"လူဖြစ် မရှုံးစေချင်ပါ”
လူတစ်ချို့်အပေါ် အကြောင်းပြချက်
ကြီးကြီးမားမား မရှိဘဲနဲ့
အဆိုးမမြင်မိစေနဲ့
သူတစ်ပါးအပေါ် အဆိုးမြင်နေသမျှ
လူဖြစ်ရှုံးပြီ
သူတစ်ပါးတိုးတက်ကြီးပွားနေတာကို
မုဒိတာမပွားဘဲ မကောင်းမကြံစည်မိစေနဲ့
မကောင်းကြံစည်ပြီဆိုကတည်းက
စိတ်ထားနိမ့်ကျနေပြီဖြစ်လို့
လူဖြစ်ရှုံးပြီ
ကိုယ့်မိဘ ၊ ဆရာ ၊ ကျေးဇူးရှိဖူးသူများကို
မစော်ကားမိစေနဲ့
ကျေးဇူးတရားကို တန်ဖိုးမထားတတ်တာကလည်း
လူဖြစ်ရှုံးတာပါပဲ
ကိုယ့်ထက်နိမ့်ကျတဲ့ သတ္တဝါတိုင်းအပေါ်
ဘယ်တော့မှ ကြီးနိုင်ငယ်ညှင်း
မလုပ်မိစေနဲ့
အနိုင်ယူခြင်းဆိုတာကလည်း
မတရားအနိုင်ယူမိရင်
လူဖြစ်ရှုံးတာပါပဲ
အမှန်တရားကို မကျင့်သုံးနိုင်သေးရင်တောင်
အမှန်တရားကို အင်အားဖြင့်
ဖုံးဖိဖို့ မကြိုးစားလိုက်ပါနဲ့
အမှန်တရားနဲ့ ရန်ဘက်ဖြစ်လာရင်လည်း
လူဖြစ်ရှုံးတာပါပဲ
မေတ္တာတရားတွေ ခန်းခြောက်နေတဲ့
အစွန်းရောက် အတ္တသမားမဖြစ်စေနဲ့
အတ္တတွေလွန်ကဲလာရင်လည်း
လူဖြစ်ရှုံးတာပါပဲ
ကိုယ်ဘာလုပ်နေတယ်
ဘယ်လမ်းသွားနေတယ်ဆိုတာ မသိဘဲ
စိတ်ထဲရှိတာ လိုက်လုပ်နေရင်လည်း
လူဖြစ်ရှုံးတာပါပဲ
လူဖြစ်ရှုံးတယ် မြတ်တယ်ဆိုတာက
ချမ်းသာခြင်း ၊ ဆင်းရဲခြင်း ၊ ပညာတတ်ခြင်း မတတ်ခြင်း
ရုပ်ရည်လှပခြင်း ရုပ်ဆိုးခြင်း စသည်တို့နဲ့
တိုင်းတာ သတ်မှတ်လို့မရပါဘူး
တစ်ခုတည်းသော ပေတံက
လူသားပီသသော စိတ်ဓာတ်နှင့်
မေတ္တာပြည့်ဝခြင်း မပြည့်ဝခြင်းနဲ့ဘဲ
တိုက်ရိုက်သက်ဆိုင်နေတာပါ