Positive Discipline အပြု သ​ဘောစည်းကမ်း

in #esteemapp6 years ago

image
အပြု သ​ဘောစည်းကမ်း
Positive Discipline
ဒီစည်းကမ်းက​တော့ က​လေး​တွေကို ပညာသားပါပါ ထိန်း​ကျောင်းနိုင်​တဲ့ စည်းကမ်းပဲ ဖြစ်​ပါတယ်​။ မ​လျော့လွန်း၊ မတင်းလွန်းတဲ့ အလယ်​အလတ်​ လမ်းစဉ်​ စည်းကမ်း​ပေါ့။ ဒီစည်းကမ်းကို အသုံးပြုတဲ့သူ​တွေရဲ့ လက်​နက်​က​တော့ အကျိုးသင့်​ အ​ကြောင်းသင့်​ ရှင်းပြခြင်း၊ ချီးကျူးခြင်း၊ အား​ပေးကူညီခြင်း​တွေပဲ ဖြစ်​ပါတယ်​။ က​လေး​တွေအ​ပေါ် "အပြု သ​ဘော စည်းကမ်း" ချမှတ်​ရာမှာ​တော့ အဆင့်​သုံးဆင့်​ ရှိပါတယ်​။ ကဲ...ကိုယ့်​သားသမီး​တွေအတွက်​ အ​သေးစိတ်​ ​လေ့လာလိုက်​ရ​အောင်​ဗျာ။မသိဘူးပီကူးတယ်

အဆင့်​(၁) - ကြိုတင်​ကာကွယ်​ခြင်း >>>
နေ့စဉ်​ပုံမှန်​အလုပ်​​တွေ၊ လိုက်​နာရမယ့်​ အ​ခြေခံ စည်းမျဉ်း​တွေ၊ လူ့ကျင့်​ဝတ်​​တွေ၊ ​ဆောင်​ရန်​​ရှောင်​ရန်​​တွေကို က​လေးကို ကြို ပြီးရှင်းပြရပါမယ်​။ ပြီးရင်​ က​လေးနဲ့ နှစ်​ဦးသ​ဘောတူ စည်းကမ်း​တွေကို ချမှတ်​ကြမယ်​။ ချမှတ်​လိုက်​တဲ့ စည်းကမ်းဟာ က​လေးလိုက်​နာနိုင်​တဲ့ စည်းကမ်းဖြစ်​ဖို့လိုသလို ချမှတ်​တဲ့လူကလဲ အဲဒီစည်းကမ်းကို က​လေးရဲ့ စံပြအ​နေနဲ့ လိုက်​နာပြရပါမယ်​။ က​လေးကို အချို ​လျှော့စားပါလို့ ဆုံးမဖို့ ကိုယ်​တိုင်​လဲ သကြားဖြတ်​လိုက်​တဲ့ ဂန္ဒီကြီးလို​ပေါ့။ ဒီအဆင့်ဟာ ပြဿနာ မဖြစ်​ခင်​ ကြို ပြီးကာကွယ်​လိုက်​တဲ့ သ​ဘောပါ။
image
အဆင့်​(၂) - ပြန်​လည်​ပြု ပြင်​ခြင်း >>>
တကယ်​​တော့ က​လေးဆိုတာ လူကြီးမဟုတ်​ပါဘူး။ ဒါက​တော့...မင်း​ပြောမှလားလို့ ​တွေးမိပါလိမ့်​မယ်​။ ကျ​နော်​​ပြောချင်​တာက လူကြီး​တွေနဲ့ယှဉ်ရင် ​​အသက်​အရွယ်​၊ အ​တွေ့အကြုံကွာသလို လူကြီး​တွေလို ​စဉ်းစား​တွေး​ခေါ်နိုင်​စွမ်း၊ အမှားအမှန်​ ခွဲခြားနိုင်​စွမ်း ​ကောင်း​ကောင်းမရှိ​သေးပါဘူး။ ဒါ​ကြောင့်​ ဘယ်​​လောက်​ ရှင်းပြ​ပြောဆို ထားပါ​စေ စိတ်​အလိုလိုက်​ပြီး အမှားက​တော့ မကြာခဏ လုပ်​မိပါလိမ့်​မယ်​။
မလိုလားအပ်​တဲ့ အမူအကျင့်​​တွေ ရှိလာခဲ့ရင်​လဲ ပြစ်​တင်​ကြိမ်း​မောင်းခြင်း၊ ထိခိုက်​နာကျင်​​အောင်​ ရိုက်​နှက်​ခြင်း၊ စိတ်​ဒဏ်​ရာ​တွေရ​အောင်​ ရှုံချ​ပြောဆိုခြင်း​တွေ လုံးဝမလုပ်​သင့်​ပါဘူး။ အမှားလုပ်​မိတဲ့အခါ နဂိုကတည်းက က​လေးနဲ့ နှစ်​ဦးသ​ဘောတူ ချမှတ်​ထားတဲ့ စည်းကမ်းကို ပြန်​လည်​​ထောက်​ပြပြီး ပြု ပြင်​​ပေးရပါမယ်​။ ​နောက်​ဆက်​တွဲဖြစ်​လာမယ့်​ ဆိုးကျိုး​တွေကိုလဲ ရှင်းပြ​ပေးရပါမယ်​။ ဒီလို​ထောက်​ပြ​ပြောဆိုပြီး ဆိုဆုံးမတဲ့အခါ တခြားသူ​တွေ​ရှေ့မှာလဲ မ​ပြောသင့်​ပါဘူး။ ဒါကသတိထားရမယ့်​ အချက်​ပါ။ တခြားသူများ​ရှေ့မှာဆို ​က​လေးဟာ သိမ်​ငယ်​သွားတတ်​ပါတယ်​။ တခါတ​လေဆို ရှက်​ရမ်းရမ်းပြီး ဆုံးမတဲ့သူကိုပါ ပြန်​ရန်​လုပ်​တတ်​ပါတယ်​။

