Mono Sodium Glutamate(MSG)
ခေါင်းကိုက်ခြင်း
မျက်နှာရဲလာခြင်း
ချွေးထွက်ခြင်း
ရင်ဘတ်နာခြင်း
မောပန်းလွယ်ခြင်း
Unicode
မြန်မာလိုတော့ဟင်းချို့မှုန့်၊ဒါမှမဟုတ် အချိုမှုန့်လို့ခေါ်ပါတယ်။ အချိုမှုန့်စားရင် အန္တရာယ်ရှိသလား။
သာမန်စားတဲ့ပမာဏကိုပဲစားရင် အန္တရာယ်မရှိဘူးလို့ FDA ကဆိုပါတယ်။ဒါပေမဲ့ အချို့လူတွေမှာ အောက်ပါလက္ခဏာတွေတော့တွေ့နိုင်ပါသေးတယ်။
ခေါင်းကိုက်ခြင်း
မျက်နှာရဲလာခြင်း
ချွေးထွက်ခြင်း
မျက်နှာထူအမ်းလာခြင်း
မျက်နှာနှင့်အခြားနေရာများ ရောင်ရမ်းနီရဲလာခြင်း
နှလုံးခုန်မမှန်ခြင်း၊ နှလုံးခုန်မြန်လာခြင်း
ရင်ဘတ်နာခြင်း
မောပန်းလွယ်ခြင်း
အဲ့ဒိလိုဖြစ်တတ်တဲ့သူတွေအတွက် အချိုမှုန့်ကိုရှောင်လိုက်တာကအကောင်းဆုံးပါပဲ။
MSG ဆိုတာကတော့ Sodium နဲ့ အမိုင်နိုအက်ဆစ်နဲ့ပေါင်းထားတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကလဲထုတ်လုပ်ပါတယ်။အဲ့ဒိအတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ထဲမှာတော့မပါပါဘူး။ သူ့ကို အနည်းငယ်စားရုံနဲ့ အန္တရာယ်မဖြစ်ပါဘူး။ အစားအစာကို အရသာတိုးအောင်ထည့်တဲ့ ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ဥရောပမှာထက်စာရင် အာရှမှာပိုအသုံးများပါတယ်။ US, UK စတဲ့နိုင်ငံတွေမှာ တစ်နေ့ကို 0.55-0.58 grams လောက်ပဲသုံးပါတယ်။ Japan, Korea စတဲ့နိုင်ငံတွေမှာ 1.2-1.7 grams လောက်ပဲသုံးပါတယ်။ မြန်မာနိုင်ငံမှာရော ဘယ် လောက်သုံးတယ်လို့ထင်ပါသလဲ။ 100 grams အထုပ်တစ်ထုပ်ကို ဆယ်ရက်တောင်မသုံးရဘူးလို့ထင်ပါတယ်။
Glutamate က ဦးနှောက်မှာရှိတဲ့အာရုံကြောတွေကိုလှုံ့ဆော်ပေးပါတယ်။ ကြွက်တွေကို glumate တွေအများကြီးထိုးပြီးစမ်းသပ်တဲ့အခါမှာ အာရုံကြောဆိုင်ရာ ပြဿနာတွေကိုတွေ့လာရပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာက အချိုမှုန့်အသုံးလွန်နေတဲ့ပြဿနာပါ။ သူတို့ဆီမှာ ပြဿနာမဖြစ်ဖူးဆိုတာက ၁၀၀ grams တစ်ထုပ်ကို ရက် ၁၀၀ ကျော်သုံးပါတယ်။ ကျွန်တော်တွေ့ဖူးတာကတော့မုန့်ဟင်းခါးသည်တစ်ယောက်အရသာမြည်းကြည့်လို့သိပ်မချိုဘူးဆိုတာနဲ့ ဘာမှစဉ်းစားမနေတော့ဘူး။ အချို့မှုန့် တစ်ဇွန်းလောက်ကောက်ထည့်လိုက်တာပဲ။ ဆီချက်ခေါက်ဆွဲဆိုလဲ အချိုမှုန့်အများကြီးနဲ့ စားနေကြရတာ။ နောက်တစ်ခုကတော့ အသုပ်သုပ်တဲ့နေရာမှာ မြည်းကြည့်လို့ဘဆားငန်တယ်ဆိုတာနဲ့ အချိုမှုန့်ထပ်ထည့်တာပါ။ တစ်ကယ်တော့နှစ်ခုစလုံးက sodium တွေပါ။ ပြီးတော့သွေးတိုးနေလို့ တိုးနေမှန်းလဲ မသိဘူး။ အဲ့ဒါနဲ့ကျောက်ကပ်ကိုထိကုန်ရော ကျောက်ကပ်ကနေ ဆီးချို ပြီးတော့ လေဖြတ်တဲ့အထိရောက်ကုန်ရော။ မြန်မာတွေမှာ တစ်ချက်ဆိုးတာကဆေးလုံးဝမစစ်ကြည့်တာပါ။ အရမ်းဆိုးပါတယ်။
Universal Basic Income
Promoting Service
Building Network
Join Discord: https://discord.gg/RSrv669 @mmunited MSU 080
Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=433
Hi, @mmunited!
You just got a 21.94% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.
Hi @mmunited!
Your post was upvoted by @steem-ua, new Steem dApp, using UserAuthority for algorithmic post curation!
Your UA account score is currently 1.363 which ranks you at #41198 across all Steem accounts.
Your rank has improved 26 places in the last three days (old rank 41224).
In our last Algorithmic Curation Round, consisting of 270 contributions, your post is ranked at #167.
Evaluation of your UA score:
Feel free to join our @steem-ua Discord server