အီးစတင်းနှင့် ပြလည်၍ စာရေးသားခြင်း

in #estem5 years ago

ဒီရက်ပိုင်းမှာ esteem နဲ့စာ မရေးဖြစ်ဖူး ဖြစ်နေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ upvote ကို လူအတော်များများကို ပေးထားပါတယ်။ ကျွန်တော် ကိုယ့်ပိုစ့်ကိုယ် တောင် upvote မပေးဖြစ်ပါဘူး။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ ပိုစ့်တင်တဲ့သူတွေ နည်းလာဟန်တူပါတယ်။ ပထမ အယောက်သုံးဆယ်လောက် ကို နေ့တိုင်း ဗုတ်ပေးဖို့ ရည်ရွယ်ထားပေမယ့် ကျွန်တော့ ဗုတ်တင်း ပါဝါက ၁၀၀% ဖြစ်နေတာများပါတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲ။ ဒီရက်ပိုင်းမှာ ပိုစ့်တင်တဲ့သူ နည်းလာပါတယ်။ Steem ဈေးကျလို့များလား။ Steem ဈေးကျတာနဲ့ ကျွန်တော်တို့ကို ထိခိုက်မှု ရှိသလား။ ကျွန်တော်ကတော့ မရှိဘူးလို့ထင်ပါတယ်။

Why?

2cj6bnqg93.png

kzmhzi7sm8.png

ကျွန်တော် အပေါ်မှာ ပြထားတဲ့ပုံနှစ်ပုံကို လေ့လာကြည့်ပါ။ Steem က ၂.၁၃၉ ရပြီးတော့ SP က ၂.၁၆ ရပါတယ်။ အောက်ကပုံကတော့ သူ့ရဲ့ ပိုစ့်တန်ဖိုးပါ။ ဒါကတော့ curation reward နှုတ်မထားတဲ့ တန်ဖိုးပါ။ ပြောရရင်တော့ အားလုံးပေါင်း ၄.၃ လောက်ရပါတယ်။

ကျွန်တော်တို့က Steem ဈေးကျတဲ့ အချိန်မှာ ကိုယ့်ပိုစ့်မှာ ရတဲ့ တန်ဖိုးနည်းသွားတာပဲ မြင်တတ်ကြပါတယ်။ ဒါပေမဲ့ တစ်ကယ်တမ်း ကိုယ်ဘယ်လောက်ရသလဲ ဆိုတာကို မမြင်တတ်ကြပါဘူး။ တကယ်လို့များ Steem ဈေးပြန်တက်လာခဲ့ရင် ကိုယ်ရထားတဲ့ Steem တွေက အဖိုးတန်လာမှာပါ။ ဒီအချိန်မှာ စာရေးလို့က အကောင်းဆုံးပါပဲ။ SP တိုးဖို့ အရမ်းကို လွယ်ပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ ပိုစ့်ရေးဖို့ တိုက်တွန်းရုံ၊ ဗုတ်ပေးရုံပဲ တတ်နိုင်ပါတယ်။ တစ်ကယ် ရေးမရေးဆိုတာကတော့ ကိုယ့်ရဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ ကျွန်တော့် SP က သိပ်မကြာခင်မှာ 500 ပြည့်တော့မှာပါ။ မင်းနောင်းဖြစ် ပါတော့မယ်။ သိပ်မကြာခင်မှာ လင်းပိုင်ဖြစ်လာမဲ့ သူတစ်ယောက်လဲ ကျွန်တော်တို့ အဖွဲ့ထဲမှာ ရှိနေပါသေးတယ်။

တွဲလက်ညီညီ အောင်ပွဲဆီသို့

Sort:  

ကျွန်တော်လည်း ပုရွက်ဆိတ်လောက်တော့ ရှိတော့မယ်ထင်ပါ့ 😜

Posted using Partiko Android

My motto:

Listen, smile, agree, and then do whatever you were gonna do anyway.

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64513.75
ETH 3146.11
USDT 1.00
SBD 3.95