ဖြစ်ပုံ က (@aggamun)
ဒီနေ့က နှစ်ပုဒ် ရေးတင်ရမယ့် နေ့မို့ တစ်ပုဒ်ကို ဘာသာပြန်လေးပဲ လုပ်လိုက်ပါတယ်။ ကိုယ့် အရည် အချင်း လည်း ကိုဟ့်ဘာသာ သိနေတော့ ကွာလတီ တွေ ဘာတွေ ဇာချဲ့ မနေတော့ဘူး။ အကောင်းဆုံး ကြိုးစားပြီး ရေးတင်လိုက်ပါတယ်။ copyright တော့ မညှိလောက်ဘူး ထင်ပါတယ်။ plagiarism တော့ ဖြစ်နေနိုင်ပါတယ်။
ဘာလို့လည်း ဆိုတော့ ဆိုရိုးစကား ရှိတယ်မလား။ တစ်ယောက်တည်း ရဲ့ စိတ်ကူး ဖန်တီးမှုကို ကူးယူ ရေးသားရင် plagiarism ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဦး နှစ်ယောက် ဆီက ကူးယူ ရေးသားမယ်ဆိုရင်တော့ plagiarism လို့ မခေါ်ပါဘူး။ research (သုတေသန) လုပ်တယ်လို့ပဲ ခေါ်ပါတယ်တဲ့။ နောက်တာလား အတည်လားတော့ မသိပါဘူးဗျာ။ ဆိုတော့က ကျွန်တော်သည် တစ်ယောက်တည်း ဆီက ဆိုတော့ plagiarism ပေါ့ဗျာ။
အဲဒါနဲ့ ပတ်သတ်ပြီး weku မှာ ဖြစ်သေးတယ်။ ကျွန်တော် မိခင် ဘာသာ စကားနဲ့ မရေးလို့ copy ရေးပါတယ်တဲ့။ ပိုစ့်က ဗျာ nc မှာ ဂြိုဟ်သစ်တွေ့လို့ တွေ့တဲ့ အကြောင်းလေး ရေးတာပါ။ E လိုရေးတာ ဘာမှလည်း ထွေထွေထူးထူး မဟုတ် It is! I am ဒီလောက်ပဲ။ ကျွန်တော်လည်း အဲတာထက် ပို မတတ်ပါဘူးဗျာ။
ဆိုတော့က အဲဒါဟာ copy ဖြစ်ကြောင်း …… သူက weku မှာ အရမ်းကြာပြီ ဖြစ်တဲ့ အတွက် ဒါကို သူ သိပါကြောင်း …… ကျွန်တော်ဟာ Copyright နဲ့ plagiarism ကို ဘာမှ မသိသူ ဖြစ်တဲ့ အတွက် လေ့လာသင့်ပါကြောင်း …… အဲဒီ It is! I am! တွေသည် ကျွန်တော် တစ်နေရာ ရာက ကူးချလာတာ ဖြစ်နိုင်ကြောင်း ……… စသဖြင့် စွပ်စွဲ ပါလေရောဗျ။
အဲဒါနဲ့ ကျွန်တော်လည်း ဘာမှ ပြန် မပြောနေတော့ဘူး။ အသာ လစ် လာလိုက်တယ်။ မလစ်လို့ မရဘူး။ သူတို့က weku မှာ ပါဝါ သိန်းချီ နေတာ တော်ကြာ အမြင်ကပ်ပြီး downvote လာပေးရင် မရှိတဲ့ ဒေါ်လှ တွေ ပျောက်မှာစိုးလို့။
Writen by @aggamun
Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=18
