မောင့်ကျင်ဘူး

in #good-karma8 years ago

ခါကျင် အကြောင်းလေးဆက်ကျတာပေါ့ဗျာ နော ကိုဖိုးထောင်နည်းလမ်းကောင်းတွေသိသွားတဲ့ကိုမျိုးကလည်း ပိုမိုကောင်းမွန်မယ့်နည်းလမ်းကောင်းတွေကြံတော့ဖန်တော့တာပေါ့ဗျာ
နည်းလမ်းကအတော်ကောင်းသဗျို့ အအေးဘူးထဲခါကျင် ကောင်တွေထည့်ပြီး ပိုးမွေးသလိုမွေးထားတာဗျ လိုအပ်တဲ့အခါလေးထုတ်သုံး မလိုတဲ့အခါကျ မုန့်လေးတွေထည့်ကျွေးနဲ့အဆင်ကိုပြေနေတာဘဲဗျ
တရက်ကျ ဘေးအိမ်ကမီးလောင်ရာကနေ ကိုမျိုးတို့အိမ်ကိုမီးကူးပါလေရော လင်မယားနှစ်ယောက်စလုံး အရေးကြီးတာတွေယူပြီးထွက်ကျမယ်ပေါ့ ကိုမျိုးကမိန်းမလုပ်သူကို ဘာတွေယူရမလည်းဆိုပြီးမေးလိုက်တယ် မိန်းမဖြစ်သူက တခြားဘာကျန်ခဲ့ကျန်ခဲ့ 'မောင့်ကျင်ဘူး' ပါရင်ရပြီတဲ့ဗျား

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 62777.99
ETH 1796.46
USDT 1.00
SBD 0.38