အချစ်သင်္ကေတ

in #esteemapp8 years ago

image

''အချစ်သင်္ကေတ ''

လမင်းကြီးက
အိမ်ခေါင်မိုးစွန်းလေးမှာ
ခဏနားတယ်..

သူ့အလင်းတွေကို
အုန်းလက်တွေ
သစ်ရွက်တွေပေါ်
ဖြာချထားလိုက်တယ် ...

image

မော့ကြည့်နေတဲ့ငါ့ကို
သူပြုံးပြတယ် ...

ချစ်သူရော..
လမင်းကြီးကို
ကြည့်နေသလား .. ဆိုတော့
ကြည့်နေတယ် တဲ့ ....
သူပြုံးနေသလား... ဆိုတော့
မဖြေဘူးကွယ် ...

ပြီးတော့
သူဆက်လက်ထွက်ခွာသွားတယ် ...

ခြံထဲမှာ
လရောင်တချို့ရှိနေတုန်းပဲ ...

ငါ့ရင်ထဲမှာ
အချစ်ရှိနေတုန်းပဲ ...

ဟုတ်ပါတယ်လေ..

အချစ်ဆိုတာ
ပျော်ရွှင်ဖို့သက်သက်ဖြစ်လာတာ
မဟုတ်ဘူး ...
ဘယ်လောက်ခံနိုင်ရည်ရှိသလဲဆိုတာ
သိဖို့
ဖြစ်လာတာ ... ...။

photo : facebook

image

Coin Marketplace

STEEM 0.04
TRX 0.31
JST 0.087
BTC 58543.63
ETH 1568.89
USDT 1.00
SBD 0.38