"လူငယ်တွေမှာ အတွေ့များတဲ့ Bipolar Disorder ဆိုတာ"steemCreated with Sketch.

in #health6 years ago

Bipolar ဆိုတာ ဘာလဲ ?

အများစုကတော့ စိတ်ဓါတ်ကျလွယ်တာ ၊ စိတ်ညစ်တာကို Depression ၊ Anxiety လို့သတ်မှတ်ကျပါတယ် ။
ဒါပေမယ့် အမြဲ Depress ဖြစ်နေတာမျိုးမဟုတ်ဘဲ အရမ်းပျော်လွယ် သလောက် စိတ်ညစ်လွယ်တဲ့လူတွေကိုတော့ အခြေခံအားဖြင့် Bipolar သမားတွေလို့ သတ်မှတ်နိုင်ပါတယ် ။

Bipolar Disorder ရဲ့ လက္ခဏာတွေ

  • Bipolar သမားတွေက သာမန်လူတွေနဲ့ ယှဉ်ရင် Creativity ကောင်းပါတယ် ၊
    သူတို့ ဦးနှောက်က ပုံမှန်ထက် Imagine လုပ်နိုင်စွမ်းများတဲ့အတွက် အနုပညာလုပ်ငန်းတစ်ခုခုမှာ ထူးချွန်နိုင်ပါတယ် ။

  • ကလေးဘဝမှာ Hyper လို့ သတ်မှတ်ခံရသူတွေက အသက်ကြီးလာတဲ့အခါ Bipolar သမားတွေ ဖြစ်လာတတ်ကြပါတယ် ။
    တစ်ခုခုဆို လိုတာထက်ပိုပြီး တတ်ကြွတယ် ၊ Confidence အရမ်းများသလို ၊ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်လည်း ရှိပါတယ် ။

  • ဒေါသထွက်လွယ်ပြီး ပြဿ နာအကျပ်အတည်းတွေ ရင်ဆိုင်ရတဲ့အခါ လက်ပါတတ်တာမျိုး ၊ အနီးအနားမှာရှိတဲ့ပစ္စည်းတွေကို ကိုင်ပေါက်ပစ်တတ်တာမျိုး လုပ်ပါတယ် ။

  • အခြေအနေဆိုးတဲ့ Bipolar သမားတွေကတော့ နားထဲမှာ အသံတွေ ဗလုံးဗထွေး ကြားလာရတာမျိုး ၊ Schizophrenia လို လူတစ်ကိုယ်တည်းကနေ personality အများကြီးခွဲလာတာမျိုးတွေထိ ဖြစ်တတ်ပါတယ် ။

Bipolar ကြောင့် ဘာတွေဖြစ်နိုင်လဲ ?

Bipolar Disorder နဲ့ ရင်ဆိုင်နေရသူတွေဟာ များသောအားဖြင့် ဆယ်ကျော်သက်တွေ ဖြစ်ကြပါတယ် ။

အဲ့အတွက် သူတို့ ပထမဆုံးရင်ဆိုင်ရမှာ ဘော်ဒါအပေါင်းအသင်းတွေ ဆီက ဒီကောင် ပေါင်းလို့မကောင်းဘူးဆိုပြီး ဝိုင်းကျဉ်ခံရတာမျိုးပါ ။

နောက်တစ်ခုကတော့ သူတို့ဟာ သာမန်လူတွေထက် စိတ်လိုက်မာန်ပါ ပြုမူတတ်တဲ့အတွက် စိတ်ဓါတ်ကျနေတဲ့အချိန်မှာဆို Suicide လုပ်သည် အထိ အခြေအနေဆိုးနိုင်ပါတယ် ။
တစ်ခါတစ်ရံမှာ သူတို့ကိုယ်သူတို့သာမကဘဲ ဘေးပတ်ဝန်းကျင်ကလူတွေကိုပါ ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်တတ်ကြပါတယ် ။

Bipolar ကို ဘယ်လို Treatment ရယူမလဲ ?

ဒီနိုင်ငံအနေနဲ့ကတော့ ပြောရတာ ခက်ခဲပါတယ် ။
ဘာကြောင့်ဆို Psychiatrist အရမ်းရှားလို့ပါ ။့
အခြေအနေမဆိုးတဲ့ Bipolar သမားတွေအနေနဲ့ Treatment ယူချင်တယ်ဆိုရင်တောင် စိတ်ကျန်းမာရေးဆေးရုံကိုပဲ သွားရမှာဖြစ်တဲ့အတွက် တော်ယုံမသွားလိုကြပါဘူး ။

အလွယ်ကူဆုံးနည်းအနေနဲ့တော့ Bipolar ဆိုတာ စိတ်ဂယောက်ဂယက်ဖြစ်တာမျိုးလို့ အခြေခံယူဆရတဲ့အတွက် စိတ်ငြိမ်ဆေးသောက်တာနဲ့ တရားထိုင်တာ ၊ ယောဂကျင့်တာမျိုး ၊ မိသားစုတွေ သူငယ်ချင်းတွေက ဝိုင်းချစ်ခင်ဂရုစိုက်ပေးတာမျိုးဟာ Bipolar Disorder ကို သက်သာစေပါတယ် ။
ဒါပေမယ့် Bipolar ကိုကုသဖို့က LongTerm Treatment မျိုးဖြစ်လို့ သေချာအချိန်ယူပြီး ကုသဖို့တော့လိုပါတယ် ။
Crd-LuNge MediaFB_IMG_1522785460894.jpg

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.034
BTC 63748.21
ETH 3314.18
USDT 1.00
SBD 3.90