အချစ်စစ်

in #esteemapp8 years ago

အပိုင်း (၁)

မှုံထိုင်းထိုင်း မှိုင်းညို့ ညို့ ကောင်းကင်ရိပ်အောက်မှာ ကျွန်တော်တစ်ယောက်တည်းအထီးကျန်စွာနဲ့ ဟင်းလင်းပြင်ကြီးကိုငေးမောရင်း အလွမ်းတွေတစိမ့်စိမ့်တက်လာခဲ့တယ်…ဘယ်ဘက်ရင်အုံက အောင့်သည်ထက်အောင့်လာကာ မျက်ဝန်းအိမ်ကမျက်ရည်တွေကိုဖိတ်ခေါ်နေခဲ့တယ်…"ဘာရယ်ကြောင့် ဒီလိုခံစားနေရပါလိမ့်" လို့ ကျွန်တော့်ကိုယ် ကျွန်တော်တွေးမိပေမယ့် အဖြေကတော့ရှာမရခဲ့…
ကျွန်တော် တစ်ယောက်ယောက်ကိုလွမ်းနေမိတာတော့ ဧကန်ပင်…

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

ကလင် ~ကလင် ~ ~~

ကျွန်တော် ကိုယ့်အတွေးနဲ့ကိုယ်လမ်းလျှောက်နေရင်း နောက်ဘက်က ဘဲလ်တီးသံတစ်ခုကြောင့် သတိပြန်အဝင် အသံလာရာကိုလှည့်ကြည့်မိလိုက်တယ်…

ဟာ …နန်း…နန်းဧကရီပဲ … ငါကဘယ်သူများလဲလို့

နင်ကျောင်းကိုတန်းသွားမှာမို့လား… ငါနဲ့လိုက်ခဲ့လေ … ဒါနဲ့ နင်ဒီနေ့ စက်ဘီးမပါဘူးလား…

အေးဟုတ်တယ်ဟ… ငါ့စက်ဘီး ဘီးပေါက်သွားလို့ ပြင်ဆိုင်ရောက်နေတယ်…ဒါဆို ငါနင်နဲ့ကျောင်းကိုလိုက်ခဲ့မယ် … ကျေးဇူးပဲနော် နန်း…

အေးပါဟာ … အချင်းချင်းတွေပဲ … ရော့ စက်ဘီး…

ဟာ စက်ဘီးကို ငါ့ကိုဘာလို့လာပေးတာလဲ …နန်း

ကျောင်းက ဝေးသေးတယ်လေ နင့်ကိုတင်မနင်းနိုင်ဘူးဟာ နင်ကယောက်ျားလေးပဲ နင်တင်နင်းပေါ့ …

ငါက ပိန်ပိန်လေးရယ်လေ နင်က ငါ့ထက်တောင်အားရှိသေးတယ် သွားပါဟာ နင်စီးစမ်းပါ …

အေးပါဟာ… နင့်ကို ခေါ်မိတာကိုက ငါ့အမှား … ကောင်စုတ် ယောက်ျားလေးဖြစ်ပြီး …ဟွင်း …
image
photo credit - google image

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.084
BTC 60162.63
ETH 1576.76
USDT 1.00
SBD 0.42