ကျန်းမာရေး

in #health6 years ago

ငါးစားခြင်းကြောင့် အမြင်အာရုံ ဆုံးရှုံးမှုကို ကာကွယ်နိုင်တစ်ပတ်ကို ငါးဟင်းတစ်ကြိမ်စားရုံနဲ့ အသက်ကြီးသူတွေမှာ မျက်စိမမြင်ရတဲ့အကြောင်းရင်းဖြစ်တဲ့ မက်ကူာပျက်စီးယိုယွင်းမှုဖြစ်နိုင်ခြေ ထက်ဝက်ခန့် လျော့နည်းသွားနိုင်တယ်။

လိမ္မော်ရည်သောက်ခြင်းကြောင့် သွေးဖိအားကျဆင်းနိုင်လိမ္မောရည် ခွက်ကြီးတစ်ခွက်စာကို နေ့စဉ် သောက်တာကြောင့် အောက်သွေးဖိအား သိသိသာသာ ကျဆင်းနိုင်တယ်လို့ ပြင်သစ်မှ လေ့လာမှုအသစ်အရ တွေ့ရှိခဲ့ပါတယ်။ လိမ္မော်ရည်မှာ သွေးကြောတွေရဲ့ လုပ်ငန်းဆောင်တာကောင်းစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း Hesperidin ပါဝင်တာကြောင့်လို့ ဆိုပါတယ်။

အစာလျှော့စားခြင်းကြောင်း ဆီးကျိတ်ကို ကာကွယ်နိုင်အမျိုးသားတွေအနေနဲ့ အသက် ၂၁နှစ်ကျော်ရင် ၁၀ ရာစုတစ်စုအတွင်း ခန္ဓာကိုယ်အလေးချိန် ၁၀ပေါင်တိုးလာတိုင်း ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ၃၃ ရာခိုင်နှုန်း ပိုများတယ်လို့ အပြည်ပြည်ဆိုင်ရာ ကင်ဆာဂျာနယ်မှ အမျိုးသား ၄၆၀၀၀ ကျော်ကို လေ့လာအပြီးမှာ တွေ့ရှိခဲ့ပါတယ်။

ဗီတာမင်အားဆေးများ သောက်ခြင်းကြောင့် နှလုံးကို ကာကွယ်နိုင်ဗီတာမင်ဒီ အနည်းဆုံး 400 IU ပါဝင်တဲ့ Multivitamins သောက်တာကြောင့် နှလုံးအတွက် အကူအညီရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီအာဟာရချို့တဲ့တာဟာ သွေးအတွင်း နှလုံးကို ပျက်စီးနိုင်တဲ့ ရောင်ရမ်းမှုအဆင့်တွေ များနေတာနဲ့ ဆက်စပ်မှုရှိတာကြောင့်လို့ ဆိုပါတယ်။ကျန်းမာချမ်းသာကြပါစေသိသမျှမျှဝေပေးလိုက်ပါတယ်။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63209.62
ETH 2570.91
USDT 1.00
SBD 2.76