အတ္တ
📂ရည်ရွယ်ရာပန်းတိုင်ကို
သွားနေကြသူချင်းအတူတူ
တစ်ပါးသူကိုလဲကျအောင်
ခြေထိုးမခံပါနဲ့။***
📂သူနဲ့ကိုယ်သွားမယ့်ပန်းတိုင်ချင်း
တူချင်မှတူမှာလေ???***
📂ပန်းတိုင်ချင်းတူနေရင်တောင်
တစ်ဦးနဲ့တစ်ဦး ဖေးမကူညီမူရှိခဲ့ရင်
လိုရာပန်းတိုင်ကိုအချိန်တိုတိုအတွင်းရောက်ရှိပြီး
နှစ်ဦးနှစ်ဖက်လည်းအကျိုးရှိမှာဖြစ်တယ်။***
📂သူတစ်ပါးကိုခြေထိုးခံရင်
ကိုယ်လည်းအနဲဆုံးတော့
ယိုင်သွားမှာပဲမဟုတ်လား???***
📂အချိန်တွေကိုရင်းပြီးသွားနေတဲ့သူအချင်းချင်း
တစ်ပါးသူကိုဒုက္ခပေးလမ်းပျောက်အောင်
လုပ်လိုက်ရလို့ကိုယ့်အတွတ်လည်း
အချိန်တွေအလဟသကုန်ဆုံးသွားမှာဖြစ်သလို
တစ်ပါးသူရဲ့ဘဝတွေလည်းကိုယ့်ကြောင့်
နစ်နာဆုံးရူံးသွားမှာဖြစ်တယ်။***
📂လူတွေဟာ"အတ္တ"တွေလွှမ်းမိုးလာရင်
အတ္တရဲ့သားကောင်ဖြစ်သွားတတ်ကြပြီး
အဲဒီအတ္တကပဲကိုယ့်ရဲ့စိတ်ကို
ပင်ပန်းဆင်းရဲခြင်းတွေဖြစ်သွားစေပါတယ်။***
📂ဒါ့ကြောင့်
ဘဝခရီးပန်းတိုင်ကိုလျောက်လှမ်းစဉ်အတောအတွင်း
အတ္တဆိုတာကိုဘေးဖယ်လို့နားလည်စာနာမူနဲ့
တစ်ဦးကိုတစ်ဦး ဖေးမကူညီကြမယ်ဆိုရင်
ရရှိလာမယ့်ရလဒ်က အကျိုးအမြတ်ဖြစ်တယ်ဆိုတာ
နားလည်ထားကြဖို့လိုပါတယ်။***
မေတ္တာဖြင့်…
#TKW
#CREDIT📕Nan Khin May Win📕