ဖက်တွယ်ထားချင်တယ်ဆိုရင်

in #esteemapp6 years ago

စစ်မှန်တဲ့အချစ်စစ်…တကယ်တော့ အချစ်စစ်ဆိုတာ ဆိုးအတူ ကောင်းအတူ အခက်အခဲတွေရင်ဆိုင်ပြီး တစ်သက်လုံးအနားနား မခွဲထာဝရအတူ ရှိနေခြင်းပါ။နောက်ဆုံးအချစ် တွေ့သွားတဲ့လူတစ်ယောက်အတွက်တော့ ချစ်တဲ့သူနဲ့အတူဆက်ရတဲ့ ဘဝခရီးက တိုတောင်းတယ်လို့တောင် ခံစားမှုဖြစ်စေနိုင်ပါတယ်။
image
ကိုယ်ရဲ့ဘဝအတွက် တစ်သက်လုံးစာအချစ်စစ်ကို လိုချင်ပြီဆိုရင်တော့ ဒီအချက်လေးတွေ ရှိထားဖို့တော့လိုအပ်ပါတယ်။** အမြဲတမ်းကြိုးစားနေထိုင်ပြီး အရာရာတိုင်းကို ကောင်းတဲ့ရှုထောင့်ကမြင်ပါ…လက်တွဲဖော်ကိုရှာတယ်ဆိုတာ ဘဝမှာမရှိမဖြစ်အဓိကကျတဲ့ အကြောင်းအရာတော့မဟုတ်ပါဘူး။ အကောင်းမွန်ဆုံး အချစ်ရေးကိုလိုချင်တယ်ဆိုရင်တော့ အရင်ဆုံးကိုယ့်ရဲ့ကျန်းမာရေး၊ အသက်မွေးဝမ်း ကျောင်းအလုပ်၊ ကိုယ့်ရဲ့မိသားစုတွေ မိတ်ဆွေတွေ ဒါတွေအားလုံးအပေါ်မှာ သေသေချာချာ ဂရုတစိုက် အလေးပေးမှု ရှိအောင်လုပ်ရပါမယ်။

ဒီလိုအရာတွေအပေါ်ပျော်ရွှင်အောင်လုပ်ပေးရင် ဘဝမှာအရာရာမျှတပြီး သာယာမှုတွေခံစားလာရမှာဖြစ်တဲ့ အတွက် တခြားသူတွေနဲ့ဆက်ဆံရတဲ့အခါ ကိုယ်ဟာ စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။
** ဘဝမှာပျော်ရွှင်ဖို့အတွက်ဦးစားပေးသင့်ပါတယ်…အိမ်ထောင်ဖက်တွေ့တာ၊ အွန်လိုင်းမှာချစ်သူရှာတာ တွေကတချို့လူတွေအတွက်တော့ အဆင်ပြေကောင်းပြေနိုင်ပေမယ့် တချို့လူတွေအတွက်ကျတော့ စိတ်မပါတော့တာ တစ်ခါတလေ စိတ်ရှုပ်ထွေးတာတွေ ဖြစ်စေနိုင်ပါတယ်။သူ့အပေါ်မှာတကယ် စိတ်ဝင်စားတယ်ဆိုတာကို ပြပေးပါ။ တစ်ယောက်နဲ့တစ်ယောက်အလေးထားတဲ့အနေနဲ့ လက်ထဲကဖုန်းတွေကို ဝေးဝေးမှာထားပါ။ ကိုယ်မသိသေးတဲ့သူ့အကြောင်းတွေကို မေးမြန်းပါ။ တစ်ဘဝလုံးလက်တွဲဖို့ရည်ရွယ်ထား တယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် ဖုံးကွယ်မနေဘဲအမှန်အတိုင်း ဆက်ဆံပေးပါ။ သူပြောတဲ့စကားတွေကို လည်းသေချာအာရုံစိုက်ပြီး ဂရုစိုက်အလေးပေးပါ။ပရိသတ်ကြီးလည်း အချစ်စစ်တွေနဲ့သာ ဆုံဆည်းနိုင်ပါစေ။

Sort:  

Very nice post good

ချစ်တယ်လေမင်းလေးကိုတကယ်ချစ်တယ်

Have a sweet day

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.030
BTC 59106.19
ETH 2538.36
USDT 1.00
SBD 2.37