မေးခွန်းများ

in #good-karma8 years ago (edited)

image
အတန်းတင်စာမေးပွဲ စစ်နေတဲ့ကာလတွေမှာ စိတ်ကူးထဲပေါ်လာတဲ့ မေးခွန်းတွေကို ချရေးဖြစ်မိပါတယ်

  1. မိမိဘဝလက်ရှိအခြေအနေကို ကျေနပ်နှစ်သိမ့်မှု့ ရာခိုင်နှုန်း ဘယ်လောက်ရှိနေပါသလဲ။
  2. မိမိဘဝအခြေအနေတိုးတက်မြင့်မားရန် အဓိက တာဝန်အရှိဆုံးလူဟာ မိမိသာလျှင်ဖြစ်တယ်လို့ ခံယူထားတတ်ပါရဲ့လား။
  3. ကြိုးစားအားထုပ်မှု့အနည်းငယ်၊ ရင်းနှီးမြုပ်နှံမှု့(အချိန်၊ငွေကြေး)၊ အနည်းငယ်ကံကောင်းထောက်မှု့ အများအပြားရှိမှ့သာလျှင် လိုချင်တဲ့ ဘဝအခြေအနေကို ရယူနိုင်မယ်လို့ခံယူထားပါသလား။
  4. ဘဝမှာအကောင်းဆုံးတွေလိုချင်ပိုင်ဆိုင်ချင်တယ်ဆိုလျင် မိမိကိုယ်တိုင်လဲ အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းကြိုးပမ်း၊ တည်ဆောက်ရမယ်လို့ ခံယူထားပါသလား။
  5. မှားမှာကြောက်လို့ ဘာတစ်ခုမှ့မလုပ်ရဲတဲ့သူဟာ အကြီးမှားဆုံးအမှားပြုလုပ်နေတယ်လို့ တွေးမိပါရဲ့လား
  6. သဘာဝဘေးဒဏ် (ငလျင်၊ မီးတောင်ပေါက်ကွဲ၊ ရာသီဥတုဖောက်ပြန် စသည့်)၊ လူလုပ်ဘေးဒဏ် (စစ်ပွဲ၊ သဘာဝသယံဇာတများလွန်လွန်မင်းမင်းသုံးစွဲမှု့စသည့်) တို့ကြောင့် မြို့တော်ကြီးများ၊ အင်ပါယာကြီးများ အကြိမ်ကြိမ်ပျက်စီးခဲ့ရသော်လည်း မည်သည့်အခါမျှအရှုံးမပေးသည့် လူသားတို့အားမာန်ကြောင့် ယနေ့ခေတ်ကမ္ဘာကြီး လူနေမှု့အဆင့်အတန်းတိုးတက်မြင့်မားနေသည်ကို သတိပြုမိပါရဲ့လား
  7. "အရာရာဟာ ဖြစ်ပြီးရင် ပျက်မှာပဲ" ဟုပြောတတ်သူတို့ထက် "အဟောင်းပျက်လျင် အသစ်ထွင် ပြုပြင်တည်ဆောက်မည်" ဆိုသူတို့ကို လေးစားအားကျတတ်ပါရဲ့လား။
  8. အခက်အခဲ၊ ဆင်းရဲဒုက္ခ၊ သောက စသည့် မကောင်းတရား အစုံအလင်သည် ယနေ့ခေတ်အခါ၌သာ ဖြစ်ပေါ်လာသည်မဟုတ် လူ့သမိုင်းအစကတည်းက တည်ရှိခဲ့ကြသော အရာများဖြစ်ကြသည် ဟုတွေးတောဖူးပါသလား။
  9. မိမိ၏ပျော်ရွှင်မှု့၊ ဝမ်းနည်းမှု၊ ဆင်းရဲချမ်းသာ အဖြာဖြာသည် ချစ်သူ၊ မိဘ၊ အစိုးရ၊ ကောင်းကင်ရှိ နက္ခတ်တာရာ၊ အတိတ်ဘဝတို့အပေါ်၌်သာ တည်မှီနေသည်ဟု ခံယူထားပါသလား။
    ဤမေးခွန်းတို့၏ အဖြေကို ရှာဖွေတွေ့ရှိခြင်း၊ လက်တွေ့ လိုက်နာကျင့်ကြံလုပ်ဆောင်ခြင်းဖြင့်သာလျှင် သင့်ဘဝ၏ "အဆင့်ကူးပြောင်းရေး စာမေးပွဲ"ကို ဖြေဆိုအောင်မြင်နိုင်ပေလိမ့်မယ္

SMT 33
MONYWA

Sort:  

You got a 4.02% upvote from @luckyvotes courtesy of @min2thant!

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.099
BTC 62692.24
ETH 1777.95
USDT 1.00
SBD 0.38