"ကိုယ်​ မပါ​စေနဲ့​နော်​”

in #esteemapp6 years ago

လိမ္မာလိုက်​တာဆိုတဲ့
စကားရဲ့ ​နောက်​ကွယ်​မှာ
အသုံးချခြင်း​တွေ ကပ်​ပါမလာ​စေနဲ့​နော်

သိတတ်​လိုက်​တာဆိုတဲ့
ချီးမွမ်းသံ​တွေရဲ့ ​နောက်​ကွယ်​မှာ
အချွန်​နဲ့ မ လိုက်​ခြင်း​တွေ ရှိမလာ​စေနဲ့​နော်

အရမ်းချစ်​တာပဲဆိုတဲ့
နှလုံးသားရဲ့ ဖွင့်​ဟသံ​တွေ​နောက်​မှာ
အတ္တမီး​တွေ အစွန်း​ရောက်​​အောင်
မ​တောက်​​လောင်​​စေနဲ့​နော်

တာဝန်​​ကျေပါတယ်​ဆိုတဲ့
ဂုဏ်​ယူစကား​တွေ​နောက်​မှာ
မနိုင်​ဝန်​​တွေ ထပ်​ထပ်​မ​ပေးမိ​စေနဲ့​နော်

သနားစရာ​လေးပါလားလို့
ကရုဏာသံ​တွေ​နောက်​မှာ
အခွင့်​အ​ရေး ယူမိသလို မဖြစ်​​စေနဲ့​နော်

အရမ်းစိတ်​ရှည်​တာပဲ ဆိုတဲ့
လေးစားမှု​တွေ​နောက်​မှာ
အနိုင်​ယူလိုမှု​တွေ ပိုပြီးများမလာ​စေနဲ့​နော်

အရမ်းသ​ဘောထားကြီးတာပဲဆိုတဲ့
ချီးကျူးသံ​တွေ​နောက်​မှာ
ဒဏ်​ရာ​တွေ အထပ်​ထပ်​ မလိမ်းကျံလိုက်​ပါနဲ့​နော်

လူတစ်​ချို့က
အားနာတတ်​သူကို အနိုင်​ပိုပြီးလိုချင်​​နေတတ်​သလို
တာဝန်​​ကျေတဲ့သူကို ပိုပြီးခိုင်းချင်​တတ်​ကြတယ်
ခွင့်​လွှတ်​တတ်​ပြီး သ​ဘောထားကြီးသူကို
ပိုနာကျင်​​အောင်​ လုပ်​တတ်​ကြသလို
အကျင့်​စာရိတ္တ ရိုးသားသူ​တွေကို
ချီးကျူးဖို့ထက်​ ​နေရာ​ပျောက်​​အောင်​ လုပ်​ချင်​တတ်​ကြတယ်

ဘယ်​လိုပဲဖြစ်​ဖြစ်​ပါ
အဲ့ဒီလူ​တွေထဲ ကိုယ်​မပါ​အောင်​ ကြိုးစားရင်း
လူ​တော်​လူ​ကောင်း​တွေဘက်​က
ရပ်​တည်​​ပေးပါလို့ အကြုံပြုပါရ​စေ။

Sort:  

Congratulations @steemyell! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69852.07
ETH 3757.14
USDT 1.00
SBD 3.75