အပြု သ​ဘောစည်းကမ်း
Positive Discipline
..................................
ဒီစည်းကမ်းက​တော့ က​လေး​တွေကို ပညာသားပါပါ ထိန်း​ကျောင်းနိုင်​တဲ့ စည်းကမ်းပဲ ဖြစ်​ပါတယ်​။ မ​လျော့လွန်း၊ မတင်းလွန်းတဲ့ အလယ်​အလတ်​ လမ်းစဉ်​ စည်းကမ်း​ပေါ့။ ဒီစည်းကမ်းကို အသုံးပြုတဲ့သူ​တွေရဲ့ လက်​နက်​က​တော့ အကျိုးသင့်​ အ​ကြောင်းသင့်​ ရှင်းပြခြင်း၊ ချီးကျူးခြင်း၊ အား​ပေးကူညီခြင်း​တွေပဲ ဖြစ်​ပါတယ်​။ က​လေး​တွေအ​ပေါ် "အပြု သ​ဘော စည်းကမ်း" ချမှတ်​ရာမှာ​တော့ အဆင့်​သုံးဆင့်​ ရှိပါတယ်​။ ကဲ...ကိုယ့်​သားသမီး​တွေအတွက်​ အ​သေးစိတ်​ ​လေ့လာလိုက်​ရ​အောင်​ဗျာ။

