လူတော်လူကောင်းတွေ လုပ်လေ့မရှိတဲ့ အရာ(၈)မျိုး

in #good-karma7 years ago

shutterstock.jpg

လူတော်ဆိုတဲ့ စကားလုံးနဲ့ လူကောင်းဆိုတဲ့ စကားလုံးမှာ ဆိုလိုရင်း ကွာခြားမှု ရှိပါတယ်။ လူတော်ဆိုတာက အရည်အသွေးပိုင်းဆိုင်ရာ ထူးချွန်သူတွေဖြစ်ပြီး လူကောင်းဆိုတာကတော့ စာရိတ္တပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထူးချွန်သူတွေ ဖြစ်ပါတယ်။ လူတော်တိုင်းဟာ လူကောင်းမဖြစ်နိုင်ပါဘူး။ လူကောင်းတိုင်းဟာလည်း လူတော်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လူတော်လူကောင်း ၂မျိုးလုံးဖြစ်နေတဲ့သူတွေလည်း ရှိတတ်ပါတယ်။ သူတို့တွေရဲ့ အပြုအမူတွေကို နည်းနည်း လေ့လာကြည့်ရအောင်

shutterstock1.jpg

(၁) အမှားကို ဝန်ခံရဲတယ်။
အမှားကို ဝန်ခံတယ်ဆိုတာ အချို့က လွယ်မယ်ထင်ကြတယ်။ တကယ်တော့ အမှားကို ဝန်ခံရတာ မလွယ်ပါဘူး။ လူတွေ ဟာ အမှားကို ဝန်ခံတဲ့အခါ သိက္ခာကျတယ်လို့ ထင်တတ်ကြပါတယ်။ အချို့က ရှက်တတ်ကြပါတယ်။ ဒါပေမယ့် တကယ့် လူတော်လူကောင်းတွေက အမှားကို ဝန်ခံတတ်ကြပါတယ်။ အမှားကို တာဝန်ယူရဲကြပါတယ်။ ကိုယ်အမှားလုပ်တဲ့သူဟာ ဘယ်အရွယ်ပဲ ဖြစ်ဖြစ် ပြန်လည် တောင်းပန်ဖို့ ဝန်မလေးတတ်ကြပါဘူး။

(၂) ပြဿနာတွေကို ဖြေရှင်းဖို့ ကံတရားကို အားမကိုးဘူး။
အချို့က ကံကောင်းဖို့ ဆုတောင်းကြပေမယ့် သူတို့ကတော့ ကံကောင်းဖို့ အလုပ်လုပ်ကြတယ်။ ကံဆိုတာ အလုပ်က ဖြစ်တယ်ဆိုတာကို သူတို့နားလည်ထားတယ်။ အချို့တွေက ကိုယ်တိုင် အားစိုက်ခြင်း မရှိပဲနဲ့ ကောင်းမွန်တဲ့အရာတွေ ဖြစ်ပျက် လာမှာကို စောင့်မျှော်ကြတယ်။ ဒါပေမယ့် သူတို့ကတော့ ကောင်းမွန်တဲ့အရာတွေကို လုပ်အားနဲ့ ရယူကြတယ်။ ကိုယ်တိုင် ကြိုးစားအားထုတ်ကြတယ်။ ကံတရားကို အားကိုးပြီး ဘယ်တော့မှ ထိုင်မစောင့်တတ်ကြပါဘူး။

happy-glasses-woman.jpg

(၃) အမှားတွေကနေ သင်ခန်းစာယူကြတယ်။
အမှားဆိုတာ လူတိုင်းရှိကြတယ်။ ဒါပေမယ့် အဲ့ဒီအမှားတွေကနေ သင်ခန်းစာယူတတ်တဲ့သူကတော့ ရှားပါးလေ့ရှိကြပါတယ်။ အမှားတစ်ခုမှားသွားတဲ့အခါ အဲ့ဒီအမှားကို အကြာကြီး စဉ်းစားပြီး နောင်တရနေမယ့် အစား သူတို့က အဲ့ဒီအမှား တွေကနေ သင်ခန်းစာယူတတ်ကြပါတယ်။ ဘာကြောင့်မှားသွားတာလဲ။ နောက်မမှားအောင် ဘယ်လိုလုပ်မလဲ စတာတွေ စဉ်းစားတတ်ကြပါတယ်။

(၄) အချိန်မဖြုန်းဘူး။
သာမန်လူတွေက အချိန်ကို သိပ်ပြီး တန်ဖိုး မထားတတ်ကြပေမယ့် သူတို့တွေကတော့ အချိန်ကို အရမ်းကို တန်ဖိုးထားကြပါတယ်။ အချိန်တွေ ပြန်မရဘူးဆိုတာကို ကောင်းကောင်းနားလည်ထားပြီး အချိန်တွေကိုအမြဲ အကျိုးရှိအောင် အသုံးချကြ ပါတယ်။

(၅) သူများကို အထင်မသေးဘူး။
ဘယ်သူ့ကို ဖြစ်ဖြစ် သူတို့က လုံးဝ အထင်မသေးတတ်ကြပါဘူး။ လူတွေကို ပုံမှန်ဆက်ဆံပါတယ်။ အထင်လည်း မသေး သလို အထင်ကြီးတဲ့ပုံစံမျိုးနဲ့ ဆက်ဆံတာလည်း မဟုတ်ပါဘူး။ လူကို လူလိုပဲ လေးလေးစားစား ဆက်ဆံတာဖြစ်ပါတယ်။

1000x558-playing-the-blame.jpg

(၆) ကိုယ့်အပြစ်ကို သူများကို မလွှဲချဘူး။
လူအချို့က အပြစ်တစ်ခုခု ကျူးလွန်ပြီးရင် သူများကို လွှဲချတတ်ကြပါတယ်။ ဒါပေမယ့် လူတော်လူကောင်းတွေကတော့ ကိုယ့်အပြစ်ကို သူများကို မလွှဲချတတ်ကြပါဘူး။ ကိုယ့်အပြစ်ကို တာဝန်ယူတတ်ကြပါတယ်။

(၇) လက်လွတ်စပယ် အလုပ်မလုပ်ဘူး။
အလုပ်လုပ်တဲ့အခါ သူတို့က သူတို့အလုပ်ကို စေ့စပ်သေချာအောင် လုပ်တတ်ကြပါတယ်။ ဘယ်တောမှ ဖြစ်ရင်ပြီးရော ဆိုတဲ့ပုံစံမျိုး မလုပ်တတ်ကြပါဘူး။ မလုပ်ရင်လည်း မလုပ်သလို လုပ်ရင်လည်း ပီပီပြင်ပြင် လုပ်တတ်ကြပါတယ်။

(၈) အတင်းမပြောဘူး။
သူတို့က သူများအကြောင်း ပြောလေ့မရှိပါဘူး။ အဲ့ဒီအစာ သူတို့အကြောင်းပဲ သူတို့ စိတ်ဝင်စားပါတယ်။ သူတို့ဘယ်လို တိုးတက်အောင် လုပ်ရမလဲဆိုတာပဲ စဉ်းစားတတ်ကြပါတယ်။ သူများအပေါ် မကောင်းတဲ့စိတ်ထားဖို့ အတွက် အချိန်တွေ မရှိကြပါဘူး။

SMT 20

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 68598.13
ETH 2704.77
USDT 1.00
SBD 2.72