နတ်ကော်ဖီ

in #esteemapp6 years ago

image

နတ်ကော်ဖီ

သင်္ကြန်အကြိုနေ့ကပါ လက်ဖက်ရည်ဆိုင်ဝင်ထိုင်တယ်။

“ဘာစားမလဲဦးလေး”

“ဆီချက်တစ်ပွဲပေးပါကွယ်။ ကြက်သားနဲ့။ လက်ဖက်ရည်က ပေါ့ကျ”

ကျွန်တော်ထိုင်နေတဲ့ နေရာက ချက်ပြုတ်နေတဲ့ နေရာကို အတိုင်းသား

“ဆီချက်တစ်ပွဲ ကြက်သား”

“ရှမ်းခေါက်ဆွဲ ဝက်သား”

ကလေးတွေကမှာနေတယ်။ တစ်ပွဲပြီးတစ်ပွဲ။ ကျွန်တော်ကြည့်နေတယ်။ ကြက်သားဆိုလည်း အဲဒီ ခွက်ထဲက အသားကို တစ်ဇွန်းကော်၊ ဝက်သားဆိုလည်း အဲဒီ ခွက်ထဲကပဲ တစ်ဇွန်းကော်။ ဘာမှာမှာ ဒါပဲ။

ကျွန်တော့်ရှေ့ကိုလာချတဲ့ပွဲ စားသင့်၊ မစားသင့် စဉ်းစားနေရတယ်။

ကျွန်တော်ခြေလေးချောင်းသား မစားတာကြာပါပြီ။ ငါးနဲ့ကြက်သား နှစ်မျိုးပဲစားတယ်။ ခြေလေးချောင်းသား ရှောင်တာက ဘာသာရေးတွေ၊ အယူတွေနဲ့ မဆိုင်ပါဘူး။ စားလို့မရလို့ကို မစားတော့တာ။ ကျန်းမာရေးကြောင့် ရှောင်တာ။ ခု ကျွန်တော့်ရှေ့ လာချတာ ဝက်သားလား၊ ကြက်သားလား။

မစားချင်တော့တာနဲ့ ဒီအတိုင်းထားပြီး လက်ဖက်ရည်သောက်လိုက်တယ်။

“ဖူး”

မှုတ်ထုတ်လိုက်မိတယ်။ ချိုလိုက်တာမှ နို့ဆီတွေ သောက်နေရတဲ့အတိုင်းပဲ
တော်ပါပြီ။ ကျသင့်ငွေရှင်းပြီးထွက်ခဲ့တယ်။ ၂၄ နာရီဖွင့်တဲ့ ဆိုင်တစ်ဆိုင်ထဲကိုဝင်။ ကော်ဖီ တူးအင်ဝမ်း၊ သရီးအင်ဝမ်းတွေကလည်း မသောက်ရဲဘူး။ ဟိုတစ်လောကပဲ အထုပ်ထဲမှာ ဘာတွေ၊ ညာတွေ ထည့်ထား တယ်လို့ သတင်းကြားထားတာ။

“သမီးရေ ကော်ဖီမှုန့်ကောင်းကောင်းလေး မရှိဘူးလား”

“နက်စ်ကော်ဖီပဲရှိတယ်ဦး”

နက်စ်ကော်ဖီတစ်ထုပ်က အထုပ်သေး ၄၈ ထုပ်ပါတယ်။ ပြန်တွက်ကြည့်တော့ တစ်ထုပ်မှ ၈၀ ကျပ်လောက်ပဲ ကျတယ်။ သကြားတစ်ထုပ်ဝယ်ပြီးတော့ ပြန်လာတယ်။

image

အိမ်ပြန်ရောက်တော့ နက်စ်ကော်ဖီနှစ်ထုပ်ဖောက်၊ ရေနွေးထဲထည့်၊ သကြားနည်းနည်းထည့်။ ဘလက်ကော်ဖီ ပေါ့။ လက်ဖက်ရည် မသောက်ခဲ့ရတာကြောင့် အငန်းမရ သောက်လိုက်မိတယ်။ ဘာဖြစ်သလဲ ခုတော့ ခေါင်း ကြည်သွားတာပဲ။ တစ်ခွက်မှ ၂၀၀ လောက်ပဲကျတယ်။

ခါးသက်သက်နဲ့ ကောင်းလိုက်တာ။ ဒါဟာ ငါ ဆိုင်တွေမှာဆိုရင် တစ်ခွက် ၈၀၀ ပေးပြီး သောက်နေရတဲ့ အရသာနဲ့ အတူတူပါလား။ ဘာရယ်မဟုတ်ပါဘူး။ ကျွန်တော်လည်း ခါးခါးတူးတူး ခေါင်းထဲရှင်း သွားရင် ကြိုက်တာပါ။

ကော်ဖီသောက်နေရင်း ဘာကို သွားသတိရသလဲဆိုတော့ ဆရာ နေဝင်းမြင့်ရဲ့ ဇာတ်လိုက် ချန်ထွန်းအောင်။ ချန်ထွန်းအောင်လည်း နတ်ကော်ဖီ (နက်စ်ကော်ဖီ) ကို စွဲလန်းပြီးသေတာ။

ဘာပြောပြော ဒီနေ့ဆိုရင် သုံးရက်ရှိပြီ။ ဘာဆိုင်မှ မထိုင်ဘဲ အိမ်မှာနေပြီး နတ်ကော်ဖီခါးခါး၊ ပဲပြုတ်နဲ့ ထမင်း၊ နွားနို့နဲ့ထမင်း တစ်လှည့်စီစားသောက်ပြီးနေတာ။ ဒီလိုလည်းရတာပဲ။

ဒီအတိုင်းဆက်ကျင့်ပြီး ဆိုင်တွေကို သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကပဲ ဘာဖြစ်နေလို့လား၊ သူတို့ကပဲ ဘာဖြစ်နေလို့လဲမသိ။ တဖြည်းဖြည်းနဲ့ ဧကစရိယာကျင့်သူဖြစ်မှန်းမသိဖြစ်လာ၊ ရွာပြင်ထွက်ဖို့ပဲကျန်တော့သဗျာ။

တင်ညွန့်

photo : facebook

image

Sort:  

Hi, thank you for contributing to Steemit! I just followed you! Thanks for creating High Quality content! Follow back and we can help each other succeed :) Check out My Latest Post

Beware of this spammer ... he doesnot follow you and spamming the same content ... ( spam attack ) download (26).png

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.025
BTC 54852.52
ETH 2440.67
USDT 1.00
SBD 2.18