ခေတ်သစ်အပြေးသမား

in #esteemapp6 years ago

image

ခေတ်သစ်အပြေးသမား

လူတိုင်း သူသန်ရာသန်ရာ ရူးကြတာပဲ။ ဒါပေမဲ့ ကိုယ်ရူးတဲ့အပေါ်မှာတော့ ကျွန်တော် အမြဲသာယာတယ်။ ကျွန်တော်က

စာရူး

နည်းပညာရူး

ဒါပါပဲ

ဒီအသက်အရွယ်အထိ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ဖဲမရိုက်၊ မိန်းမ မလိုက်စား၊ အပေါင်းအသင်း လည်းမသိ၊ ပိုင်ဆိုင်မှုလည်းမရှိ

ကိုယ့်မှာရှိတာဆိုလို့ လေ့လာသင်ယူနေတဲ့ ပညာပဲရှိတယ်။ ဒါပေမဲ့ ပညာရှိ မဟုတ်ဘူး။ ပညာရှာ

ကိုယ်သိထားတာလေးတွေတော့ မိတ်ဆွေတွေကို မျှဝေပေးမိတယ်။ ဒါကလည်း ကျောင်းဆရာ လုပ်ဖူးတော့ ပညာစိတ်အခံကြောင့်ပေါ့။

ကျွန်တော့်ကို လူငယ်နှင့်အတွေးအမြင်ဆိုတဲ့ စာအုပ်က ကောင်းကျိုးအများကြီးပြုပါတယ်။ ရန်ကုန်ကို ရောက်လာမှ အငတ်ငတ် အပြတ်ပြတ်နဲ့ လောကကို ရင်ဆိုင်ရင်း “လူငယ်နှင့်အတွေးအမြင်” ကို ရေးဖြစ်တယ်။ စာမူခရတယ်။ အဆင်ပြေတယ်။ စာပေဆုရတယ်။ ထပ်အဆင်ပြေတယ်။ မကြာသေးမီက အဲဒီစာအုပ်ကို ဒုတိယအကြိမ် ပြန်ထုတ်ချင်တယ်ဆိုပြီး Wisdom House ကထပ်ပြောတယ်။ စာမူခထပ်ရပြန်တယ်။

image

ဒီတစ်ကြိမ်ရတဲ့ စာမူခရယ်၊ အရင်က “ဦးသန်းရွှေ၏ယတြာများ” စာအုပ်တုန်း ရတဲ့ စာမူခတွေကို ပေါင်းပြီး တော့ ဒီနေ့တော့ laptop လေးတစ်လုံး သွားဝယ်ပစ်လိုက်တယ်။
ဒါလေးက ၁၃ လက်မဆိုတော့ သွားရင်းလာရင်း ကိုင်လို့အဆင်ပြေတယ်။ ကျွန်တော်က ရောက်တဲ့နေရာမှာ စာရေးချင်တဲ့ကောင်ဆိုတော့ ဒီလို သေးသေးလေးတစ်လုံး လိုချင်နေတာကြာပြီ။ နောက်ပြီးတော့ ခုတစ်လော မီးကလည်း ခဏ ခဏပျက်။ နောက်ပိုင်း မိုးတွင်းပိုဆိုးတော့မယ်။

အဆိုးဆုံးက

စာရေးချင်နေတဲ့ အချိန်မှာ မီးကမလာလို့ အမှောင်ထဲ ငုတ်တုတ်ထိုင်ပြီး ခြင်ကိုက်ခံနေရတဲ့ဘဝ

ကွန်ပျူတာလေးဖွင့်ပြီး စာရေးနေရရင် ခြင်ကိုက်တာလည်း မေ့ချင် မေ့နေတတ်တာပါ။

သူများတွေကတော့ ပိုက်ဆံလေး လက်ထဲရှိလာရင် ဘာလုပ်သလဲ မပြောတတ်ဘူး။ ကျွန်တော်ကတော့ ပိုက်ဆံလေး လက်ထဲရှိလာရင် ကွန်ပျူတာနဲ့ နည်းပညာကို ရူးချင်ချင်
ဒီနေ့တော့ ဒါလေးတစ်လုံး ဝယ်သုံးလိုက်တယ်ဗျာ

လက်ထဲ တစ်ပြားမှ မကျန်လည်း လုပ်ချင်တာ လုပ်နေရတာကြောင့် ဘယ်တော့မှ နောင်တ မရပါဘူး။

ဘာပြောပြော

ကျွန်တော်ကတော့ Robert M. Pirsig ပြောတဲ့ စကားလေးတစ်ခွန်း အရမ်းကြိုက်တယ်

If you run from technology, it will chase you.

ကိုယ်က ထွက်ပြေးလို့ ရတဲ့ခေတ် မဟုတ်ဘူးဗျ။ ကိုယ်ကပြေးရင် သူက လိုက်မှာ။ ဒါကြောင့် ကိုယ်ကပဲ သူ့ကို လိုက်ဖမ်းတယ်။ သူလိုက်ဖမ်းတာတော့ မခံဘူး။

တင်ညွန့်

photo : facebook

image

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.025
BTC 55258.26
ETH 2459.89
USDT 1.00
SBD 2.19