Coinrail

in #hack6 years ago

တောင်ကိုရီးယား Cryptocurrency Exhchange တစ်ခု Hack ခံရမှုကြောင့် Bitcoin တန်ဖိုးများ ကျဆင်း

တောင်ကိုရီးယားနိုင်ငံအခြေစိုက် Cryptocurrency Exchange တစ်ခုဖြစ်တဲ့ Coinrail ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၀ ရက်တုန်းက Cyberthief တွေက Hack ခဲ့ပါတယ်။ လုံခြုံရေးချိုးဖောက်ခံရပြီး Coinrail ရဲ့ Virtual Currency ၃၀ ရာခိုင်နှုန်းနီးပါး ခိုးယူခြင်းခံခဲ့ရတယ်လို့ Coinrail ဘက်က ထုတ်ပြန်ထားပါတယ်။ အဲဒီလို Coinrail Cryptocurrency Exchange လုံခြုံရေးချိုးဖောက်ခံရပြီးတဲ့နောက် Cryptocurrency တစ်ခုဖြစ်တဲ့ Bitcoin ရဲ့ တန်ဖိုးဟာ ၇ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။ လတ်တလောမှာ Coinrail အနေနဲ့ Digital Currency တွေ ရောင်း၀ယ်ဖောက်ကားခြင်းကို ယာယီဆိုင်းငံ့ထားပြီး စုံစမ်းစစ်ဆေးသူတွေနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ကာ ခိုးယူခံလိုက်ရတဲ့ Virtual Currency တွေကို ကြိုးပမ်းရှာဖွေနေတယ်လို့ သိရပါတယ်။ Virtual Currency စုစုပေါင်းတန်ဖိုး ဘယ်လောက်ပမာဏ ခိုးယူခံလိုက်ရတယ်ဆိုတာကိုတော့ Exchange ဘက်က ဖွင့်ဟပြောဆိုထားခြင်း မရှိပါဘူး။

ပြီးခဲ့တ့ဲ တစ်နှစ်ကျော်လောက်ကတည်းက တောင်ကိုရီးယားနိုင်ငံဟာ Virtual Currency ရောင်း၀ယ်ဖောက်ကားတဲ့နယ်ပယ်မှာ ဒုစရိုက်နယ်တစ်ခု ဖြစ်လာခဲ့တာပါ။ အခု လုံခြုံရေးချိုးဖောက်ခံခဲ့ရတဲ့ Coinrail ဟာလည်း တောင်ကိုရီးယားနိုင်ငံရဲ့ လူသိနည်းတဲ့ Trading Platform တွေထဲက တစ်ခုဖြစ်ပါတယ်။ Coinrail Hack ခံရတဲ့ သတင်းဟာ Virtual Currency ဈေးကွက်ကို အတော်လေး လှုပ်ခတ်သွားစေပါတယ်။ Bitcoin လိုပဲ နောက်ထပ် Digital Currency တစ်ခုဖြစ်တဲ့ Ethereum ရဲ့တန်ဖိုးဟာလည်း ဒီသတင်းကြောင့် ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ Trading လုပ်တဲ့ကြာချိန် ၇ နာရီအတောအတွင်း Cryptocurrency တန်ဖိုး အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံနီးပါး ကျဆင်းခဲ့တယ်လို့ Data Provider တစ်ခုဖြစ်တဲ့ Coinmarketcap.com ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒီနှစ်အတွင်းမှာ Coinrail ဟာ ဆိုက်ဘာဓားပြတိုက်မှုတွေရဲ့ သားကောင်ဖြစ်ခံရတဲ့ တစ်ခုတည်းသော Virtual Currency Exchange မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတုန်းကလည်း ဂျပန်နိုင်ငံက Coinheck အသုံးပြုသူတွေထံက Virtual Currency အမေရိကန်ဒေါ်လာ ၅၃၀ မီလီယံတန်ဖိုး ခိုးယူခံခဲ့ရဖူးပါသေးတယ်။ အဲဒီအဖြစ်အပျက်ဟာ Digital Curreycny ခိုးယူခံရခြင်းသမိုင်းတစ်လျှောက် ဆုံးရှုံးမှုအများဆုံး ဖြစ်ပါတယ်။

Source

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63220.55
ETH 2560.85
USDT 1.00
SBD 2.80