Frish

in #esteemapp6 years ago (edited)

ရိသတ်ကြီးရေညဘက်မှာအိပ်ရေးဝဝမအိပ်ထားတဲ့အခါ မနက်အိပ်ရာထချိန် စိတ်မကြည်မလင်ဖြစ်ပြီးထိုင်းထိုင်းမှိုင်းမှိုင်းကြီးဖြစ်တာမျိုး ကြံုဖူးကြမှာပါ။
ဒီလိုအခြေအနေအတွက် စိတ်လန်းဆန်းလာအောင်လုပ်ပေးနိုင်တဲ့ အလွယ်ကူဆံုးနဲ့ အကောင်းဆံုးနည်းလမ်းလေးတွေကိုပြောပြပေးလိုက်ပါတယ်။

**နေရောင်နွေးနွေးနဲ့ထိတွေ့ပါ။

မနက်ခင်းနေရဲ့ အလင်းရောင်ကအိပ်စက်ခြင်းကိုအားပေးတဲ့ မယ်လတိုနင်ဟော်မုန်းကို ပြက်ပျယ်စေပါတယ်။ ဒါကြောင့် မနက်အိပ်ရာထချိန်မှာ ပြတင်းပေါက်ဖွင့်၊ ခန်းဆီးလိုက်ကာကနေအခန်းထဲသို့ အလင်းရောင်၀င်ခွင့်ပေးလိုက်ပါ။ ဒီလိုဆိုအိပ်ချင်နေဆဲစိတ်ကိုဖြစ်စေတဲ့ မယ်လတိုနင်ဟော်မုန်းတွေ ကျဆင်းသွားပြီးစိတ်ကိုလန်းဆန်းသွားစေနိုင်ပါတယ်။

**ရေအေးအေးလေးနဲ့ရေချိုးချလိုက်ပါ။

ရေအေးနဲ့ရုတ်တရက်ပက်ဖျန်းလိုက်ခြင်း၊ ရေအေးနဲ့ရေချိုးလိုက်ခြင်းကြောင့် ဦးနှောက်ရှိနှိုးကြားမှုကိုဖြစ်စေတဲ့အပိုင်းကိုလှုံ့ဆော်မှုဖြစ်စေကာ နွမ်းနယ်သလိုခံစားနေရခြင်းကိုပြေပျောက်စေပါတယ်။

**ရေသောက်ပါ။

မနက်ခင်းနိုးထတဲ့အခါ ရေဓာတ်ခမ်းခြင်းကြောင့် နိုးကြားစိတ်ကိုမဖြစ်စေတဲ့အပြင် အာရုံစူးစိုက်မှုကိုလည်းလျော့နည်းစေကာတချိန်လံုးနွမ်းလျနေစေပါတယ်။ ဒါကြောင့် မနက်အိပ်ရာထချိန်မှာရေသောက်ပေးဖို့ လိုကိုလိုအပ်ပါတယ်။

**မနက်စာကိုအာဟာရပြည့်ပြည့်၀၀စားသံုးပါ။

တနေ့တာလံုးလန်းဆန်းတက်ကြွနေဖို့ကကိုယ်စားတဲ့မနက်စာပေါ်မှာလည်းမူတည်နေပါတယ်။ အမှျင်ဓာတ် လည်း ကြွယ်၀၊ ကောက်နှံတစ်ခုလံုးပါ၀င်စာလည်းဖြစ်တဲ့ ပေါင်မုန့်အညို၊ ကွေကာအုပ်၊ ဂျုံခေါက်ဆွဲစတာတွေနဲ့ မနက်စာအာဟာရအဖြစ် ဗိုက်ပြည့်စေမယ်ဆိုပါကတက်ကြွလန်းဆန်းနေစေနိုင်ရုံသာမကထိုးထွင်းသိမြင်မှု ဆိုင်ရာစွမ်းရည်လည်းတိုးစေနိုင်ပါတယ်။

**လိမေ္မာ်သီးဖျော်ရည်သောက်ပါ။

လိမေ္မာ်သီးကဲ့သို့ အချဥ်ဓာတ်ပါ၀င်တဲ့အသီးတွေဟာ စိတ်လန်းဆန်းတက်ကြွမှုကိုပေးနိုင်ပြီးအိုမင်းခြင်းကိုနှေးကွေးစေနိုင်ကာအယ်လ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ထိုးထွင်းသိမြင်မှု စွမ်းရည်ကိုလည်းပိုကောင်းစေနိုင်တာကြောင့် မနက်တိုင်းလိမေ္မာ်သီးဖျော်ရည်ကိုသောက်ပေးသင့်ပါတယ်။

**လေ့ကျင့်ခန်းလုပ်ပါ။

မနက်စောစောလေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဦးနှောက်ဆီသို့ အောက်ဆီဂျင်ပိုမိုရောက်စေပြီးသွေးလည်ပတ်မှုကောင်းစေတဲ့အတွက် သာမန်ထက်စိတ်ခံစားချက်ကိုပိုကောင်းစေကာတစ်နေ့တာလံုးလည်းတက်ကြွလန်းဆန်းနေစေပါတယ်။ လေ့ကျင့်ခန်းလုပ်နေချိန်မှာသင်ယူမှုနဲ့မှတ်ဥာဏ်ပိုင်းအတွက် တည်ရှိနေတဲ့ ဦးနှောက်အပိုင်းဖြစ်တဲ့ hippocampus ကို လှု့ံဆော်မှုဖြစ်စေတာကြောင့် လေ့ကျင့်ခန်းလုပ်သူတွေမှာသင်ယူလေ့လာနိုင်စွမ်းရည် ပိုကောင်းတတ်လေ့ရှိကြပါတယ်။
image
**သီချင်းနားထောင်ပါ။

မနက်ပိုင်းစောစောစီစီးသီချင်းနားထောင်ပေးခြင်းဟာကိုယ့်ရဲ့လုပ်ဆောင်မှုကိုကိုယ်တိုင်ကျေနပ်မှုဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုနဲ့ စိတ်အခြေအနေတုံ့ပြန်မှုတွေကိုထိန်းညှိပေးတဲ့စနစ် (Dopamine System) လုပ်ဆောင်မှုကိုအားကောင်းစေတာကြောင့် အပြုအမူပိုင်းရောစိတ်ခံစားမှု အပိုင်းမှာပါ သူမတူထူးခြားတက်ကြွလန်းဆန်းမှုကိုခံစားရစေမှာပါ။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.031
BTC 60795.60
ETH 2627.31
USDT 1.00
SBD 2.58