ဆုကြေးငွေ မြင့်မားတဲ့ ဂိမ်းပြိုင်ပွဲကြီးများ

in #good-karma6 years ago

နည်းပညာပိုင်း တိုးတက်လာသည်နှင့် စိတ်အပန်းဖြေဖို့အတွက် ဂိမ်းများကလည်း မိုလိုပေါက်ကာ ပေါ်ထွက်လာနေပါတယ်။
ဒီလို ဂိမ်းကစားနည်းပေါင်း များစွာထဲက ဆုကြေးငွေ မြင့်မားစွာ ချီးမြင့်ပေးတဲ့ ဂိမ်းပြိုင်ပွဲများ အကြောင်းကို မိတ်ဆွေတို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

Dota 2 (PC)

2017-08-30-08_53_58-dota-2-Google-Search-811x401.jpg

အမြင့်မားဆုံး ဆုကြေးငွေ _ $24,687,919

ချီးမြင့်ငွေ စုစုပေါင်း _ $38,023,275

ပြိုင်ပွဲ အဆင့်ဆင့်ပေါင်း _ 158

Esports ဂိမ်းလောကရဲ့ ဆုကြေးငွေ အမြင့်မားဆုံး ချီးမြင့်ပေးနေတဲ့ ဂိမ်းပြိုင်ပွဲကြီးတစ်ခုလို့ ခေါ်ဆိုလို့ရပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်ကို ကြည့်လိုက်ရင် Dota 2 ဂိမ်းပြိုင်ပွဲကတော့ ဆုကြေးငွေ အမြင့်မားဆုံး ဂိမ်းပြိုင်ပွဲတစ်ခုဖြစ်ပြီး ဒီပြိုင်ပွဲများမှာ အနိုင်ရတဲ့ သူတွေကတော့ Millionaires များဖြစ်သွားကြတာတွေလဲ ရှိပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် Dota 2 ပြိုင်ပွဲများမှာ ဝင်ရောက် ယှဉ်ပြိုင်ပြီး ဆုကြေးငွေများ ပိုင်ဆိုင်ကာ Millionaire ဖြစ်သွားသူ ကစားသမားပေါင်း ၄၃ ယောက်ခန့်ရှိနေပြီလည်း ဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ Dota 2 ဂိမ်းကို ဆော့ကစားနေသူ တစ်ဦးဆိုရင်တော့ သင့်မှာလည်း millionaire တစ်ဦးဖြစ်ဖို့ အခွင့်အရေးရှိနေပြီ မဟုတ်လား။

Counter Strike: Global Offensive (PC)

counter strike weapon skins_0.jpg

အမြင့်မားဆုံး ဆုကြေးငွေ _ $1,000,000

ချီးမြင့်ငွေ စုစုပေါင်း _ $19,242,958

ပြိုင်ပွဲ အဆင့်ဆင့်ပေါင်း _ 893

Conter Strike: Global Offensive ပြိုင်ပွဲကတော့ Dota 2 လောက် ဆုကြေးချီးမြင့်ငွေ အမြောက်အများကတော့ မရရှိပါဘူး။ Pro ကစားသမားပေါင်း များစွာ ထွက်ပေါ်နေတဲ့ ဂိမ်းပြိုင်ပွဲ တစ်ခုလို့ ဆိုနိုင်မှာ ဖြစ်ပြီး ကြည့်ရှုသူ ပရိသတ်ပေါင်းများစွာ စံချိန်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် PGL Major Krakow 2017 ကို ကြည့်လိုက်မယ်ဆိုရင် ကြည့်ရှုသူပေါင်း 40 million လောက်ရှိခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲရဲ့ Final ပွဲစဉ်မှာဆိုရင် ကြည့်ရှုအားပေးသူ 1,897,741 ယောက်ရှိခဲ့တာ ဖြစ်ပါတယ်။ Final ပွဲစဉ်မှာကတော့ Team Gambit က PGL Major Krakow 2017 Tournament ကို အနိုင်ရရှိခဲ့ပြီး ကစားသမား တစ်ဦးချင်းဆီက $ 100,000 ဆုကြေးငွေ ရရှိ ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref : RPG

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63688.35
ETH 3125.30
USDT 1.00
SBD 3.97