ဂျိုဟွာနဲ့ပွဲစဉ်အတွက် ရေတွက်ရင်းစောင့်နေကြောင်း ပါကားပြောကြား

in #esteemapp6 years ago

နယူးဇီလန်လက်ဝှေ့ကျော် ဂျိုးဆပ်ပါကားဟာ အန်သော်နီဂျိုဟွာနဲ့ ထိုးသတ်မယ့်ပွဲစဉ်အတွက် လန်ဒန်မြို့ကိုရောက်ရှိလာပြီဖြစ်ပြီး သူ့ကစားသမားဘ၀မှာအကောင်းဆုံး ပုံစံတစ်ခုကိုပြသမည် ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။WBO ချန်ပီယံ ပါကားဟာ လာမယ့် မတ်လ(၃၁)ရက်နေ့ ကာဒစ်ဖ်မှာ WBA နဲ့ IBF ချန်ပီယံဆုများ အတွက် ဂျိုဟွာနဲ့ထိုးသတ်တော့မှာဖြစ်ပါတယ်။ပါကားဟာ တနင်္ဂနွေနေ့မနက်မှာပဲ လာ့စ်ဗီးဂတ်စ်မှ Garwick လေဆိပ်ကိုရောက်ရှိလာခဲ့ပြီး ဂျိုဟွာ အပေါ် ပထမဆုံးရှုံးပွဲကြုံတွေ့စေဖို့ ယုံကြည်ကြောင်းဆိုပါတယ်။

“ ခုဒီကိုရောက်လာတာ တကယ်ကို ခမ်းနားပါတယ်။ ကျွန်တော်ဒီနေရာကို နှစ်သက်ပါတယ်။ ဒီအပေါ် အမြဲတမ်းခံစားချက်ရှိပြီးတော့ ဒီအချိန်ကစလို့ စပြီးရေတွက်ရင်းစောင့်နေပါ့မယ်။ ကျွန်တော်ဒီကို ရောက်လာတာ ရုပ်ပိုင်းဆိုင်ရာအရရော ၊ စိတ်ပိုင်းဆိုင်ရာအရပါ အကောင်းဆုံးပြင်ဆင်ပြီး ပွဲကောင်းတစ်ပွဲကို ပြသဖို့ရောက်လာတာပါ။ ကျွန်တော်ငယ်ပါသေးတယ်။ သန်မာပြီးတော့ ကျွန်တော့် အတွက် လှုပ်ရှားမှုတိုင်းကလည်း ပုံစံကောင်းတစ်ခုမှာရှိနေပါတယ်။ ကျွန်တော့်နောက်မှာ ကျွန်တော့် ကို ထောက်ပံ့ပေးမယ့် အသင်းရှိတယ်။ ကျွန်တော့်ကိုအားပေးမယ့် ကျွန်တော့်နိုင်ငံသားတွေရှိတယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့အတွက် အကြောင်းရင်းများစွာကြောင့် အကောင်းဆုံးနှစ် တစ်နှစ်မဖြစ်ခဲ့ပါ ဘူး။ ဒါပေမယ့် ကျွန်တော်အခုပြောရဲတာကတော့ မတ်လ(၃၁)ရက်နေ့ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံတစ်ခု ပြသနိုင်မှာပါ။ ” လို့ ဂျိုးဆပ်ပါကားက ဆိုပါတယ်။ထွက်ပေါ်လာတဲ့သတင်းတွေအရ ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖျူရီဟာ ဂျိုးဆပ်ပါကားနဲ့ အတူတူ လေ့ကျင့်ခန်းပြုလုပ်မယ်လို့ သိရပေမယ့်လည်း ပါကားကတော့ ဒီသတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် WBC ချန်ပီယံ ၀ိုင်ဒါဟာလည်း ဒီပွဲကို စောင့်ကြည့်နေမှာဖြစ်ကြောင်းနဲ့ ဂျိုဟွာနဲ့ပွဲအပေါ်သာ အာရုံစိုက်ထားကြောင်းဆိုပါတယ်။
image
“ ကျွန်တော်ဘာကိုမှ မစီစဉ်ရသေးပါဘူး။ အားလုံးက ဂျိုဟွာနဲ့ပွဲကိုသာ အာရုံစိုက်ထားပါတယ်။ တခြားဟဲဗီးဝိတ်ချန်ပီယံတွေ အကြောင်းတော့ ဒီပွဲပြီးမှပဲပြောပါ့မယ်။ ”လို့ ဂျိုးဆပ်ပါကားကပြောပါတယ်။ပါကားရဲ့ ထရိန်နာဖြစ်သူ ကယ်ဗင်ဘယ်ရီကတော့ သူ့ရဲ့ ကစားသမားအပေါ်မှာ ယုံကြည်မှုအပြည့် ရှိကြောင်း သတင်းထောက်တွေကိုပြောပါတယ်။

ကယ်ဗင်ဘယ်ရီကပြောကြားရာမှာ – “ တနင်္လာနေ့ကစပြီး ကျွန်တော်တို့ပြင်ဆင်ပါပြီ။ ပထမအပတ် ကတော့ ကျွန်တော်တို့အတွက် ကျစ်လျစ်တဲ့ ပုံစံတစ်ခုဖြစ်လာမှာဖြစ်သလို ကျွန်တော်တို့ တဖြည်းဖြည်းစလုပ်ပါမယ်။ လာမယ့်အပတ်ထဲမှာတော့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာအတွက် အကောင်း ဆုံးဖြစ်အောင်နေရပါမယ်။ ကျွန်တော်တို့ ကောင်းကောင်းလေ့ကျင့်ခဲ့ပြီး ပါကားကိုယ်တိုင်ကလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အရ အကောင်းဆုံးရှိနေပါတယ်။ သူ ကျွန်တော့်ကို လုပ်ပြခဲ့တဲ့ပုံစံအပေါ် ကျေနပ်ပါတယ်။ ယုံကြည်မှုအပြည့်နဲ့ ကျွန်တော်တို့ ဒီကိုလာခဲ့တာပါ။ ” လို့ဆိုပါတယ်။

Sort:  

အကိတ်လေးကွာစော်ချင်စရာလေး

VERY COOL POST NICE

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60252.67
ETH 2426.43
USDT 1.00
SBD 2.44