ပညာမလင်းနိုင်

in #esteemapp6 years ago

image

နယ်မြို့တွေအများစုမှာ အရပ်လူနေအိမ် RCC Buildings တွေဆောက်ကြတဲ့အခါ အင်ဂျင်နီယာကြီးကြပ်မပါ။ အင်ဂျင်နီယာ Archi-design, structure design တို့မပါဘဲ ပန်းရံ၊ လက်သမား၊ သံချီသဲကွေးဆရာများနှင့်သာ ဆောက်လေ့ရှိသည်။ သူတို့၏ ခံယူချက်မှာ ပညာရှင်အတွက်ကုန်ကျစရိတ်ကို မခံချင်ကြသဖြင့် အပိုကုန်တာပါပဲ၊ အင်ဂျင်နီယာမပါလည်း ဘာမှမဖြစ်ဘူး။ ဘိလပ်မြေပိုထည့်၊ သံချောင်း ပိုထည့်ရင် ခိုင်တာပါပဲ လို့ ပြောကြ၏။ ထိုအတွေးကို လေဘာခေါင်းဆောင်တွေကလည်း ထောက်ခံ အားပေးကြပြန်၏။

အရပ်က ကိုယ့်အိမ်ကိုယ်ဆောက်တာ အင်ဂျင်နီယာမပါလည်း ရပေမယ့် ဌာနဆိုင်ရာတစ်ခုအတွက် အဆောက်အဦးဆောက်မယ်ဆို အင်ဂျင်နီယာ ပါကို ပါကြရသည်။ ဆောက်လုပ်မည့်ဌာနမှာ အင်ဂျင်နီယာမရှိလျှင် Tender ခေါ်၍ ဆောက်ကြရသည်။ ဌာနမှာ အင်ဂျင်နီယာရှိလျှင် ဆောက်လုပ်မည့် ဒီဇိုင်းကို ကိုယ်တိုင်ဆွဲပြီး အထက်ဌာနကို အတည်ပြုချက် ယူရ၍ ဆောက်လုပ်ကြသည်။

တစ်လောက ဌာနတစ်ခုက ၂ထပ် RC ရုံး ပန္နက်ရိုက်တာ ဖိတ်လို့ သွားကြည့်သည်။ ဌာနအင်ဂျင်နီယာက ဆွဲသော ဒီဇိုင်းဖြစ်သည်။ drawing ကိုကြည့်ပြီး သူတို့အတွေ့အကြုံနဲ့ ပညာကို ချီးကြူးမိသည်။ drawing က ဖြစ်ကတတ်ဆန်း အလွန်နိုင်သည်။
ပေ ၄၀၊ ၅၀ ပတ်လည် RC ၂ထပ်ကို Footing တွေအားလုံးက 3 ft ပတ်လည်နှင့် d က 9 in ပဲ design လုပ်ထားသည်။ ကျွန်တော်က မနေနိုင်၍ အပြင်ပတ်လည်တွေကို 4ft ပတ်လည်လောက်လုပ်ပြီး၊ continuous support column တွေကို 5ft or 6ft ပတ်လည်လုပ်လိုက်ပါလို့ ပြောခဲ့သည်။

RC အဆောက်အဦတစ်ခု ဆောက်တော့မယ်ဆို foundation က အလွန်အရေးကြီးသည်။ foundation မှာမှ Footing သည် အရေးအပါဆုံးဖြစ်၏။ အဆောက်အဦတစ်ခုလုံး၏ superstructure ရှိ members အားလုံး၏ အလေးဝန်ကို တိုင်တွေက ထမ်းထားပြီး ထိုဝန်အားလုံးကို အောက်ခံမြေကြီးပေါ်ကို Load transfer လုပ်ပေးရတာက Footings တွေပါ။ ဒါကြောင့် Footing မှာ ပြဿနာရှိရင် အဆောက်အဦကြီး တစ်ခုလုံး ထိခိုက်နိုင်ပါတယ်။

ကျွန်တော်သည် structure engineer မဟုတ်ပါ။ structure ပိုင်းလည်း မကျွမ်းကျင်ပါ။ သို့သော် construction engineer သည်လည်း structure ကို စိတ်ဝင်စားပြီး အနည်းအကျဥွ်း သိထားဖို့ လိုပါမည်။ အခု ကျွန်တော် အဆောက်အဦတစ်ခုရဲ့ Footing ကို အကြမ်းဖျင်း ခန့်မှန်းတွက်ချက်တာကို တင်ပြပါမည်။
RC နှစ်ထပ်အတွက် column က ထမ်းမည့် ၀န်ကို တန်(၆၀) ထားတွက်ပါမည်။ တန်(၆၀) သည် နမူနာတွက်ရန် (Dead Load; Roof slab, Floor slab, Beams, Column တို့၏ concrete unit weight များ၊ Brick partition wall weight များ၊ Live Loads) ကို ခန့်မှန်းယူထားခြင်းဖြစ်သည်။ ထို တန်(၆၀)သည် ultimate stress အဖြစ် design လုပ်ခြင်းဖြစ်ပြီး allowable သည် ထိုထက် လျော့ပေမည်။

Design Information

Column = 12" × 12"
Point Load = 60 tons
Inset = 2.5"
Sp = 150 psi
Soil bearing capacity = 1.5 ton/sqft
ဗန်းမော်မှာ ကျွန်တော်ဆောက်ခဲ့ဘူးသော ၃ထပ်နှင့်အထက် အဆောက်အဦများကို Soil test စမ်းရာတွင် sbc result 1.4 မှ 1.7 အတွင်း ရသည့်အတွက် 1.5 ton/sqft ကို ယူပါသည်။

image

အထက်ပါအချက်များဖြင့် Square Footing ကို design လုပ်ပါမည်။

L = root of W/ Pb = 60/1.5 = 6.32' , Say 6'-6"

Footing size သည် 6'-6" × 6'-6" ဖြစ်မည်။ အထူကို ဆက်ရှာမည်။

df = W/4D Sp (L^2 - D^2/L^2)

   = 60 × 2240/ 4 × 12 × 150 ( 78^2 - 12^2 / 78^2)
   = 19.1 in say, 20 in

Inset = 2.5 in
Effective d = 20 - 2.5 = 17.5 in

Effective d ကို checking လုပ်ဖို့

M = W/8 ( L - D )

    = 60 × 2240/8 ( 78 - 12 )

    = 1108800 lb-in

Check for eff depth,

 d = root of M/ QL =  root of 1108800/126 × 78
    = 10.62 in < 17.5 in 

Use 17.5", it is safe.

နောက်တစ်ဆင့်က At = M/ fs j d formula နဲ့ steel area ရှာပြီး steel diameter နဲ့ ထည့်ရမယ့် အချောင်းရေကို ရှာလို့ ရပါပြီ။

အောက်ပါပုံတွေက ၃ထပ် RC တစ်လုံးရဲ့ ခန်းဖွင့်နဲ့ structure engineer ကိုအပ်ပြီး design လုပ်ထားတဲ့ details footing ပုံလေးတွေကို နှိုင်းယှဉ်လေ့လာဖို့ တင်ပြပေးလိုက်ပါတယ်။

အတွေးတစ်ခု အမြင်တစ်ရပ်ရပါစေဆိုတဲ့ စေတနာနဲ့ တင်ပြခြင်းသာဖြစ်ပါသည်။
Crd to op
photo : google

image

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 60578.94
ETH 2625.05
USDT 1.00
SBD 2.54