ဝုန်း

in #good-karma7 years ago

``ဝုန်း´´

  • ဟျောင့် တံခါး ဖြည်းဖြည်းတွန်းဖွင့်လေကွာ နဂိုကတည်းကမှ ပြိုကာနီးဖြစ်နေပါတယ်ဆိုမှ… ဟ…လက်ထဲမှာလည်း ဂရန်း အပြာနဲ့ ဘယ်လိုဖြစ်တာတုန်း ငါ့ကောင်ရ -
  • အီးဟီး ရွှတ်… ကိုဂျက် -
  • ကျက်သရေတုံး မျက်နှာကြီးနဲ့ မငိုစမ်းပါနဲ့ကွာ -
  • ကျော် အသည်းကွဲလာတယ်ဗျာ မခံစားနိုင်တော့လို့ သောက်တော့မယ်ဗျာ အဲ့ဒါ ကိုဂျက်လည်း ဝိုင်းသောက်ရမယ်… ဒါပဲ -
  • အာ…မင့်ဟာကလဲ -
  • ဘာလဲ မသောက်ဘူးလား -
  • သောက်မယ် ဟီးး မင်းကလည်း နည်းနည်းတောင်မူလို့ မရဘူး ငါလည်း အာခြောက်နေတာကြာပြီ နေဦး ခွက်ယူလိုက်ဦးမယ် -
  • ဂလွတ်ဂွတ် ဂလုစ် အားးး ရှယ်ပဲကွာ ကောင်းလွန်းလို့ကြက်သီးတောင်ဖျန်းကနဲထသွားတာပဲ-
  • အာ ကိုဂျက်ကလည်း ကျော်ဘာဖြစ်ခဲ့လဲဆိုတာတောင်မေးဖော်မရဘူး တစ်ကယ်ဆို ရုပ်ရှင်ထဲကလို မင်းသားအသည်းကွဲရင် စကားဖောင်ဖွဲ့ပြီး နှစ်သိမ့်ပေးမယ် မဟုတ်ဘူး -
  • ဟျောင့် ဒါရုပ်ရှင်မဟုတ်ဘူး စကားမရှည်နဲ့ ပြော စရာရှိတာပြော -
  • ဒီလိုဗျာ -
  • ဂလွတ်စ် -
  • အာ… ဒီလူ ဒီမှာကျော်ပြောတာလည်း နားထောင်ပါဦး-
  • သောက်ရင်း နားထောင်နေတယ်လေကွာ ဆက်ပြော-
  • ဖီးလ်နေတာလေးတောင် ဇိမ်ပျက်တယ် ဒီလိုဗျာ ကျော့်ဆော်က သူနဲ့ရှေ့ဆက်ချင်ရင် အရက်ဖြတ်ရမယ်တဲ့ -
  • အဲဒီတော့ -
  • ကျော်က ဖြတ်ပါ့မယ်ပေါ့ -
  • အဲ့ဒါနဲ့ပဲ ဒီအရက်ဝယ်လာတယ်ပေါ့ -
  • မပြီးသေးဘူးလေဗျာ… အီးဟီးရွှတ်…သူက ခုကစပြီး ဖြတ်ရမယ်တဲ့ မဟုတ်ရင် ကျော့်ကိုဖြတ်မယ်တဲ့ -
  • ဘာလဲ ၃၄ သိန်းတန်ကိုလား -
  • စကားကောင်းပြောနေတာ မဖောက်နဲ့လေဗျာ -
  • အေးပါ ဆက်ပြော ဂလုစ် -
  • ဟွန်း လုပ်လာပြန်ပြီ ဒီလိုဗျာ ကျော်က တစ်လလောက်တော့ အချိန်ပေးပါလို့ ပြောယုံပဲရှိသေးတယ် သူက ဝေးဟေးးး လို့ထအော်ပြီး နင်နဲ့ငါ ခုကစပြီး မပက်သတ်တော့ဘူးဆိုပြီး ခါပြီးထွက်သွားတယ်ဗျာ -
  • ဟားးး ဘယ်ကတည်းက သူ့ခမျာ မင်းကိုဖြတ်ချင်နေလဲ မသိဘူး ကောင်းပါတယ် ကောင်မလေး ဝဍ်ကျွတ်သွားတာပေါ့ကွာ -
  • အာ ဒီလူ မျက်နှာပြောင်လာတိုက်နေတယ် အသည်းကွဲပြီး အားငယ်နေပါတယ်ဆိုမှ အီးဟီးး - ----- အားမငယ်ပါနဲ့ကွာ မင်းဆုံးဖြတ်ချက် လုံးဝမှန်တယ်ဟျောင့် -
  • ဘာဖြစ်လို့ -
  • မင်းက မိန်းမနဲ့ အရက်မှာ အရက်ကိုရွေးလိုက်တာမှန်တယ်လို့ပြောတာ -
  • ဘာလဲ ဘဲကြီးက အရက်သမားတရားဟောဖို့လား -
