ဘယ်​သူသိမှာလဲ

in #friend6 years ago

ဘယ်​သူသိမှာလဲ
✏ ✏ ✏ ✏ ✏
image
ရင့်​ကျက်​တည်​ငြိမ်​တယ်​တဲ့
တိတ်​ဆိတ်​ တဲ့အခန်းငယ်​မှာ
အထီးကျန်​ စွာဖြတ်​သန်းရင်း
ကိုယ့်​အ​ပေါ်နားလည်​​ပေးမယ့်
အရင်းနှီးဆုံးမိတ်​​ဆွေတစ်​​ယောက်​​လောက်​ကို
မျှော်​လင့်​​နေမိမှာ ဘယ်​သူသိမှာလဲ။

နေတတ်​ တယ်​တဲ့
ဖြတ်​သန်းခဲ့တဲ့ဘဝလမ်းမှာ
မလှပခြင်း​တွေ​ဝေဆာခဲ့​တော့
လေမှာ​တောင်​မသင်းပျံ့ရဲ​တဲ့ရနံ့နဲ့
ရင်​မှာမျိုသိမ့်​ထားတဲ့ ခံစားချက်​​တွေ
ဘယ်​သူသိမှာလဲ။

နူတ်​ဆိတ်​လိုက်​တာတဲ့
ကိုယ့်​အ​ကြောင်းကိုယ်​​ပြောပြီး
ကိုယ်​ဂုဏ်​ကိုယ်​​ဖော်​ မသူ​တော်​လို့
ဝေဖန်​လက်​ညှိုး​တွေကြားမှာ
နေသားကျခဲ့​တော့စကားတစ်​ခွန်း
လွယ်​လွယ်​ထွက်​ရမှာ
ဝန်​​လေး​နေခဲ့တာ
ဘယ်​သူသိမှာလဲ

အပူအပင်​ကင်းတယ်​တဲ့
နူတ်​မှာအပြုံးတပ်​ထား​ပေမယ့်
ရင်​မှာငိုခဲ့ရတဲ့ ရက်​၊ လ၊ နှစ်​၊တွေများလာ​တော့
မ​ကျေနပ်​​ပေမယ့်​ ​နေတတ်​​အောင်​​နေခဲ့ရတာ
ဘယ်​သူသိမှာလဲ။

ကြိုးစား​တယ်​တဲ့
ရိုးသားခြင်းကတန်​ဖိုးမြင့်​မား​ပေမယ့်
ရိုးသားခြင်းနဲ့တိုးမရတဲ့​လောကကြီးမှာ
ကြိုးစားခြင်းနဲ့​ရှေ့ဆက်​ပြီး
ကိုယ့်​ဘဝ ကိုယ့်​ဒဏ်​ရာ အနာကျက်​ဖို့
ချွေးသိမ့်​​နေတာ ဘယ်​သူသိမှာလဲ။

သူ့ရဲ့ဖြတ်​သန်းမှု​လေးလှပတယ်​တဲ့
မလှပခဲ့တဲ့ရင်​ထဲက ခံစားချက်​​တွေ
ဘယ်​သူသိမှာလဲ။

ဘယ်​သူမှမသိလည်း​နေပါ​စေ
ဘယ်​သူ့ဘယ်​​လောက်​မြင့်​မားပါ​စေ
ကိုယ့်​ဘဝ ကိုယ့်​အ​ခြေအ​နေကိုယ်​သာသိမို့
နူတ်​ဆိတ်​​နေပြီး ရည်​ရွယ်​ရာကို
တစ်​စိုက်​မတ်​မတ်​ ဖြတ်​သန်း​နေတာ
ဘယ်​သူသိမှာလဲ။

ဘာမထီဘွား.....အ​တွေးစာစု​လေးများ

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58617.29
ETH 3164.87
USDT 1.00
SBD 2.44