About Gold ရွှအကြောင်းသိကောင်းစရာ

in #gold6 years ago

ရွှေအကြောင်းပြောရရင်တော့ ပြောမဆုံးပေါင်တောသုံးထောင်လို့ဆိုရမှာပဲပါပဲ။ရွှ၏ တောက်ပမှု၊ ပုံသွင်းရလွယ်ကူမှု၊ အလွယ်တကူ မပျက်စီးနိုင်မှု စသော ရုပ်ဂုဏ်သတ္တိများကြောင့် ရှေးခေတ်ကတည်းကပင် လူသားများသည် ရွှေကို
a99cwe641r.jpg
Photo credit original source
မတ်နိုးတန်ဖိုးထားကြသည်။ ရွှေကိုငွေကြေးအဖြစ် စတင် အသုံးပြုခဲ့ချိန်မှာ ၅၆၀ဘီစီ ခန့် လစ်ဒီယာ(ယခု တူရကီအနောက်ပိုင်း)၏ဘုရင် ခရီးဆပ်စ် လက်ထက်တွင် ဖြစ်သည်။ ထိုအချိန်က ခရီးဆပ်စ် ဘုရင်၏ပုံတူကို ရွှေဒင်္ဂါးပေါ်တွင်ရိုက်နှိပ်ပြီး ငွေကြေးအဖြစ် အသုံးပြုခဲ့ကြသည်။ ဒင်္ဂါးခေတ်မတိုင်ခင်တွင် ကျွဲနွား၊ ကိုကိုးစေ့၊ ပင်လယ်ခရုခွံများ နှင့်တိရိစ္ဆာန်သားရေ စသော ကုန်ပစ္စည်း များကိုသာ ငွေကြေးအဖြစ် လဲလှယ်အသုံးပြုခဲ့ကြသော်လည်း ရွှေဒင်္ဂါးများသည် အာမခံမှုရှိသောကြောင့် လူအများက တဖြည်းဖြည်းလက်ခံလာပြီး စီးပွားရေးကဏ္ဍတွင် ရွှေသည် အဓိကကျသော နေရာမှပါဝင်လာခဲ့သည်။ ရှေးခေတ်ကယဉ်ကျေးမှုလိုပင် ယနေ့ခေတ်တွင်လည်း ရွှေ၏တန်ဖိုးနှင့် အလှတရားကို အသိအမှတ်ပြု လက်ခံနေကြတုန်းပင်ဖြစ်သည်။ ရွှေကိုလက်ဝတ်ရတနာအဖြစ် ဆင်မြန်းကြသည်။ ထို့အပြင် ရွှေကိုဒင်္ဂါးပုံစံ (သို့) ရွှေချောင်းပုံစံအဖြစ် ရင်းနှီးမြှုပ်နှံမှု၊ စုဆောင်းမှုများလုပ်ကြပြီး အခြားနေရာများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ရွှေသည်နေရာတိုင်းတွင်အသုံးဝင်လေသည်။
wk3tsw8i31.jpg
Photo credit original source
ရွှေရဲ့ထုတ်လုပ်နိုင်မှုပမာဏကစိတ်ဝင်စားစရာကောင်းပါတယ်။ရွှမှာ အလွန်ရှားပါးသည်။ နှစ်စဉ်တူးဖော်ရရှိသော ရွှေပမာဏမှာ ကမ္ဘာပေါ်တွင်စုစုပေါင်း ရှိသော ရွှေပမာဏ၏ ၂%သာ ရှိသည်။ နှစ်စဉ်တူးဖော်ရရှိသော ရွှေ၏ လေးပုံသုံးပုံမှာ ကမ္ဘာပေါ်တွင် ရွှေထုတ်လုပ်မှု အများဆုံး နိုင်ငံ (၁၀)နိုင်ငံမှ ရရှိခြင်းဖြစ်သည်။ ရွှေထုတ်လုပ်မှုအများဆုံး နိုင်ငံ (၁၀)နိုင်ငံမှာ- ၁။ တရုတ် ၂။ သြစတေးရီးယား ၃။ ရုရှား ၄။ အမေရိကန် ၅။ ကနေဒါ ၆။ တောင်အာဖရိက ၇။ ပီရူး ၈။ အူစ်ဘက်ကစ်စတန် ၉။ မက်ဆီကို ၁၀။ ဂါနား တို့ဖြစ်သည်။ ထိုကဲ့သို့ နှစ်စဉ်ထုတ်လုပ်မှုများမှ ထုတ်လုပ်မှုပမာဏမှာ တစ်နှစ်လျှင် တန်ချိန်ပေါင်း ၃,၀၀၀ခန့် (၉၆၄၅၀၀၀၀ထရိုင်အောင်စနှင့် ညီမျှသည်)ဖြစ်သည်။ တန်ဖိုးအရဆိုလျှင် အမေရိကန်ဒေါ်လာ ၁၁၀ဘီလီယံခန့် ရှိသည်။ ရွှေကို နှစ်စဉ် ရရှိနိုင်သော ပုံစံ(၄)မျိုးရှိသည်။ ၄င်းတို့မှာ- ၁။ အသစ်တူးဖော်ထုတ်လုပ်ခြင်း ၂။ လက်ဝတ်ရတနာပစ္စည်းများမှပြန်လည်ပုံသွင်းရယူခြင်း ၃။ အသိအမှတ်ပြုရွှေဆိုင်၊ ဗဟိုဘဏ်တို့မှ ရောင်းချပေးခြင်း ၄။ ဗဟိုဘဏ်ကဲ့သို့သော တရားဝင်ရွှေထိန်းသိမ်းသည့်နေရာများမှ ရွှေကိုချေးငှား၊ ချေးယူနိုင်ခြင်းတို့ဖြစ်သည်။တစ်ကမ္ဘာလုံးအတွက် ဗဟိုဘဏ်သည် အရေးကြီးသောအစိတ်အပိုင်းစြဖ်သည်။
iderxa0rl3.jpg
Photo credit original source
ရွှေတွေရဲ့ဝယ်လိုအားကလဲအံ့မခမ်းပါပဲ။လေ့လာကြည့်ပါအုံး။ရွှကိုဝယ်လိုအားများသော အဓိကအရင်းအမြစ်နေရာကြီး (၃)ခုရှိသည်။ ၄င်းတို့မှာ- ၁။ လက်ဝတ်ရတနာထုတ်လုပ်ရောင်းချသောလုပ်ငန်းများ ၂။ စက်မှုလုပ်ငန်းများ ၃။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စသည်တို့ဖြစ်သည်။ ဝယ်လိုအားအကြီးမားဆုံးနေရာမှာ လက်ဝတ်ရတနာထုတ်လုပ် ရောင်းချသော လုပ်ငန်းများ ဖြစ်သည်။ ရွှေ၏ ပုံသွင်းရလွယ်ကူမှု၊ သူမတူသောလှပမှု၊ လူတိုင်းနှစ်သက်သဘောကျမှု များကြောင့် ရှားပါးပြီး တန်ဖိုးကြီးသော ရွှေသည်လက်ဝတ်ရတနာများအားလုံးထဲတွင်နှစ်သက်ခြင်းအခံရဆုံးဖြစ်သည်။ ရွှေကိုလက်ဝတ်ရတနာအဖြစ်အသုံးပြုသည့်အပြင် လေယာဉ်၊အာကာသယာဉ် တည်ဆောက်ခြင်း၊ ဆေးကုသခြင်း၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်ခြင်းနှင့် သွားဖက်ဆိုင်ရာလုပ်ငန်းများစသည့်အခြားစက်မှုလုပ်ငန်းများတွင် လည်း အသုံးပြုသည်။ ဈေးကွက်အခြေအနေများပေါ်တွင်မူတည်၍ရွှေကိုရင်းနှီးမြှုပ်နှံသူများ၊ဈေးကစားသူများ၏ဝယ်လိုအားမှာလည်း နှစ်အလိုက်ပြောင်းလဲမှုများ အများအပြားရှိသည်။ ရွှေဈေးရွှေဈေးကွက်သည် အကျိုးဖြစ်ထွန်းမှုများသောကြောင့် နိုင်ငံတကာအသိအမှတ်ပြု Trading Center များ ဖြစ်သော နယူးယောက်၊ လန်ဒန်၊ ဇူးရစ်ခ်၊ တိုကျို နှင့် ဟောင်ကောင်တို့မှ ရွှေဈေးကွက်ကို တစ်နေ့လျှင် ၂၄နာရီ လုံးလုံး အရောင်းအဝယ်ပြုလုပ်နိုင်ရန်ဆောင်ရွက်ပေးထားသည်။ ဈေးကွက်တွင်ပြုလုပ်သည့် အရောင်းအဝယ်များကိုမူ ကမ္ဘာ့ အကြီးမားဆုံးရွှေပိုင်ဆိုင်သည့်နိုင်ငံ(၅)နိုင်ငံမှအဓိကပါဝင်ဈေးကစားကြသည်။ ရွှေဈေးနှုန်းပြောင်းလဲမှုများကို စတော့ရှယ်ယာဈေးနှုန်းများ၊ ငွေစုစာချုပ်များ၊ စာချုပ်စာတမ်းများ၊ ရင်းနှီး မြှုပ်နှံမှုကုန်ပစ္စည်းများ၏ ဈေးနှုန်းများနှင့်အတူ ကမ္ဘာတစ်ဝှမ်းရှိနာမည်ကြီးသတင်းစာများတွင် ထုတ်ပြန်ကြေညာ ထားသည်။အချိန်နှင့်တပြေးညီထုတ်ပြန်ကြေငြာနေခြင်းဖြစ်သည်။