  • မဟုတ်ပါဘူးကွာ… ဒီမှာ မင်းယူမယ့် မိန်းမက တကယ်တန်ဖိုးရှိမရှိ ပေါင်းကြည့်တော့မှ ဂဃဏန သိရမှာ အဲ့ အရက်ကတော့ ရွှေ လိုကို တန်ဖိုးရှိတယ် မင်းရွေးတာ မှန်တယ်ငါ့ညီ -
  • ဘယ်လို ရွှေလို တန်ဖိုးရှိတာ စိတ်ဝင်စားသွားပြီ ဆိုစမ်းပါဦး -
  • ဟုတ်ပြီ အရက်တစ်တောင့်မှာ ဘယ်နှစ်ပက်ရှိလဲ -
  • ဒါများ ၁၆ ပက်ပေါ့ -
  • ကောင်းပြီ ရွှေ ၁ ကျပ်သားမှာကော ဘယ်နှစ်ပဲရှိလဲ -
  • ၁၅ လား ၁၆ လား မသိဘူး ကိုဂျက် -
  • ယျေဘုယျ အားဖြင့် ၁၆ ပဲရှိတယ်ကွာ -
  • ဟ ဒါဆို ၁၆ပက် ၁၆ပဲ တူနေတာပဲ -
  • ဒါတင်ဘယ်ကမလဲကွာ အရက်တစ်စိတ်မှာ ဘယ်နှစ်ပက်လဲ -
  • အာ ၄ ပက်ပေါ့ဗျာ -
  • အေး ရွှေမှာလည်း တစ်မတ်သားကို ၄ ပဲရှိတယ်ကွ -
  • အယ့်လဲ့ ဒါဆို အရက်တစ်မတ်သားလို့ပြောလို့ရတာပေါ့-
  • ဒါပေါ့ ပြီးတော့ အရက် တစ်စိတ် ၂ ပြားဆိုရင် ဘယ်နှစ်ပက်လဲ -
  • အာ ၈ ပက် အပြားကြီးပေါ့ဗျာ -
  • အဲ့လိုပဲ ရွှေမှာလည်း တစ်မတ် ၄ ပဲ နှစ်ခါဆိုရင် ၅ မူးသားလို့သတ်မှတ်တယ် မင်းပြောသလိုဆို အရက် ၅ မူးသားဆိုရင် ၈ ပက်တစ်ပြားပေါ့ကွာ -
  • ဟုတ်လှချေလားဗျ -
  • မပြီးသေးဘူး အဲ့ဒီ ၅ မူးသားနှစ်ခါဆိုရင် ရွှေ ၁ကျပ်သားဖြစ်ကော အဲ့ အရက် ၈ ပက်ပြားနှစ်ပြားဆိုရင်တော့ ၁၆ ပက် ၁တောင့်ပေါ့ကွာ -
  • ဒီလိုကျပြန်တော့လည်း ရွှေတွက်ရတာ လွယ်လိုက်တာနော် ဟီး ကွကိုတောင် ဘဝင်မြင့်ချင်လာပြီ ကိုဂျက်ကလည်း တော်လိုက်တာဗျာ အရက်သမားပီသပါပေတယ် -
  • ဟျောင့် အဲ့လိုမဖဲ့နဲ့ ယမကာလုလင် ဆိုတော်သေး -
  • ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ဘဲကြီးရာ အဲ့လိုလေးပြောပေးလို့ -
  • ရပါတယ်ကွ ကျန်သေးတယ် ယေဘုယျအားဖြင့် ရွှေမှာဆိုရင်တော့ မီးလင်း က တန်ဖိုးအမြင့်ဆုံးပဲ အေး အရက်မှာဆိုရင်တော့ မီးတောက် အရက်က အပျင်းဆုံးပဲ -
  • ဟုတ်တယ်နော် ကိုဂျက်ပြောမှပဲ ရွှေနဲ့ အရက် ရဲ့ တူညီတဲ့ ဆက်နွယ်မှုလေးတွေကို မြင်တော့တယ် -
  • အေး အဲ့ဒီလို သဘောတရားတူညီလို့လည်း အရက်က ရွှေလို တန်ဖိုးရှိတယ်လို့ ငါပြောခဲ့တာပေါ့ကွာ အဲ့ ဒါပေမယ့် ဘယ်အရာမဆို တန်ဆေးလွန်ဘေးပေါ့ကွာ တန်ဖိုးရှိစွာသောက်သုံးတတ်ဖို့တော့ လိုတာပေါ့ -
  • ကောင်းပါပြီ ရွှေယမကာလုလင်ကြီးရယ် -

Jack Freedom

သုတ ရသအမြင်ဖြင့်သာ ဖတ်ကြလေကုန်။
(ကျွန်တော့်ဧ။် လုလင်ဖော် ကိုစိုးမိုးMichael Soe အရက်ဒဿနအား မှီငြမ်းရေးသားသည်။)
image

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 59476.67
ETH 2299.07
USDT 1.00
SBD 2.48