လူအများရှေ့မှာ ယုံကြည်မှုရှိရှိ တင်ဆက်နိုင်ဖို့

in #esteemapp6 years ago

အများရှေ့မှာ presentation လုပ်တော့မယ်ဆိုရင် သိသင့်တဲ့အချက်တွေ ရှိပါတယ်။
ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို သိထားပြီး ကြိုတင်ပြင်ဆင်သွားမယ်ဆိုရင် အများရှေ့ရောက်တဲ့အခါ အကောင်းဆုံး presentation လုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုအချက်တွေထဲက လိုက်နာသင့်တဲ့ အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။(၁) စမတ်ကျကျဝတ်ဆင်ပါ။ ။ ကိုယ့်ရဲ့ဝတ်ဆင်ပုံကလည်း ပရိသတ်ကို လွှမ်းမိုးမှု ရှိနိုင်ရမှာ ဖြစ်ပါတယ်။ ဈေးကြီးတဲ့ အဝတ်တွေကို ဝတ်ဖို့ဆိုလိုတာမဟုတ်ဘဲ၊ စမတ်ကျကျဝတ်စားတာမျိုးကို ဆိုလိုပါတယ်။
image
(၂) ပရိသတ်ကို နှုတ်ဆက်၊ ပြုံးပြပါ။ ။ presentation မလုပ်ခင် “မင်္ဂလာပါ”လို့ လက်အုပ်လေးချီပြီး ပြုံးပြနှုတ်ဆက်တဲ့ အလေ့အကျင့်ကို ပြုလုပ်ပါ။
(၃) ရှင်းရှင်းလင်းလင်းပြောပါ။ ။ စကားကို ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသားပြောဆိုပါ။ စကားကို အလောသုံးဆယ် မပြောပါနဲ့။
(၄) ခဏနားပါ။ ။ စကားပြောနေရင်းနဲ့ အရေးကြီးတဲ့ အချက်တွေကို ပြောခါနီးကျရင် ခဏလောက် ရပ်လိုက်ပြီးမှ ဆက်ပြောပါ။
(၅) အချိန်ကို တွက်ထားပါ။ ။ ကိုယ်ပြောမယ့်အကြောင်းအရာနဲ့ ကိုယ်ပြောခွင့်ရတဲ့အချိန်ကို တွက်ပြီး ကြိုတင်ပြင်ဆင်သွားပါ။(၆) ပရိသတ်နဲ့ မျက်လုံးချင်းဆုံပါ။ ။ ပရိသတ်နဲ့ မျက်လုံးချင်းဆုံပြီး စကားပြောဖို့လိုပါတယ်။ ပရိသတ်တစ်ယောက်ကိုပဲ စူးစိုက်ကြည့်ပြီးပြောနေတာမျိုးလည်း မဖြစ်သင့်ပါဘူး။(၇) နည်းနည်းပါးပါး လှုပ်လှုပ်ရှားရှားရှိပါ။ ။ စကားပြောတဲ့အခါ တစ်နေရာတည်းမှာပဲ ငြိမ်ပြီး ပြောနေတာက ပရိသတ်ကို ငြီးငွေ့စေပါတယ်။ ဟိုဘက်သည်ဘက် လမ်းလေးမဆိုစလောက်လျှောက်ပြတာမျိုး၊ လက်ဟန်အမူအရာနဲ့ ရှင်းပြပေး တာမျိုးတွေ လုပ်သင့်ပါတယ်။(၈) ပရိသတ်တွေကို ပါဝင်ခိုင်းပါ။ ။ ကိုယ့်ရဲ့ presentation မှာ မေးခွန်းမေးရင်းနဲ့ ပရိသတ်ကို ပါဝင်ခိုင်းလိုက်ပါ။(၉) စိုးရိမ်တတ်တာ သဘာဝပါ။ ။ လူတိုင်း စိုးရိမ်တတ်ကြတာ သဘာဝပါပဲ။ ဒါကို ကိုယ့်ရဲ့အားနည်းချက်ကြီးလို့ မထင်ပါနဲ့။ presentation အတွေ့အကြုံများတဲ့သူတွေတောင် တစ်ခါတလေ စိတ်လှုပ်ရှားပြီး စိုးရိမ်တတ်ကြပါသေးတယ်။(၁၀) ပွဲမဝင်ခင် အပြင်ကကျင်းပ။ ။ အများရှေ့မှောက်မှာ presentation မလုပ်ခင် အိမ်မှာ ပြန်ပြီး လေ့ကျင့်ထားပါ။ လေ့ကျင့်ရင်းနဲ့မှ ကိုယ့်ရဲ့လိုအပ်ချက်တွေကို သိလာပြီး အချိန်မီ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.030
BTC 59106.19
ETH 2538.36
USDT 1.00
SBD 2.37