အဆင့်​(၁) - ကြိုတင်​ကာကွယ်​ခြင်း >>>
နေ့စဉ်​ပုံမှန်​အလုပ်​​တွေ၊ လိုက်​နာရမယ့်​ အ​ခြေခံ စည်းမျဉ်း​တွေ၊ လူ့ကျင့်​ဝတ်​​တွေ၊ ​ဆောင်​ရန်​​ရှောင်​ရန်​​တွေကို က​လေးကို ကြို ပြီးရှင်းပြရပါမယ်​။ ပြီးရင်​ က​လေးနဲ့ နှစ်​ဦးသ​ဘောတူ စည်းကမ်း​တွေကို ချမှတ်​ကြမယ်​။ ချမှတ်​လိုက်​တဲ့ စည်းကမ်းဟာ က​လေးလိုက်​နာနိုင်​တဲ့ စည်းကမ်းဖြစ်​ဖို့လိုသလို ချမှတ်​တဲ့လူကလဲ အဲဒီစည်းကမ်းကို က​လေးရဲ့ စံပြအ​နေနဲ့ လိုက်​နာပြရပါမယ်​။ က​လေးကို အချို ​လျှော့စားပါလို့ ဆုံးမဖို့ ကိုယ်​တိုင်​လဲ သကြားဖြတ်​လိုက်​တဲ့ ဂန္ဒီကြီးလို​ပေါ့။ ဒီအဆင့်ဟာ ပြဿနာ မဖြစ်​ခင်​ ကြို ပြီးကာကွယ်​လိုက်​တဲ့ သ​ဘောပါ။
image
အဆင့်​(၂) - ပြန်​လည်​ပြု ပြင်​ခြင်း >>>
တကယ်​​တော့ က​လေးဆိုတာ လူကြီးမဟုတ်​ပါဘူး။ ဒါက​တော့...မင်း​ပြောမှလားလို့ ​တွေးမိပါလိမ့်​မယ်​။ ကျ​နော်​​ပြောချင်​တာက လူကြီး​တွေနဲ့ယှဉ်ရင် ​​အသက်​အရွယ်​၊ အ​တွေ့အကြုံကွာသလို လူကြီး​တွေလို ​စဉ်းစား​တွေး​ခေါ်နိုင်​စွမ်း၊ အမှားအမှန်​ ခွဲခြားနိုင်​စွမ်း ​ကောင်း​ကောင်းမရှိ​သေးပါဘူး။ ဒါ​ကြောင့်​ ဘယ်​​လောက်​ ရှင်းပြ​ပြောဆို ထားပါ​စေ စိတ်​အလိုလိုက်​ပြီး အမှားက​တော့ မကြာခဏ လုပ်​မိပါလိမ့်​မယ်​။
မလိုလားအပ်​တဲ့ အမူအကျင့်​​တွေ ရှိလာခဲ့ရင်​လဲ ပြစ်​တင်​ကြိမ်း​မောင်းခြင်း၊ ထိခိုက်​နာကျင်​​အောင်​ ရိုက်​နှက်​ခြင်း၊ စိတ်​ဒဏ်​ရာ​တွေရ​အောင်​ ရှုံချ​ပြောဆိုခြင်း​တွေ လုံးဝမလုပ်​သင့်​ပါဘူး။ အမှားလုပ်​မိတဲ့အခါ နဂိုကတည်းက က​လေးနဲ့ နှစ်​ဦးသ​ဘောတူ ချမှတ်​ထားတဲ့ စည်းကမ်းကို ပြန်​လည်​​ထောက်​ပြပြီး ပြု ပြင်​​ပေးရပါမယ်​။ ​နောက်​ဆက်​တွဲဖြစ်​လာမယ့်​ ဆိုးကျိုး​တွေကိုလဲ ရှင်းပြ​ပေးရပါမယ်​။ ဒီလို​ထောက်​ပြ​ပြောဆိုပြီး ဆိုဆုံးမတဲ့အခါ တခြားသူ​တွေ​ရှေ့မှာလဲ မ​ပြောသင့်​ပါဘူး။ ဒါကသတိထားရမယ့်​ အချက်​ပါ။ တခြားသူများ​ရှေ့မှာဆို ​က​လေးဟာ သိမ်​ငယ်​သွားတတ်​ပါတယ်​။ တခါတ​လေဆို ရှက်​ရမ်းရမ်းပြီး ဆုံးမတဲ့သူကိုပါ ပြန်​ရန်​လုပ်​တတ်​ပါတယ်​။

