ရှား​စောင်းလက်​ပတ်​ ( ALOE VERA )

in #hfs6 years ago

ရှားစောင်း လက်ပပ်

  ရှားစောင်းလက်ပပ်ဟာ အစိမ်းရောင် အရွက်ထူထူများပြီး အရင်းတုတ်၍ အဖျားသွယ်ပါတယ်။ တစ်ပင်

မှာ အရွက်(၅)ရွက်၊မှ(၆) ရွက်ခန့်ညီညာလှပစွာ ဖြာ၍ ထွက်ပါတယ်။
မိုးခေါင်ရေရှားဒေသများမှာ သဘာဝအားဖြင့် ပေါက်ရောက်ကြပါတယ်။မြန်မာနိုင်ငံ အပူပိုင်းဒေသများ ဖြစ်သော အညာမြေမှာ ရှားစောင်းလက်ပပ် ပင်များ ပေါက်ရောက်ကြပါတယ်။ ရှားစောင်းလက်ပပ် ပင်ကို
ဆေးဖက်ဝင်တယ်၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ ကြွယ်ဝတယ် ဆိုပြီးကမ္ဘာမှာ ရေပန်းအစားဆုံးအလှကုန်ပစ္စည်းများ၊အလှကုန်အသုံးအဆောင်များထုတ်လုပ်ရာမှာ အထုံးထုတ်လုပ် သုံးစွဲ
ကြပါတယ်။
ဒါ့အပြင် အမေရိကန်မှာမီးလောင်ဒဏ်ရာ အသေးအဖွဲလေးများ၊ပြတ်ရှဒဏ်ရာငယ်လေးများနဲ့ပွန်းပဲ့ ဒဏ်ရာလေးများမှာ လိမ်းဆေးအဖြစ် ဖော်စပ်သုံးစွဲ ကြပါတယ်။
သောက်ဆေးအဖြစ်ကတော့ ၀မ်းပျော့ဆေးအဖြစ် သုံးစွဲကြပါတယ်။အစာအိမ် အူလမ်းကြောင်းမှာ
အနာမဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
ခန္ဓာကိုယ်ခုခံစွမ်းအားကို ပိုမိုတိုးပွားစေတဲ့အပြင် ဗိုင်းရက်(စ်) ပိုးကိုလည်း ခုခံတိုက်ထုတ်နိုင်ပါတယ်။
ဒါ့ကြောင့် AIDS ကုသရာမှာလည်းအထောက်အကူပေးတယ်လို့ဆိုပါတယ်။
ရှားစောင်းလက်ပပ်သူ့ချည်းသက်သက်တောင် အကောင်းဆုံးဆေးဖတ်ဝညင်လှပါတယ်။ ရှားစောင်းလက်ပပ် ဖျော်ရည်ကိုသောက်ခြင်းဖြင့် ဘာတွေကောင်းသလဲဆိုတောံလေ့လာချက်များမရှိသေးဘူးပါတဲ့။
ရှားစောင်းလက်ပပ်သည် ဆီရောဂါဝေနာ ရှင်များအတွက် လွန်စွာအစွမ်းထက်သော အပင်မျိုးဖြစ်သည်။
ဆီးနိခြင်း(သွေးကဲ့သို့နီ)ခြင်း၊ကိုက်ခဲခြင်း စသော ဝေဒနာများကို ရှားစောင်းလက်ပပ် ဖြင့် ကုစားပါက သက်
သာပျောက်ကင်းကြောင်းကို တွေ့ရှိပေသည်။
ယောကျာ်းမှာဆီး၊မိန်းမမှာမီး ဆိုသည့်စကား ရှိလေသည်။ဆီးမပေါက်နိုင်ကြသဖြင့် ဆီးပိုက်သွယ်၍ဆီးအိတ်ကြီး တကိုင်ကိုင်ဖြင့် နေရသည်မှာ အင်မတန်ဒုက္ခရောက်ကြရပါသည်။
ထို့ကြောင့် ရောဂါဝေဒနာ မလွန်ခင်ကြိုတင်ကာကွယ် သင့်လျှင် ကာကွယ်ရအောင် အောက်ဖော်ပြပါ ဆေးနည်းများကို တင်ပြလိုက်ရပါသည်။
ရှာစောင်းလက်ပပ် ကို ရေစင်အောင် ဆေူးပါ။ ထို့နောက် အကြောများကိုလွှာပြစ်ပါ။ အတွင်းမှ အနှစ်များကိုခြစ်ထုတ်၍ ကြွေပန်းကန်လုံး ထဲထည့်ပါ၊
ပြီးလျှင် သကြားကိုစတီးဇွန်းကြီးတစ်ဇွန်းမျှထည့်ပြီးနာ နာမွှေပါ။ထိုဆေးကိုစားလိုက်ပါ။ ဆေးစားပြီးတစ်နာရီခန့်မှာဆီးသွားပါလိမ့်မည်။သွားလျှင်နီကျင်ကျင် ဖြစ်နေလိမ့်မည်။ယင်းသို့သွားပြီးနောက်
အံသြဖွယ်သက်သာသည်ကို တွေ့ကြရမည် ဖြစ်သည်။
လည်ပင်းကြီးရောဂါနှင့် ရှားစောင်းလက်ပပ်
