ​တွ​ပေါ့

ဟုတ် bro

စာသားလေးတွေ လှပါတယ်

ကျေးဇူးပါ ညီညီ

miss them?

Thank sis

အားပေးနေပါတယ်

ကောင်းပါတယ် ခင်ဗျာ

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 66599.39
ETH 3336.69
USDT 1.00
SBD 2.70