သက်လုံ (@aggamun)

in #gaming5 years ago

သက်လုံ ကို စမ်းသပ်နေ သလား စတီးမစ် ရယ်။ အခက်ခဲဆုံး ကာလ ကို ကျော်ဖြတ်ခဲ့ပြီးတောင်မှ ဒီ အခိုက်အတန့်က ယောင်ဝါးဝါး ဖြစ်နေသလား။ ကိုယ့် အနေဆိုရင် သုညက စ ရတယ် ပြောရမယ်။ ဖရီးဆိုလို့သာ စာရင်းသွင်း လိုက်တာ ဘာကို ဘယ်လုပ်ရမှန်း မသိသေးတဲ့ အချိန်။ ဘယ် community တွေ minnow support တွေ ဘာမှန်း မသိ။ intro လေး တင်လိုက်တာ တစ်ကျပ်ရဲ့ တစ်ဝက် တောင် မရခဲ့တဲ့ အချိန်။

ဒီလို အချိန်တွေမှာ တောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြစ်ညှစ် လုပ်ခဲ့ရပြီးမှ ခုလို အချိန်ရောက်တော့ ဘာဖြစ်ချင်တာလဲ။ အားစမ်းလို့ ဝ သွားတော့ သက်လုံကို စစ်နေပြီလား။ သက်လုံက တောင့်ခံနေရင်း ကျလာတယ်။ သက်လုံကို ဘယ်ထိ စမ်းသပ်ပြီးမှ အဖြေရမှာလဲ။ အောင်စာရင်းမှာ ကိုယ့်နာမည်ပါလာဖို့ ရင်မခုန်ချင်ဘူး ဆိုရင်တော့ ဒီထက် သက်လုံကို ကောင်းအောင် လုပ်ရဦးမယ်။

community စတိုင်ဆိုတော့ အခြားသူများကို မတွေ့တော့ လှုပ်ရှား ရတာ ငေါင်စင်းစင်း နိုင်နေသလား။ ဤခရီး ဘယ်လောက်မှ မလိုတော့ဘူး ဆိုတာ စိတ်ထဲက သိနေတယ်။ အားပေးရင်း ရှေ့ဆက် အားတင်းရင်း ခရီးဆက်။ မြင်နေကျ တွေ့နေကျ တင်နေကျ မိတ်ဆွေ အချို့ကို မမြင်ရတော့လည်း စိတ်မကောင်းသလို အားငယ်မိတယ်။ အားငယ်တာများလားတော့ အားက ပြတ်ချင်ချင်။ ဒါတောင် စတီးမစ်က စာမေးပွဲ စစ်လို့ ကောင်းတုန်း။ မေးခွန်း လှည့်ကောင်းတုန်း။

NextColony တို့လို ဂိမ်းသာ မရှိရင် ဒီနေ့ ဒီနေရာမှာ ရှိချင်မှ ရှိနေမှာ။ ဟုတ်တယ်လေ ဂိမ်းတွေသာ မကစားဖြစ်ရင် trading ဘက်မှာပဲ လည်နေဦးမှာ။ ခုတော့ gaming ပေါ့။ gamer တော့ မဖြစ်သေးပါဘူး။ NC က လမ်းကြောင်းတွေ ပွင့်လာရင် တော့ အားတက်ဖွယ်ရာ ရှိမှာပါ။ လောလော ဆယ် တော့ planet တွေ အသစ် မတွေ့သေးဘူး။ ဒါဆို အကျိုးအမြတ် သိပ် မမျှော်လင့်ခွင့် မရှိသေးဘူး။ ဘဒိုကြီးက တော့ ပြောပါတယ်။ အနီးအနားမှာ active ဖြစ်တဲ့သူ သိပ်မရှိပါဘူးတဲ့။

ဒါကို အခွင့်အရေး တစ်ခု အနေနဲ့ အသုံးချတတ်ပါ့မလား ကျွန်တော် မသိသေးပါ။ ဘယ်လို အသုံးချရမလဲ ကိုတော့ ဆရာများဆီက နည်းနာ ယူရပါမယ်။ ဒါမှ အမြန်ဆုံး အမှန်ဆုံး ကိုယ့်အတွက် အကျိုးအမြတ် ဖော်ဆောင်နိုင်မှာ မဟုတ်ပါလား။

So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun


Using share2steem.io : https://share2steem.io/?ref=aggamun


My bounty post for this week : https://steemit.com/myanmar/@aggamun/together-with-you-1-steem-bounty-thng-esny-nyaa-thng-wng-atu-week-26-aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=266
Sort:  

ဂြိုဟ်စားမင်း ဖြစ်သေးဘူးလား

Posted using Partiko Android

ကြိုးစား ရှာဖွေ bro ရေ ! :D

Posted using Partiko Android

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 60836.32
ETH 2449.94
USDT 1.00
SBD 2.65