၂ဝ၂ဝ ခုနှစ်မှာ 4G LTE ရမယ်

in #esteemapp6 years ago

ဖို့ဒ်က အနာဂတ်ကားများမှာ မောင်းသူအားထောက်ကူတဲ့ နည်းပညာ၊ အီလက်ထရစ်နဲ့ အင်တာနက် ဆက်သွယ်မှုများကို ထည့်သွင်းပေးဖို့ ရည်ရွယ်ထားပါတယ်။
image
2020 ခုနှစ်မှာတော့ သူ့ရဲ့ကားအားလုံးမှာ 4G LTE ဆက်သွယ်မှုနဲ့ Waze Navigation များရရှိဖို့ ဖို့ဒ်က မျှော်မှန်းထားပါတယ်။ 4G LTE ဆက်သွယ်မှုကို ကားမှာရရှိရင် Sync Platform ကို အသုံးပြုစရာမလိုဘဲ Over the Air ကနေ ကားရဲ့ အစိတ်အပိုင်းအား လုံးအတွက် ဆော့ဖ်ဝဲများကို အဆင့်မြှင့်နိုင်မှာဖြစ်ပါတယ်။ Waze Navigation ကိုရရှိရင်တော့ ကားမောင်းနေစဉ်မှာ သင့်ရဲ့စမတ်ဖုန်းကို ထုတ်၍ လမ်းညွှန်ပြမှုများကို ကြည့်စရာမလိုတော့ဘဲ ကားရဲ့ Dashboard မှာပါတဲ့ Display ကနေ Navigation များကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဖို့ဒ်ကအီလက်ထရစ်ကားများကိုလည်း အမြောက်အများ ထုတ်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ အဲဒီကားများထဲမှာ နောက်ထုတ်မယ့် Bronco, Escape, Explorer, F-150 နဲ့ the Mustang စတဲ့ မော်ဒယ်များ ပါဝင်ပါတယ်။ လောင်စာဆီဈေးနှုန်းများ မြင့်မားလာမှုများကြောင့် အီလက်ထရစ်ကားများဟာ လူ သုံးများလာမှာဖြစ်ပါတယ်။ ဖို့ဒ်က 2020ခုနှစ်မှာ ကမ္ဘာ့ကားဈေးကွက်ရဲ့ 50 ရာခိုင်နှုန်းဟာ အီလက်ထရစ် SUV ကားများဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ လာမယ့်နှစ်နှစ်အတွင်းမှာ ဖို့ဒ်က အီလက်ထရစ် SUV မော်ဒယ် 8 မျိုး ကို ထုတ်လုပ်ရောင်းချမှာဖြစ်ပါတယ်။ အဲဒီအထဲမှ မော်ဒယ်ငါးခုဟာ လောင်စာဆီနဲ့ အီလက်ထရစ် စွမ်းအင်နှစ်မျိုးသုံးဖြစ်ပြီး တစ်ခုမှာအီလက်ထရစ် စွမ်းအင်တစ်မျိုးသုံးကား ဖြစ်ပါတယ်။ ဖို့ဒ်က 2021 ခုနှစ်မှာ သူ့ရဲ့လောင်စာဆီ နဲ့ အီလက်ထရစ်စွမ်းအင်နှစ် မျိုးသုံးကားများဟာ တိုယိုတာရဲ့ ရောင်းအားကို ကျော်လွန်သွား မယ်လို့မျှော်လင့်ထားပါတယ်။ တိုယိုတာက 2017 ခုနှစ်မှာ လောင်စာဆီနဲ့ အီလက်ထရစ်စွမ်းအင် သုံးကားအစီးရေပေါင်း 1.52 သန်းကို ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီကားမော်ဒယ်များဟာ Standard Prius, the Prius C နဲ့ the Yaris Hybrid တို့ ဖြစ်ကြပါတယ်။ လက်ရှိမှာ ဖို့ဒ်ဟာ လောင်စာဆီနဲ့ အီလက်ထရစ်စွမ်း အင်သုံးကားဈေးကွက်မှာ ဒုတိယရောင်းအားအကောင်းဆုံးပါ။

Sort:  

Very nice post thank

အရမ်းကောင်းပါတယ်တအားကောင်းပါတယ်good

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58613.96
ETH 3153.58
USDT 1.00
SBD 2.43