Hfs mm Religon Knowledge

in #hfs7 years ago

မတ်​စွာဘုရား​ဟောကြား၊ကြီးပွားချမ်းသာ​ကြောင်း(၈)ပါးအပိုင်း၁
‌Hfs familyအဖွဲ့ဝင်​အ​ပေါင်းမင်္ဂလာပါခင်​ဗျာ။မြတ်​စွာဘုရားရှင်​​ကောလိယတိုင်း၊ကက္ကရပတ္တနိဂုံးဟူ​သောရွာကြီးမှာ​ခေတ္တသီတင်းသုံး​နေ​တော်​မူစဉ်​၊ဒီဃဇာဏုအမည်​ရှိတဲ့ပုဏ္ဏားတစ်​ဦးကိုအ​ကြောင်းပြု၍​ဟောကြား​တော်​မူခဲ့​သောဒီဃဇာဏုသုတ္တန်​´´အဂုင်္တ္တရနိကာယ်​အဋ္ဌကနိပါတ်​ပါဠိ​တော်​လာကြီးပွားချမ်းသာ​ကြောင်းတရား(၈)ပါးအားထုတ်​နူတ်​​ရေးသားတင်​ပြ​ပေးမှာဖြစ်​ပါတယ်​။မြတ်​စွာဘုရားရှင်​​ကောလိယတိုင်း၊ကက္ကရပတ္တဟူ​ခေါ်​သောရွာကြီး၌သီတင်းသုံး​တော်​မူစဉ်​ဒီဃဇာဏုအမည်​ရ​သောပုဏ္ဏားကြီးတစ်​ဦးမှလာ​ရောက်​၍၊ဘုန်း​တော်​အလွန်​ကြီးမြတ်​​​တော်​မူ​သောမြတ်​စွာဘုရားတပည့်​​တော်​အား​တရားတစ်​ပိုဒ်​​လျှောက်​ထား​မေးမြန်းခွင့်​ပြုပါဘုရား။တပည့်​​တော်​တို့သာမန်​လူဝတ်​​ကြောင်​​လောကီလူသား​တေဟာအိမ်​ရာတည်​​ထောင်​၊လူတို့​ဘောင်​´´မှာအမှုကိစ္စများပြားစွာနဲ့အလုပ်​​တေများပြား​နေသဖြင့်​၊ကုသိုလ်​အ​ရေးကိစ္စများအားသတိမရနိုင်​ကြပဲ၊အကုသိုလ်​အလုပ်​များမှာသာ​မွေ့​လျော်​၍အချိန်​ပြည့်​​နေကြရပါ​သော​ကြောင့်​တပည့်​​တော့်​တို့​လောကီလူသားများအတွက်​လောကီအကျိုး၊တမလွန်​စီးပွားအကျိုး၊၂မျိုးစလုံးဖြစ်​ထွန်းနိုင်​မယ့်​တရားတစ်​ပိုဒ်​​လောက်​ချီးမြင့်​​ဟောကြား​ပေးပါရန်​​လျှောက်​ထား​တောင်းပန်​သဖြင့်​၊မြတ်​စွာဘုရားရှင်​ကမျက်​​မှောက်​လက်​ငင်းချမ်းသာနိုင်​​သောတရား(၄)ပါး​၊​နောင်​တမလွန်​ချမ်းသာနိုင်​​သောတရား(၄)ဟူ၍ကြီးပွားချမ်းသာ​ကြောင်းတရား(၈)ပါး´´အား​ဟောကြားဆုံးမ​တော်​မူပါသည်​။ imageထိုကြီးပွားချမ်းသာ​ကြောင်းတရား(၈)ပါး´´မှာ ၁။ဥဋ္ဌာနသမ္ပဒါ-ထကြွမှုလုံ့လဝီရိယနှင့်​ပြည့်​စုံခြင်း ၂။အာရက္ခသမ္ပဒါ-​စောင့်​​ရှောက်​ထိန်းသိမ်းမှု၊လုံခြုံမှုရှိခြင်း ၃။ကလျာဏမိတ္တသမ္ပဒါ-မိတ်​​ဆွေ​ကောင်းရှိခြင်း ၄။သမဇီဝိတသမ္ပဒါ-သင့်​တင့်​မျှတ​သောအသက်​​မွေးမှု၊ဘဝ​နေထိုင်​မှုရှိခြင်း ၅။သဒ္ဓါသမ္ပဒါ-ရတနာမြတ်​၃ပါးနှင့်​တကွကံ၏အကျိုး​ပေါ်မှာယုံကြည်​မှုသဒ္ဓါတရားနဲ့ပြည့်​စုံခြင်း ၆။သီလသမ္ပဒါ-ကိုယ်​ကျင့်​သီလတရားနှင့်​ပြည့်​စုံခြင်း ၇။စာဂသမ္ပဒါ-စွန့်​ကြဲ​ပေးကမ်းလှူဒါန်းမှုနှင့်​ပြည့်​စုံခြင်း ၈။ပညာသမ္ပဒါ-အသိဥာဏ်​ပညာတရားနှင့်​ပြည့်​စုံခြင်းအစရှိ​သောအချက်​(၈)ချက်​ပင်​ဖြစ်​၏။အထက်​ပါအချက်​(၈)ချက်​တွင်​အ​ပေါ်အချက်​​လေးချက်​သည်​လက်​ငင်းမျက်​​မှောက်​ကြီးပွားချမ်သာနိုင်​​သောအချက်​​လေးချက်​ဖြစ်​၍၊ကျန်​​သော​လေးချက်​မှာ​နောင်​တမလွန်​သံသရာထိတိုင်​ကြီးပွားချမ်းသာနိုင်​​သောအချက်​များဖြစ်​ပါသည်​။မြတ်​စွာဘုရားရှင်​တို့မည်​သည်​မှန်​ကန်​၍အကျိုးရှိ​သောစကားကိုသာ​ဟောကြား​ဆိုဆုံးမ​တော်​မူ​သောသုဂတ´´ဂုဏ်​​တော်​မြတ်​​ကြောင့်​၊အထက်​ပါအချက်​များအားလိုက်​နာကျင့်​ကြံအားထုတ်​သည့်​မည်​သူမဆို​ကောင်း​သောအကျိုးတရားများအားမလွဲဧကန်​ပင်​ရရှိခံစားရမည်​ဖြစ်​ပါတယ်​။ထိုကြီးပွားချမ်းသာ​ကြောင်းတရား(၈)ပါး´´၏အဓိပ္ပါယ်​များအား​နောက်​အပိုင်းများတွင်​ဆက်​လက်​​ရေးသားတင်​ပြ​ပေးပါမည်​။hfs familyအဖွဲ့ဝင်​များ​ဘေးဘယာ​ဝေးကွာ၍၊ကိုယ်​စိတ်​၂ပါးချမ်းသာ​စေ​ကြောင်းဆုမွန်​​ကောင်း​တောင်း​ပေးလိုက်​ပါတယ်​ခင်​ဗျာ။ ကျမ်းကိုး-အဂုင်္တ္တရနိကာယ်​ဒီဃဇာဏုသုတ္တန်​´´
Photo-google
Writing by @komoewai image

Sort:  

This post has received a 1.31% upvote from thanks to: @komoewai.
For more information, click here!!!!
Send minimum 0.050 SBD/STEEM to bid for votes.


Do you know, you can also earn daily passive income simply by delegating your Steem Power to @minnowhelper by clicking following links: 10SP, 100SP, 500SP, 1000SP or Another amount

ဗဟုသုတရစေပါတယ်

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62613.64
ETH 2438.01
USDT 1.00
SBD 2.67