တိမ်​သတင်း
in #estem6 years ago
တိမ်​သတင်း
image
တိမ်​​ငွေ​ခေါ်ရာ လိုက်​ချင်​ပါလည်း
ပန်းမှာ​မြေ၌ အမြစ်​စိုက်​၍
လိုက်​ခွင့်​မသာ ရှိ​လေသည်​။
လိုက်​ခွင့်​မသာ ပန်းခမျာ​လေ
လာမည်​မျှော်​ရင်း တိမ်​သတင်းကို
လေညင်းကို​မေး ငှက်​ကို​မေးနှင့်
မေး​နေမိသည်​အချိန်​တိုင်းလို။
မျှော်​ခြင်းကိစ္စ ပန်းဘဝမို့
နေ့ည​မျှော်​တမ်း တိမ်​လာလမ်းကို
လွမ်း​ငေးရီကာ နွမ်းလျပါသည်
တိမ်​လာနမ်းမှ လန်း​တော့မည်​။
မျှော်​လင့်​​နေခြင်း တိမ်​သတင်းကို
လေညင်း​လေးက​ပြောမှာလား?
ငှက်​က​လေးက​ပြောမှာလား?
ပန်းပွင့်​က​လေး ​မျှော်​​စောင့်​စား။ ။
Coin Marketplace
STEEM 0.19
TRX 0.15
JST 0.029
BTC 62912.13
ETH 2544.21
USDT 1.00
SBD 2.84