တဒင်္ဂဘဝကို လွန်မြောက်ပြီး နေထိုင်ပါ

in #esteemapp6 years ago

image

တဒင်္ဂဘဝကို လွန်မြောက်ပြီး နေထိုင်ပါ

တကယ်​​တော့ အသက်​က အရမ်းကြီး​နေပြီ.. နှစ်ပေါင်း လေးငါးထောင်လောက် ရှည်နေပြီ ... ခုလက်​ရှိအသက်​နံပါတ်​က လူ​တွေကို လှည့်​စားထားတာ။ ကျမ အဲလို စိတ်​ကူးယဉ်​တယ်​။

ကိုယ့်​ကိုယ်​ကိုယ်​ နှစ်​​ပေါင်း​​လေးငါး​ထောင်​မက အသက်​ရှည်​​နေတဲ့ သူတစ်​ယောက်​အ​နေနဲ့ ​လောကကြီးကို မြင်​ရ ကြည့်​ရရင်​ ဘယ်​လို​နေမလဲ ​ ...
လူ့သမိုင်းတစ်​​လျှောက်​ ​ပြောင်းလဲသွားတဲ့ ​ရေ​မြေ​တော​တောင်​​သဘာဝတွေ ... ရာသီဥတု​တွေ .. တိမ်​​ကောသွားတဲ့civilization ကြီး​တွေ .. ​ပျောက်​ကွယ်​သွားတဲ့ culture ​တွေ .. တဖြည်းဖြည်း အစွန်း​ရောက်​လာတဲ့ ကိုးကွယ်​ယုံကြည်​မှု​တွေ.. လူ​တွေအရူးထဖို့ဖြစ်​လာတဲ့ ပိုက်​ဆံကို တီထွင်လာတာ​တွေ.. သိက္ခာမဲ့စရာဖြစ်​လာတဲ့ ​ပြောင်​​ပြောင်​လက်​လက်​​ကျောက်​တုံး​​တွေ ... ဒီကျောက်တုံးတွေ တူးဆွဖို့ လူ့အသက်ကို စတေးတာတွေ ..​ ဈေးကွက်​ဝင်​လာတဲ့ ဝင်းဝင်းဝါဝါ သတ္တုတွေ ..
ဒီကမ္ဘာမှာ ငါသာလျှင်​ အကြီးကျယ်​ဆုံး ငါသာလျှင်​ အမြတ်ဆုံး .. ငါသာလျှင် တန်​ခိုးအထွားဆုံး လို့ .. ဆိုခဲ့ကြသူတွေရဲ့ ​မြေကြီး​အောက်​က အပျက်​အဆီးပုံကြီး​တွေ ... ဟိုဟာငါ့ဟာ ဟို​မြေငါ့​မြေ လို့​ အော်​ခဲ့တဲ့သူ​တွေရဲ့ အရိုး​တွေ ကမ္ဘာ​မြေအနှံ့ပျံ့ကျဲ​နေတာ​တွေ ... ချစ်ခဲ့ဖူးတဲ့အချစ်တွေ .. မုန်းခဲ့ဖူးတဲ့ အမုန်းတွေ .. ပစ်ပယ်ခံသံယောဇဉ်တွေ ... မေ့လျော့ခံ တွယ်တာမှုတွေ ..

အားလုံးကို
မြင်​​နေမှာပဲ ...
သိ​နေမှာပဲ...

.
လူ​တွေ ဖျပ်​ဖျပ်​လူးကြတာ ဘာလို့လဲ ..

ဒီ အချိန်​တို​ တဒင်္ဂ​ဘဝလေးပဲ ကွက်​မြင်​လို့...

image
.
သမိုင်းတစ်​လုံးကို ​နေခဲ့ပြီးလို့ မြင်​ခဲ့ပြီးတဲ့အပြင်​ မ​ရောက်​လာ​သေးတဲ့ သမိုင်းကိုပါ ကြိုမြင်​ပြီး ကြို​နေထိုင်​ပြီးသွားတဲ့ သူတစ်​​ယောက်​ ....
သူဘယ်​လိုလူဖြစ်​​နေမလဲ..
.....
သူ့ရင်​ထဲ ဘာ​တွေ​တွေး​နေမလဲ
.
သိဖို့လိုပါတယ်...
တွေးကြည့်တတ်ဖို့ လိုပါတယ် ..
..

စိတ်ထဲမှာ တစ်ခုခုကို ဖျပ်ဖျပ်လူး ဖြစ်တယ် ဆိုရင် သတိထားပြီး အမြဲလိုလို ​ပြန်တွေးပါ .. 
တွေးမိတိုင်းလည်း ဒီအ​တွေးကို စိတ်​ဝင်​စားပါ ..
ငါဟာ တဒင်္ဂဘဝကို ဘယ်လို သဘောထားနဲ့ နေနေတာလဲ ...
အကယ်၍ ငါ့အသက်က လေးငါးထောင်လောက်ရှိပြီ ဆိုရင် ခုလက်ရှိ ဒီကိစ္စကို ဘယ်လို မြင်မလဲ .. ဘယ်လို ခံစားမလဲ...

ဒီတစ်​သက် ​သေသည်​ထိ ဒီအ​တွေးကို အမြဲ စိတ်​ဝင်​စား​နေပါ ​။ တွေး​ပါ။ ခံစားကြည့်ပါ။

လောကကိုလွန်​​မြောက်​​နေတဲ့အ​တွေး ..

တဒင်္ဂဘဝကို လွန်မြောက်နေတဲ့ အတွေးပါ....။

photo : facebook
image

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 58000.61
ETH 3105.20
USDT 1.00
SBD 2.42