လူတို့တွင် လည်ပင်းကြီးရောဂါဖြစ်ကြသည်ကို တွေ့ဖူးကြလိမ့်မည်။ဆေးဆရာများ၏ အယူ ဖြစ်တတ်သော ရောဂါကို အောက်မုတ်ဟု ခါ်ာကသည်။
မည်သို့ပင်ဆိုစေ ရှားစောင်းလက်ပပ်ဖြင့်ကုသပါကပျောက်ကင်းချမ်းသာရနိုင်သည်။
ကုသနည်းမှာ ရှားစောင်းလက်ပပ်ကို အနှစ်များခြစ်ထုတ်ယူရမည်။ထို့နောက်၎င်းအနှစ်များကိုလည်ပင်းအဖုပေါ်တွင် တင်၍လက်ကိုင်ပဝါဖြင့်လည်းကောင်း အ၀တ်သန့်သန့်ပိတ်စဖြင့် လည်းကောင်းစည်းထားပြီးအိပ်ရာဝင်ပါ။
နံနတ်တွင် ဖြုတ်ထားပါ။တလခန်. ဆက်တုက်ပြုလုပ်ပေးပါက လည်ပင်းပေါ်က အဖုမှာ သေးပြီး ပျောက်ကင်သွားပါလိမ့်မည်။
ရှားစောင်းလက်ပပ်သည် အမျိုးသမီးများစွာအတွက် အထူးသင့်လျှော်သော ဆေးဖက်ဝင်အပင်ဖြစ်သည်။
အထူးသဖြင့်အမျိုးသမီးများတွင်ဖြစ်လေ့ဖြစ်ထဖြစ်သော မီးယပ်ပိန် ၊မီးယပ်ခြောက် ၊မီးယပ်လွန် ၊
မီးယပ်နည်းခြင်း၊အဖြူဆင်းခြင်း၊ပိန်ချုံးခြင်းမူးဝေအော့အန်ခြင်း၊အစွဲပူးသကဲ့သို့ဖြစ်ခြင်း၊သားအိမ်အားနည်းခြင်း
ကျန်းမာလျှက်သန္ဓေမတည်ခြင်း၊ ကလေးမွေးဖွားပြီးနောက်နို့ရည်အလုံအလောက်မရရှိခြင်း၊စသောအထွေထွေ
ရောဂါများနှင့်ပတ်သက်လွန်စွာအဖိုးတန်ဆေးမျိုးဖြစ်သည်။
ထို့အပြင်ရှားစောင်းလပပ်သည်အမျိုးသား၊အမျိုးသမီးများတို့တွင် ဖြစ်ပေါ်တတ်သောကာမစိတ်
ခြောက်ခမ်းခြင်းရောဂါအတွက်လည်းအထူးသင့်လျှော်ပေသည်။
ဆေးနည်းမှာ…..
၁။ ရှားစောင်းလက်ပပ် ၂၅ကျပ်သား
၂။ ထန်းလျက် ၅ကျပ်သား
၃။ ပျားရည် ၅ကျပ်သား
၎။ မန်ကျည်းမှည့် ၅ကျပ်သား
၅။ စမုန်မျိုးငါးပါး ၅ပဲ
အချိုးအစားတိုင်းမြေအိုးတွင်ထည့်မတူးမခြစ်အောင် ကျိုချက်ပါ။ အလွနန်အရသာကောင်းပါ၏။၎င်းဖော်ပြီးဆေးကိုနံနက်တကြိမ်
ညနေထမင်းစားပြီးတကြိမ် လက်ဘက်ရည်ဇွန်းတစ်ဇွန်းစားပေးပါ ။
၎င်းဆေးကို အမျိုးသမီးများအဖို့ မီးဖွားပြီးသည့်နေ့မှ စ ၄၅ရက်ကျော်လျှင် စားနိုင်ပါပြီ။
၄၅ရက်အတွင်း စားရန်မသင့်သေးပါ။
ရှားစောင်းလက်ပပ်အား ဆေးဖော်ရာတွင်
၁။မန်းကျည်းမျည့်အနှစ်
၂။ထန်းလျှက် ၂၅ကျပ်သား
၃။ ပျားရည် ၂၅ကျပ်သား
၅။ စမုန်မျိုး ငါးပါး ၈ပဲသားစိ
၎င်း ၅မျိုးကို မီးမျှင်းမျှင်းဖြင့် ကျိုချက်ပါ။ထို့နောက် တေဆေးအဖြစ်သုံးဆောင်ပါ။
ကျား/မဆီးဝမ်းလေမှန်ပါသည်။မှန်မှန်သုံးစွဲမှီဝဲပါက အင်အားပြည့်ဖြိုး
အလှတိုးစေပါသည်။

20180225192149.jpg

20180225192206.jpg

myintoo
Photo from google

Sort:  

ခုမှပဲ ရှားစောင်းလက်ပက်ရဲ့ အကျိုးကိုသိရတော့တယ်
ကျေးဇူးပါဗျ

knowledge

ဗဟုသုတရပါတယ် ကျေးဇူးပါဗျ

ကျေးဇူးတင်​ပါတယ်

သိသွားလို့​ကျေးဇူးပါ bro

well done myintoo, once again!

ကျန်းမာရေးဗဟုသုတရလို့ကျေးဇူးပါ

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 66697.56
ETH 3490.05
USDT 1.00
SBD 3.17