နာမည္ေက်ာ္ ရူပေဗဒပညာရွင္ စတီဗင္ေဟာ့ကင္း အသက္ ၇၆ ႏွစ္တြင္ ကြယ္လြန္

in #good-karma6 years ago

နာမည္ေက်ာ္ ရူပေဗဒပညာရွင္ စတီဗင္ေဟာ့ကင္း အသက္ ၇၆ ႏွစ္တြင္ ကြယ္လြန္

လန္ဒန္၊ မတ္ ၁၄ ရက္ (ဆင္ဟြာ)
နာမည္ေက်ာ္ ရူပေဗဒပညာရွင္ စတီဗင္ ေဟာ့ကင္း (Stephen Hawking) သည္ အသက္ ၇၆ ႏွစ္အရြယ္တြင္ ၎၏ ေနအိမ္၌ ကြယ္လြန္သြားေၾကာင္း မိသားစု၏ ေျပာခြင့္ရပုဂၢိဳလ္ တစ္ဦးက မတ္လ ၁၄ ရက္တြင္ ေျပာၾကားလိုက္သည္။

ပါေမာကၡ စတီဗင္ ေဟာ့ကင္းသည္ ကိန္းဘရစ္ခ်္ၿမိဳ႕ရွိ ၎၏ ေနအိမ္၌ပင္ မတ္လ ၁၄ ရက္က အိပ္ေနရင္းျဖင့္ ၿငိမ္းခ်မ္္းစြာ ကြယ္လြန္သြားခဲ့ျခင္း ျဖစ္ေၾကာင္း ေျပာခြင့္ရပုဂၢိဳလ္က ဆိုသည္။

စတီဗင္ ေဟာ့ကင္းသည္ ၁၉၄၂ ခုႏွစ္ ဇန္နဝါရီလ ၈ ရက္တြင္ ၿဗိတိန္ႏုိင္ငံ ေအာ့စ္ဖို႔ၿမိဳ႕၌ ေမြးဖြားခဲ့ၿပီး Cambridge တကၠသိုလ္၏ ထင္ရွားေသာ ရူပေဗဒပညာရွင္ တစ္ဦးျဖစ္သည္။ ၎သည္ ယခုေခတ္ကာလပိုင္း၏ အေက်ာ္ၾကားဆံုး ရူပေဗဒပညာရွင္ တစ္ဦးျဖစ္ၿပီး ၂၀ ရာစုႏွစ္အတြင္း ႏုိင္ငံတကာ၌ ဂုဏ္သတင္းႀကီးမားသူ တစ္ဦးလည္း ျဖစ္သည္။

၎အား အိုင္းစတိုင္းေနာက္ပိုင္း အထူးခၽြန္ဆံုးေသာ ရူပေဗဒပညာရွင္အျဖစ္ သတ္မွတ္ခံရၿပီး ၁၉၇၉ ခုႏွစ္မွ ၂၀၀၉ ခုႏွစ္အထိ Lucasian Professor အျဖစ္ ခန္႔အပ္ျခင္းခံခဲ့ရၿပီး ၎မွာ ၿဗိတိန္ႏိုင္ငံတြင္ အျမင့္ဆံုးေသာ ပါေမာကၡရာထူးျဖစ္သည္။

စတီဗင္ ေဟာ့ကင္း၏ အဓိက သုေတသနနယ္ပယ္မွာ စၾကဝဠာေဗဒႏွင့္ တြင္းနက္ႀကီး (Black Hole) ျဖစ္ၿပီး ႏိႈင္းယွဥ္နိယာမ (General Relativity) ၏ ထူးျခားဆန္းျပားေသာ သတ္မွတ္ခ်က္ႏွင့္ တြင္းနက္ႀကီး ဧရိယာႏွင့္ ပတ္သက္၍ သတ္မွတ္ခ်က္ အယူဝါဒမ်ားအား သက္ေသျပႏုိင္ခဲ့သည္။