အဆင့်​(၃) - ပံ့ပိုး​ပေးခြင်း >>>
အကျင့်​ဆိုတာ ​ဖျောက်​ရခက်​တဲ့ အရာမဟုတ်​လား။ က​လေးမ​ပြောနဲ့ လူကြီး​တွေမှာ​တောင်​ စွဲ​နေတဲ့ အကျင့်​တစ်​ခု​ဖျောက်​ဖို့ အ​တော်​ကို အားထုတ်​ကြရ​သေးတယ်​​လေ။
က​လေး​တွေရဲ့ အမူအကျင့်​ကို ပြု ပြင်​​ပေးရတဲ့အခါမှာလဲ တစ်​ကြိမ်​​ထောက်​ပြ ​ပြောဆိုရုံနဲ့ ​ပြောင်းမသွားပါဘူး။ ဒါ​ကြောင့်​ မိဘ၊ ဆရာသမား​တွေ အ​နေနဲ့ ကိုယ်​စည်းကမ်း​ပေး ထိန်း​ကြောင်း​နေတဲ့ က​လေး​တွေကို ဆက်​လက်​ပံ့ပိုး​နေဖို့ လိုအပ်​ပါတယ်​။ အ​ကြောင်းကိစ္စ တိုက်​ဆိုင်​တိုင်း၊ အခါအား​လျော်​တဲ့အချိန်​တိုင်း သတိထား အာရုံစိုက်​ပြီး အား​ပေးခြင်း၊ ​ကောင်းတာမှန်​တာ လုပ်​တဲ့အခါ ချီးမွမ်းခြင်း၊ တခြားက​လေး​တွေနဲ့ အဆင်​​ပြေ​​ပြေ ပူး​ပေါင်းလုပ်​​ဆောင်​နိုင်​​အောင်​လဲ ပံ့ပိုးကူညီခြင်း​တွေကို ဆက်​လက်​လုပ်​​ဆောင်​ ​ပေးရပါမယ်​တဲ့။

ရွှေစည်းမျဉ်းနှင့် အုပ်ချုပ်ခြင်း
........................................
ဒီအချက်​​တွေ ဖတ်​ပြီးတဲ့အခါမှာ​တော့ က​လေးတစ်​​ယောက်​ကို ထိန်းရတာ ​တော်​​တော်​မလွယ်​ပါလားလို့ ​တွေးမိပါလိမ့်​မယ်​။ ဒါ​ကြောင့်​လဲ က​လေးပြုစု ပျိုး​ထောင်​ခြင်းကို အနုပညာတစ်​ရပ်​ အ​နေနဲ့ တင်​စားကြတာ​ပေါ့။ တချို့ မိဘ​တွေက က​လေးကို ဆိုးတဲ့အခါ ရိုက်​လိုက်​၊ ​ပြောစကားနား​ထောင်​တဲ့အခါ ဆု​ပေးလိုက်​ လုပ်​တတ်​ကြတယ်​။ အဲဒီလို ဆုံးမတာဟာ အပြု သ​ဘောစည်းကမ်းမဟုတ်​ပါဘူး။ အမိန့်​အာဏာသုံး စည်းကမ်းနဲ့ အလိုလိုက်​အကြိုက်​​ဆောင်​ စည်းကမ်းကို တလှည့်​စီ သုံးတာပဲ ဖြစ်​တယ်​။
အပြုသ​ဘော စည်းကမ်းကို သားသမီး ဆုံးမတဲ့ ​နေရာမှာအပြင်​ စာသင်​ခန်း​တွေ၊ အလုပ်​ခွင်​​တွေမှာလဲ အသုံးပြု နိုင်​ပါတယ်​။ ကျ​နော်​က​တော့ ဆိုးကျိုးနည်း​ပြီး ထိ​ရောက်​တဲ့ ဒီအပြုသ​ဘော စည်းကမ်းကို "မ​လျော့မတင်း ​ဆောင်းကြိုးညှင်း​လေတဲ့ ​ရွှေစည်းမျဉ်း" ရယ်​လို့ နာမည်​​ပေးချင်​သဗျ ။မသိဘူးကူးတယ် ခ်။

photo credit google

Sort:  

Right methot i like this post

မိုက်ပါတယ်ကူးတာလေးတွေအရမ်းကောင်းပါတယ်ချစ်လို့စတာစိတ်မဆိုးနဲ့ခ်

Nice post very good

Please follow me and up vote my posts, I will up vote yours, Have a wonderful and happy day! :-)

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.029
BTC 56087.39
ETH 2965.10
USDT 1.00
SBD 2.15