အာရှယူ-၂၃ ခြေစစ်ပွဲဝင် သြစတြေးလျအသင်းတွင် ဥရောပကစားသမားငါးဦးပါဝင်

in #football7 years ago

မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အင်အားကြီး သြစတြေးလျအသင်း၌ ဥရောပလိဂ်ပြိုင်ပွဲများတွင် ကစားနေသောကစားသမားငါးဦး ပါဝင်လာမည်ဖြစ်သည်။

ဇူလိုင် ၁၉ ရက်မှ ၂၃ ရက် အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည့် အာရှဖလားယူ-၂၃ ခြေစစ်ပွဲ အုပ်စု(စ) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ယင်း အုပ်စုတွင် အိမ်ရှင်မြန်မာ၊ သြစ တြေးလျ၊ စင်ကာပူနှင့် ဘရူနိုင်း အသင်းတို့ ပါဝင်သည်။

သြစတြေးလျအသင်းတွင် အင်္ဂလန်ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်အသင်း ဂိုးသမား သောမတ်စ်ဂလိုဗာ၊ အင်္ဂလန်လိဂ် -၂ မှ မိုကမ်ဘီအသင်းဂိုးသမား ဒယ်နီရယ်နီဇစ်၊ ဂျာမန်ဘွန်ဒက်စ် လီဂါ(၂)ကလပ် အိမ့်ထရက်ခ်ျ အသင်းမှ တိုက်စစ်မှူး မီလိုဆ လပ်ပိုပိုဗစ်၊ နယ်သာလန် NEC ကလပ်မှ စတီဖင်မာ့ခ်၊ ဒိန်းမတ် ကလပ် မစ်ဂျီလန်အသင်းမှ တိုက် စစ်မှူး မာဘီလ်တို့ ပါဝင်လာမည် ဖြစ်သည်။

‘‘အာရှယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲအတွက် ပွဲမတိုင်မီ အ သင်းလိုက် စုပေါင်းပြီး ၁၀ ရက် ကြိုတင်ပူးပေါင်း လေ့ကျင့်သွား ဖို့ရှိပါတယ်။ ပွဲဦးထွက်ပွဲစဉ်မှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံရနေမယ်လို့ ယုံကြည်ထားပြီးသား ပါ။ ဒီအုပ်စုမှာ မြန်မာအသင်းက အိမ်ရှင်ဖြစ်တာကြောင့် အိမ်ကွင်း အားသာချက် အတန်အသင့်ရှိနေ မှာ ဖြစ်ပေမယ့်လည်း ကျွန်တော် တို့က မြန်မာအသင်းရော အခြား ပြိုင်ဘက်နှစ်သင်းကိုရော လေး လေးစားစားနဲ့ ယှဉ်ပြိုင်သွားပါ မယ်’’ဟု သြစတြေးလျ ယူ-၂၃ နည်းပြချုပ် ဂျိုးဆက်ဂွမ်ဘာက ပြောသည်။

ယင်းပြိုင်ပွဲတွင် သြစတြေး လျအသင်းက အုပ်စုအဖွင့်ပွဲအ ဖြစ် ဘရူနိုင်းအသင်း၊ ဒုတိယပွဲအ ဖြစ် စင်ကာပူအသင်းနှင့် အုပ်စု နောက်ဆုံးပွဲအဖြစ် အိမ်ရှင်မြန်မာ အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။

ယင်းခြေစစ်ပွဲတွင် အုပ်စု တွင်း အမှတ်အများဆုံးရရှိသည့် အသင်းနှင့် အုပ်စုဒုတိယနေရာမှ အကောင်းဆုံးငါးသင်းတို့ ခြေစစ် ပွဲ အောင်မြင်မည်ဖြစ်သည်။

နောက်ဆုံးအဆင့်ပြိုင်ပွဲကို တရုတ်နိုင်ငံတွင် ၂၀၁၈ ဇန်နဝါရီ ၉ ရက်မှ ၂၇ ရက်အထိ ကျင်းပ မည်ဖြစ်သည်။ မြန်မာအသင်းက ယင်းပြိုင်ပွဲအတွက် ပြင်ဆင်မှုအ ဖြစ် ဇွန်လနောက်ဆုံးပတ်က လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ဇူလိုင် ၅ ရက်တွင် ပြန်လည်စခန်းသွင်းလေ့ကျင့်မှု ပြု လုပ်နေသည်။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 63119.91
ETH 2695.09
USDT 1.00
SBD 2.56