ယောကျင်္းကောင်တို ့ရဲ ့ အရည်အချင်းများ

in #good-karma6 years ago

(၁) အမျိုးကောင်းသားတစ်ယောက်ဖြစ်ရမယ်
အမျိုးသားဖြစ်တိုင်း ယောက်ျားဖြစ်တိုင်း အမျိုးသားကောင်း၊ ယောက်ျားကောင်း ဖြစ်တာမဟုတ်ပါဘူး။ ယောက်ျားကောင်းတစ်ယောက်မှာ ပုဂ္ဂိုလ်ရေး အရည်အချင်းတွေအများကြီးနဲ့ စုပေါင်းဖွဲ့စည်းထားမှ ယောက်ျားကောင်းဖြစ်တာပါ။ ယောက်ျားကောင်းဖြစ်ဖို့အတွက် အသိအမှတ်ပြုသင်တန်းတွေ၊ ဘွဲ့ဒီဂရီချီးမြှ့င့်နေတဲ့ ကျောင်းတွေ မရှိပါဘူး။ ကိုယ့်ဘသာ ယောက်ျားဆိုရင် ဘာဖြစ်ရမယ် စတဲ့ ကောင်းမွန်တဲ သက်မှတ်ချက်နဲ့ ကြိုးစားယူရတာဖြစ်ပါတယ်။
Young-Couple.jpg

(၂) တာဝန်ယူမှုတာဝန်ခံမှုနဲ့ ရဲရင့်သောယောက်ျားဖြစ်ရမယ်

ယောက်ျားကောင်းတစ်ယောက်မှာ ပြည့်စုံနေရမယ့် အချက်တစ်ခုက တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိခြင်းနဲ့ ရဲရင့်ထက်မြက်ခြင်းတို့လည်း ပါ၀င်ပါတယ်။ ဘာကို တာဝန်ယူရမလဲ တာဝန်ခံရမလဲ … အနီးစပ်ဆုံး ဥပမာပြောမယ်နော် … တိုက်ဆိုင်ရင်လည်း ဆောရီးပါလို့ ကြိုတောင်းပန်ထားချင်ပါတယ်။ အမျိုးသမီးတစ်ယောက်အပေါ်မှာ လွန်ကျူးမိသွားရင် သူ့ဘာသာသူ ဘာဖြစ်နေနေ တာဝန်ယူရမယ် … ဒါ ကိုယ်လုပ်တဲ့ လုပ်ရပ်အတွက် ယောက်ျားပီသစွာ တာဝန်ယူခြင်းဖြစ်တယ်။ ဒါဆို တာဝန်မယူဘဲ ရှောင်ပြေးနေရင် ဘယ်လိုသက်မှတ်မလဲ … ရှင်းပါတယ် … လူယုတ်မာလို့ သတ်မှတ်ရမယ်။ ဒီထက် ပြည့်စုံတဲ့စကား အများကြီး ရှိနေပါသေးတယ်။ အဲ တိုက်ဆိုင်သွားရင်တော့ ဆောရီးပါလို့ ထပ်ပြောပါတယ်။ ဥပမာ ပေးခြင်းသာ ဖြစ်ပါတယ်။
young-couple1.jpg

(၃) လူမှုဆက်ဆံရေးကောင်းမွန်စေချင်တယ်
လူမှုဆက်ဆံရေးပိုင်းမှာလည်း ယောက်ျားတွေဟာ တော်နေသင့်ပါတယ်၊ ထက်နေသင့်ပါတယ်။ ဒီလို ဖြစ်ဖို့အတွက် ဗဟုသုတ၊ ပညာ၊ စည်းရုံးနိုင်မှုစွမ်းရည်၊ စကားအပြောအဆို၊ အနေအထိုင် လူရိုသေရှင်ရိုသေ ဖြစ်နေဖို့ လိုပါတယ်။ ဒါမှလည်း စီးပွားဥစ္စာလုပ်ရာမှာ အဆင်ပြေမှာပါ။
089a584b4fd306b3c259df574c8fa2f1.jpg

(၄) သင့်တင့်လျှောက်ပတ်သောဝင်ငွေရှိစေချင်တယ်
အမျိုးသမီးတွေဟာ အမျိုးသားတစ်ယောက်ကို ငွေကြေးအရ အခြေခံပြီး ရွေးချယ်တာမျိုး ရှားပါတယ်။ ရှိတော့ ရှိပါတယ်။ ဒါပေမယ့် အများစုဟာ ကိုယ်နဲ့တစ်ဘဝလုံး လက်တွဲရမယ့်သူကို ကိုယ့်ချစ်သူပဲ ဖြစ်စေချင်ကြပါတယ်။ ဒီတော့ ကိုယ့်ချစ်သူကို ၀င်ငွေအရ လေးစားလောက်တဲ့ ပမာဏသာရှိပါစေ … အခြားအမျိုးသားတစ်ယောက်က သိန်းပေါင်း သောင်းချီ
တင်တောင်းလဲ ငြင်းရဲတဲ့ သတ္တိရှိကြပါတယ်။ မငြင်းဆန်နိုင်ပဲ ပါသွားရတယ်ဆိုတာ တကယ်မချစ်တတ်တဲ့ မိန်းမတွေသာ လုပ်လေ့ရှိတဲ့ အလုပ်ပါ။

(၅) သစ္စာရှိစေချင်တယ်
အရေးကြီးဆုံးအချက်ကတော့ ယောက်ျားပီပီ သစ္စာရှိစေချင်ပါတယ်။ အထူးသဖြင့် အိမ်ထောင်ရေးကိစ္စမှာပေါ့။ ယောက်ျားတွေဟာ ဒီတစ်ချက်ကလေး သစ္စာရှိတာနဲ့တင် သူရဲကောင်းဘွဲ့ခံယူထိုက်တယ်လို့တောင် ကျွန်တော်က အမွှန်းတင်ချင်ပါတယ်။ လူနဲ့တိရစ္ဆာန်တိုရဲ့ ခြားနားချက်ကလည်း လိင်ကိစ္စအပေါ်မှာ စည်းကမ်းရှိခြင်း မရှိခြင်းသာ ကွာခြားသွားတာ ဖြစ်ပါတယ်။ တိရစ္ဆာန်တွေလဲ ချစ်တတ်ကြပါတယ်။ ဒီလိုပဲ လူတွေလည်း ချစ်တတ်ကြတာပါပဲ။ တိရစ္ဆာန်တွေဟာ သူ့ရာသီ ရောက်လာတာနဲ့အမျှ လိင်ဆက်ဆံဘက်ဟာ ယခင်က အဆက်ဟောင်း ဟုတ်ချင်မှ ဟုတ်တော့မှာပါ။ ဒီနည်းတူပဲ ကာမပိုင်ရှိရက်သားနဲ့ သူတစ်ပါး သားမယားနဲ့ ဖောက်ပြန်နေသူတွေ။ ကိုယ့်သားကိုယ်သမီးကို်ယ့်အမေကိုတောင် မခွဲခြားနိုင်တော့ဘဲ လိင်စိတ်အားကြီးပြီး မကျူးလွန်သင့်ရာ ကျူးလွန်တဲ့သူတွေဟာ လူသာအမည်ခံပေမယ့် တိရစ္ဆာန်နဲ့ မခြားပါဘုူး။

မင္းကို

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 59169.46
ETH 2597.10
USDT 1.00
SBD 2.42