nkihuze88j.jpg
Photo credit original source
ရွှေမှာဘာလို့ရင်းနှီးကြတာလဲဆိုတော့။ရွှတွင်ရင်းနှီးမြှုပ်နှံကြသောအကြောင်းရင်းများမှာ သမင်းကြောင်းတလျှောက်တွင်မပြောင်းလဲပဲ ရှိနေသည်။ ၄င်းတို့မှာ- ၁။ ကာလကြာမြင့်စွာ တန်ဖိုးမပြောင်းလဲပဲ ထိန်းသိမ်းထားနိုင်ခြင်း ၂။ ငွေကြေးအကြပ်အတည်းကြုံချိန်တွင်ပြန်လည်ရောင်ချနိုင်သောပိုင်ဆိုင်မှုတစ်ခုဖြစ်ခြင်း ၃။ ငွေပေါ်လွယ်ခြင်း ၄။ ပိုင်ဆိုင်မှုပုံစံတမျိုးဖြစ်ခြင်း စသည်တို့ဖြစ်သည်။ရွှေဈေးကွက်ကို နိုင်ငံတကာအသိအမှတ်ပြု Trading Center များမှ ၂၄နာရီ လုံးလုံး အရောင်းအဝယ်ပြုပ်နိုင် ရန်ဆောင်ရွက်ပေးထားသည်ဖြစ်သော်လည်း အာရှအချိန်များတွင် ရွှေဈေးလှုပ်ခတ်မှု နည်းတတ်သည်။ အဓိက Trading Center ကြီးတစ်ခုဖြစ်သော လန်ဒန်အချိန်တွင်မူ ရွှေဈေးလှုပ်ခတ်မှု ပိုများလာတတ်ပြီး ရွှေပိုင်ဆိုင်မှုအများဆုံးဖြစ်သော အမေရိကန်အချိန်တွင်မူ ရွှေဈေး လှုပ်ခတ်မှု အများဆုံးဖြစ်သည်။ ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား စည်းမျဉ်းစည်းကမ်း သတ်မှတ်၍ တရားဝင် တင်ပို့/တင်သွင်းခွင့်ပြုခြင်းအားဖြင့် တရားမ၀င် ရောင်းဝယ်မှုပပျောက်ပြီး နိုင်ငံတော်မှ ရသင့်ရထိုက် သော အခွန်ဘဏ္ဍာငွေရရှိစေရန်၊ ငွေကြေးဈေးကွက်တည်ငြိမ်မှုကို အထောက်အကူပြုစေရန်နှင့် ကမ္ဘာ့ရွှေဈေးကွက်တွင် မြန်မာ့ ရွှေထည်ပစ္စည်းများ ထိုးဖောက်ဝင်ရောက်နိုင်ရန် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဇန်န၀ါရီ ၂၂ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၇/၂၀၁၈ ထုတ်ပြန်ကြေညာခဲ့ ကြောင်းသိရသည်။ဗဟုသုတအနေနှင့်ဖြစ်ပါသည်။
kisqrloqsk.jpg
Photo credit original source

Sort:  

ရွှေအကြောင်းတော်တော်စုံလင်သွားတယ်။ဖတ်လို့လဲကောင်းတယ်။ရွှေတွေလဲသဘောကျတယ်။ဟီဟိ

နှိုက်ယူလိုက်လေအာစရိရေ ပေးပါတယ် ဟီဟိ။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 66899.66
ETH 3464.07
USDT 1.00
SBD 2.80