၎သည္ အသက္ ၂၁ ႏွစ္အရြယ္တြင္ Lou Gehrig ေရာဂါ စတင္ရရွိခဲ့ၿပီး ယင္း ေရာဂါေၾကာင့္ တျဖည္းျဖည္း ခႏၶာကိုယ္ လႈပ္ရွားႏုိင္ျခင္းမရွိေတာ့သလို စကားလည္း ေျပာႏုိင္ျခင္းမရွိေတာ့ဘဲ ေနာက္ဆံုးတြင္ မ်က္လံုးႏွင့္ လက္သံုးေခ်ာင္းသာ လႈပ္ရွားႏုိင္ေတာ့ေၾကာင္း သိရွိရသည္။ (Xinhua)

(Unicode Version)
နာမည်ကျော် ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်း အသက် ၇၆ နှစ်တွင် ကွယ်လွန်

လန်ဒန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)
နာမည်ကျော် ရူပဗေဒပညာရှင် စတီဗင် ဟော့ကင်း (Stephen Hawking) သည် အသက် ၇၆ နှစ်အရွယ်တွင် ၎င်း၏ နေအိမ်၌ ကွယ်လွန်သွားကြောင်း မိသားစု၏ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက မတ်လ ၁၄ ရက်တွင် ပြောကြားလိုက်သည်။

ပါမောက္ခ စတီဗင် ဟော့ကင်းသည် ကိန်းဘရစ်ချ်မြို့ရှိ ၎င်း၏ နေအိမ်၌ပင် မတ်လ ၁၄ ရက်က အိပ်နေရင်းဖြင့် ငြိမ်းချမ််းစွာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

စတီဗင် ဟော့ကင်းသည် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် ဗြိတိန်နိုင်ငံ အော့စ်ဖို့မြို့၌ မွေးဖွားခဲ့ပြီး Cambridge တက္ကသိုလ်၏ ထင်ရှားသော ရူပဗေဒပညာရှင် တစ်ဦးဖြစ်သည်။ ၎င်းသည် ယခုခေတ်ကာလပိုင်း၏ အကျော်ကြားဆုံး ရူပဗေဒပညာရှင် တစ်ဦးဖြစ်ပြီး ၂၀ ရာစုနှစ်အတွင်း နိုင်ငံတကာ၌ ဂုဏ်သတင်းကြီးမားသူ တစ်ဦးလည်း ဖြစ်သည်။

၎င်းအား အိုင်းစတိုင်းနောက်ပိုင်း အထူးချွန်ဆုံးသော ရူပဗေဒပညာရှင်အဖြစ် သတ်မှတ်ခံရပြီး ၁၉၇၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ Lucasian Professor အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ၎င်းမှာ ဗြိတိန်နိုင်ငံတွင် အမြင့်ဆုံးသော ပါမောက္ခရာထူးဖြစ်သည်။

စတီဗင် ဟော့ကင်း၏ အဓိက သုတေသနနယ်ပယ်မှာ စကြဝဠာဗေဒနှင့် တွင်းနက်ကြီး (Black Hole) ဖြစ်ပြီး နှိုင်းယှဉ်နိယာမ (General Relativity) ၏ ထူးခြားဆန်းပြားသော သတ်မှတ်ချက်နှင့် တွင်းနက်ကြီး ဧရိယာနှင့် ပတ်သက်၍ သတ်မှတ်ချက် အယူဝါဒများအား သက်သေပြနိုင်ခဲ့သည်။

၎င်းသည် အသက် ၂၁ နှစ်အရွယ်တွင် Lou Gehrig ရောဂါ စတင်ရရှိခဲ့ပြီး ယင်း ရောဂါကြောင့် တဖြည်းဖြည်း ခန္ဓာကိုယ် လှုပ်ရှားနိုင်ခြင်းမရှိတော့သလို စကားလည်း ပြောနိုင်ခြင်းမရှိတော့ဘဲ နောက်ဆုံးတွင် မျက်လုံးနှင့် လက်သုံးချောင်းသာ လှုပ်ရှားနိုင်တော့ကြောင်း သိရှိရသည်။ (Xinhua)
image

Credit - China Xinhua News

Sort:  

Congratulations @kaungkhantzin! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @kaungkhantzin! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58503.45
ETH 2594.59
USDT 1.00
SBD 2.45